"အလှအပ ခွဲစိတ်ပြုပြင်ရေးဆိုင်ရာ တရုတ်အပလီကေးရှင်းတွေ အင်မတန် လူကြိုက်များနေရတဲ့ အကြောင်းရင်း" (ထူးခြားသုတဆောင်းပါး)

 740

ဝတီ (NP News) - ဒီဇင်ဘာ ၂၇

လှအောင် ခွဲစိတ်ပြုပြင်ထားတဲ့ တရုတ်အမျိုးသမီးအရေအတွက်ဟာ လျော့သွားတယ်လို့မရှိပဲ တဟုန်ထိုးပဲ တိုးပွားလာနေပါတယ်။ တရုတ်မတွေက မျက်လုံး ဝိုင်းအောင်၊ နှာတံပေါ်အောင်၊ ခြေတံသွယ်အောင် အဓိက လုပ်ကြလေ့ရှိတာပါ။ သူတို့တွေက ဂျပန်ကာတွန်းအရုပ်မလေးတွေ၊ ကေပေါ့ပ် အဆိုတော်မလေးတွေ၊ အ နောက်တိုင်းက နာမည်ကျော်မိန်းမလှလေးတွေကို နမူနာယူပြီး အဲဒီအတိုင်းဖြစ်အောင် ခွဲစိတ်ကြတာပါ။ ခွဲစိတ်ပြုပြင်သူဦးရေ ဒီလောက်အထိအောင် များလာရတဲ့အကြောင်းရင်းတွေရှိပြီး အဲဒီအကြောင်းရင်းတွေထဲက တစ်ခုကတော့ ဆိုးယန်း (So-Young) နဲ့ ဂန်မီ(GengMei)လိုမျိုး အက်ပလီကေးရှင်းတွေပါ။ ဒီအပလီကေးရှင်းက ဘာတွေကောင်းလို့ ပေါက်နေရသလဲဆိုရင်တော့ အခုပြောပြသွားမယ့် အ ချက်တွေကြောင့်ပါ။

အဲဒီအပလီကေးရှင်းနဲ့ဆိုရင် မခွဲစိတ် မပြုပြင်မီပုံနဲ့ ခွဲစိတ်ပြုပြင်ပြီးပုံကို နှိုင်းယှဉ်ကြည့်လို့ရပါတယ်။ ပြီးတော့ ဆရာဝန်ကြီးတွေနဲ့ ခွဲစိတ်ပြုပြင်ချင်ရင် အဲဒါနဲ့ဘိုကင် တင်လို့ရပါတယ်။ နောက်ထပ် အရေးအကြီးဆုံးအချက်ကတော့ အလှအပခွဲစိတ်ပြုပြင်မှုအတွက် အဲဒီအပလီကေးရှင်းကနေတစ်ဆင့် ချေးငွေ လျှောက်ထားလို့ရတာပါပဲ။ တရုတ်မှာ အထူးသဖြင့် တရုတ်မြို့သေးသေးလေးတွေမှာက ဒီလိုခွဲစိတ်ပြုပြင်ချင်တယ်ဆိုရင် ဘယ်ဆေးရုံဆေးခန်းက ကောင်းသလဲဆိုတာ လိုက်စုံစမ်းရတာ သိပ်ခက်ပါသတဲ့။ အင်တာနက် search engine က ရှာလို့ရလာတဲ့ ရလဒ်တွေကိုလည်း လူတွေက အရင်လို မယုံကြတော့ပါဘူး။ အင်တာနက် search engine ကရှာလို့ သိလာရတဲ့ ဆေးရုံဆေးခန်းတွေမှာ သွားခွဲစိတ်ပြုပြင်လိုက်တာ လှမလာဘဲ ပုံပျက်ပန်းပျက် ဖြစ်သွားတာတွေ ရှိလာတဲ့အတွက် တရုတ်တွေက search engine ကို အားမကိုးကြတော့တာပါ။ ဒါကြောင့် စိတ်ချရတဲ့ ဆရာဝန်တွေကို ညွှန်းပေးဖို့ ဒီအပလီကေးရှင်းတွေကိုပဲ လူတွေက အားကိုးလာကြပါတော့တယ်။

အလှအပ ခွဲစိတ်ပြုပြင်တဲ့ တရုတ်အမျိုးသမီးတွေထဲမှာ ထက်ဝက်ကျော်ဟာ အသက် ၂၆ နှစ်အောက်တွေ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာဆိုရင်
အလှအပခွဲစိတ်ပြုပြင်တဲ့ လူတွေထဲမှာ အသက် ၃ဝ နှစ်အောက်ရယ်လို့ ၆ ရာခိုင် နှုန်းပဲ ရှိပါတယ်။ အိမ်ထောင်ဖက်ရှာတဲ့ နေရာမှာ၊ အလုပ်ရှာတဲ့ နေရာမှာ လူအများကြား ထင်ရှားနေစေဖို့အခုလို ခွဲစိတ်ပြုပြင်ကြရတာဖြစ်တယ်လို့ တရုတ်မိန်းက လေးတွေက ဆိုပါတယ်။ တရုတ်က အခုထက်ထိ အမျိုးသားကြီးစိုးတဲ့ လူမှုပတ်ဝန်း
ကျင်ဖြစ်နေတာကြောင့်မို့ မိန်းကလေးတစ်ယောက် ချောနေ၊ လှနေမှသာ လုပ်ငန်းခွင်မှာလည်း အောင်မြင်နိုင်ချေများမယ်၊ လင်ကောင်းသားကောင်းလည်းရနိုင်ချေများမယ်၊ ဒါကြောင့် မိန်းကလေးတွေ ဒီလောက်အထိ ခွဲစိတ်ပြုပြင်နေကြတာလို့ ဒီဈေးကွက်ကို လေ့လာနေတဲ့ ကျွမ်းကျင်သူတွေကဆိုပါတယ်။

ဒီလိုတရုတ်မိန်းကလေးတွေကြားမှာ ဂန်မီ(GengMei)ဆိုတဲ့ အက်ပလီကေးရှင်းက မရှိမဖြစ် ဖြစ်လာပါတော့တယ်။ ဂန်မီဟာ သုံးစွဲသူပေါင်း (၃၆)သန်းအထိတောင် ရှိနေပါပြီ။ အဲဒီပလက်ဖောင်းမှာအလှအပခွဲစိတ်ဆရာဝန်ပေါင်း နှစ်သောင်းနီးပါး ရှိပါတယ်။

ဆိုးယန်း (So-Young)ကတော့ သုံးစွဲသူ နှစ်သန်းခွဲလောက် ရှိပါတယ်။ အဲဒီအက်ပလီကေးရှင်းတွေမှာဆိုရင် မခွဲသေးမီပုံ၊ ခွဲစိတ်ပြီးသွားပုံတွေကို မြင်တွေ့ရမှာဖြစ်ပြီး ကာယကံရှင်မိန်းကလေးတွေရဲ့ထောက်ခံပြောကြားချက်တွေ၊ ဘယ်ဆရာဝန်က ဘယ်လိုကောင်းတယ်ဆိုတဲ့ ထောက်ခံချက်တွေကိုပါ မြင်တွေ့ရဦးမှာပါ။ ပြီးတော့ ကိုယ့်မျက်နှာ ဟိုဘက်ခြမ်းနဲ့ ဒီဘက်ခြမ်း ညီ၊ မညီ၊ ဘယ်နေရာက လှတယ်၊ မလှဘူး၊ ဘယ်နေရာကို ခွဲစိတ်ပြုပြင်လိုက်ရင်တော့ ပိုလှသွားမယ် ဆိုတာတွေကိုလည်းအပလီကေးရှင်းက ပြောပြပေးသွားဦးမှာပါ။ ဒါကြောင့် အဲဒီအပလီကေးရှင်းနဲ့ဆို အိမ်ပေါ်ကနေ ခြေတစ်လှမ်းမှ လှမ်းစရာ မလိုဘဲ ကိုယ် သိချင်တာအားလုံး အလွယ် တကူ သိနိုင်ပြီပေါ့။ တရုတ်ကျောင်းသူလေးတွေဟာ စာသင်နှစ် အသစ် မစခင် နွေရာသီကျောင်းပိတ်ရက်တွေမှာဆိုရင် အဓိက ခွဲစိတ်ပြုပြင်ကြပါသတဲ့။ အဲဒီ အချိန်တွေမှာဆို အလှအပ ဆေးရုံ၊ ဆေးခန်းတွေကလည်း လျှော့ဈေးတွေပေးပါ တယ်။ ဒီတော့ ကျောင်းသူလေးတွေက လျှော့ဈေးရအောင်အုပ်စုလိုက်လာပြီး ခွဲစိတ်ပြုပြင်ကြပါတော့သတဲ့။ သာမန်ဆေးခန်းလေးတွေမှာတော့ မျက်ရစ်ဖော်တာဟာ (၁၄၂)ဒေါ်လာလောက်ပဲ ကျပါတယ်။ ဒီ့ထက် တတ်နိုင်တဲ့လူတွေကတော့ တောင်ကိုရီးယား၊ ထိုင်း ဒါမှမဟုတ် ဟောင်ကောင်ကိုသွားပြီး အလှအပ ခွဲစိတ်ပြုပြင်ကြပါတယ်။ ပိုက်ဆံရှိတဲ့ တရုတ်အသိုင်းအဝိုင်းက မိန်းကလေးတွေက နိုင်ငံခြားက ဆရာဝန်တွေကိုမှပိုအထင်ကြီးကြတာပါ။ ဒါကြောင့် ငွေကုန်ကြေးကျခံပြီး နိုင်ငံခြားအထိသွားခွဲစိတ်ကြတာဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ မိန်းက လေးတွေဟာ နဂိုရှိရင်းစွဲထက် ပိုလှလာအောင်လောက်ပဲ လုပ်တာမျိုး မဟုတ်တော့ဘဲ ကိုယ့်ရုပ်ကို လုံးဝကို ပြောင်းပစ်ချင်လာကြတယ်လို့ ဟောင်ကောင်ကနာမည် ကျော် အလှအပ ခွဲစိတ်ဆရာဝန်ကြီးတစ်ယောက်က ဆိုပါတယ်။ တရုတ်မိန်းက လေးတွေဟာ တရုတ်မင်းသမီးတွေထဲမှာဆိုရင် အိန်ဂျလာဘေဘီ (Angelababy) နဲ့ ဖန်ပင်းပင်း (Fan Bingbing) တို့လို ရုပ်မျိုးဖြစ်အောင် ခွဲစိတ်ကြလေ့ရှိပါသတဲ့။

ဒါပေမဲ့ ခွဲစိတ်ပြုပြင်လိုက်တိုင်း မင်းသမီးလေးလို လှသွားတာမဟုတ်ဘဲ ခွဲစိတ်ပြု ပြင်လိုက်မှ ပိုဆိုးသွားသူတွေလည်း တစ်ဖက်မှာ ရှိနေပါတယ်။ ခွဲစိတ်ပြုပြင်လိုက်မှ ကျန်းမာရေး ထိခိုက်ပျက်စီးသွားသူတွေ၊ ခွဲစိတ်ပြုပြင်နေရင်းနဲ့ အသက်ဆုံးသွားရသူတွေလည်း ရှိနေပါတယ်။ ဒီလိုမျိုးသတင်းတွေဟာ တရုတ်သတင်းတွေမှာ ပုံမှန်လို လို ပါနေလေ့ရှိပါတယ်။ အထူးသဖြင့် လိုင်စင်မရှိတဲ့ ဆေးခန်းသေးသေးလေးတွေမှာသွားခွဲစိတ်မိရင် ဒီလိုမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုဆေးခန်းတွေကို တရုတ်အစိုးရက စတင်နှိမ်နင်းနေပါပြီ။ ပြီးတော့ လူနာကို ဘဝပျက်သွားစေခဲ့တဲ့ ဆရာဝန်တွေကိုလည်း အမည်ပျက်စာရင်းသွင်းဖို့ စဉ်းစားနေပြီလို့ အစိုးရက ဆိုပါတယ်။ ဘယ်လိုပဲ အန္တရာယ်တွေရှိနေနေ တရုတ်အလှအပခွဲစိတ်ပြုပြင်ရေးလောကကြီးကတော့ ပန်းပန်မြဲပါပဲ။ ခွဲစိတ်ပြုပြင်လိုက်လို့ ဘယ်သူတွေဘယ်လိုထိခိုက်နစ်နာပျက်စီးသွားရတယ်ဆိုတဲ့ သတင်းတွေ ဘယ်လောက်ပဲထွက်နေနေ လှဖို့အတွက်ဆို ဘာပဲလုပ်ရ၊ လုပ်ရ၊ ဘာပဲဖြစ်ဖြစ် ဆိုတဲ့ တရုတ်မိန်းကလေးအရေအတွက်ကတော့ကျမသွားတဲ့အပြင် တိုးပြီးရင်းပဲ တိုးနေလို့ပါပဲ။

zawgyi version
"အလွအပ ခြဲစိတ္ျပဳျပင္ေရးဆိုင္ရာ တ႐ုတ္အပလီေကးရွင္းေတြ အင္မတန္ လူႀကိဳက္မ်ားေနရတဲ့ အေၾကာင္းရင္း" (ထူးျခားသုတေဆာင္းပါး)
ဝတီ (NP News) - ဒီဇင္ဘာ ၂၇

လွေအာင္ ခြဲစိတ္ျပဳျပင္ထားတဲ့ တ႐ုတ္အမ်ိဳးသမီးအေရအတြက္ဟာ ေလ်ာ့သြားတယ္လို႔မရွိပဲ တဟုန္ထိုးပဲ တိုးပြားလာေနပါတယ္။ တ႐ုတ္မေတြက မ်က္လုံး ဝိုင္းေအာင္၊ ႏွာတံေပၚေအာင္၊ ေျခတံသြယ္ေအာင္ အဓိက လုပ္ၾကေလ့ရွိတာပါ။ သူတို႔ေတြက ဂ်ပန္ကာတြန္းအ႐ုပ္မေလးေတြ၊ ေကေပါ့ပ္ အဆိုေတာ္မေလးေတြ၊ အ ေနာက္တိုင္းက နာမည္ေက်ာ္မိန္းမလွေလးေတြကို နမူနာယူၿပီး အဲဒီအတိုင္းျဖစ္ေအာင္ ခြဲစိတ္ၾကတာပါ။ ခြဲစိတ္ျပဳျပင္သူဦးေရ ဒီေလာက္အထိေအာင္ မ်ားလာရတဲ့အေၾကာင္းရင္းေတြရွိၿပီး အဲဒီအေၾကာင္းရင္းေတြထဲက တစ္ခုကေတာ့ ဆိုးယန္း (So-Young) နဲ႔ ဂန္မီ(GengMei)လိုမ်ိဳး အက္ပလီေကးရွင္းေတြပါ။ ဒီအပလီေကးရွင္းက ဘာေတြေကာင္းလို႔ ေပါက္ေနရသလဲဆိုရင္ေတာ့ အခုေျပာျပသြားမယ့္ အ ခ်က္ေတြေၾကာင့္ပါ။

အဲဒီအပလီေကးရွင္းနဲ႔ဆိုရင္ မခြဲစိတ္ မျပဳျပင္မီပုံနဲ႔ ခြဲစိတ္ျပဳျပင္ၿပီးပုံကို ႏႈိင္းယွဥ္ၾကည့္လို႔ရပါတယ္။ ၿပီးေတာ့ ဆရာဝန္ႀကီးေတြနဲ႔ ခြဲစိတ္ျပဳျပင္ခ်င္ရင္ အဲဒါနဲ႔ဘိုကင္ တင္လို႔ရပါတယ္။ ေနာက္ထပ္ အေရးအႀကီးဆုံးအခ်က္ကေတာ့ အလွအပခြဲစိတ္ျပဳျပင္မႈအတြက္ အဲဒီအပလီေကးရွင္းကေနတစ္ဆင့္ ေခ်းေငြ ေလွ်ာက္ထားလို႔ရတာပါပဲ။ တ႐ုတ္မွာ အထူးသျဖင့္ တ႐ုတ္ၿမိဳ႕ေသးေသးေလးေတြမွာက ဒီလိုခြဲစိတ္ျပဳျပင္ခ်င္တယ္ဆိုရင္ ဘယ္ေဆး႐ုံေဆးခန္းက ေကာင္းသလဲဆိုတာ လိုက္စုံစမ္းရတာ သိပ္ခက္ပါသတဲ့။ အင္တာနက္ search engine က ရွာလို႔ရလာတဲ့ ရလဒ္ေတြကိုလည္း လူေတြက အရင္လို မယုံၾကေတာ့ပါဘူး။ အင္တာနက္ search engine ကရွာလို႔ သိလာရတဲ့ ေဆး႐ုံေဆးခန္းေတြမွာ သြားခြဲစိတ္ျပဳျပင္လိုက္တာ လွမလာဘဲ ပုံပ်က္ပန္းပ်က္ ျဖစ္သြားတာေတြ ရွိလာတဲ့အတြက္ တ႐ုတ္ေတြက search engine ကို အားမကိုးၾကေတာ့တာပါ။ ဒါေၾကာင့္ စိတ္ခ်ရတဲ့ ဆရာဝန္ေတြကို ၫႊန္းေပးဖို႔ ဒီအပလီေကးရွင္းေတြကိုပဲ လူေတြက အားကိုးလာၾကပါေတာ့တယ္။

အလွအပ ခြဲစိတ္ျပဳျပင္တဲ့ တ႐ုတ္အမ်ိဳးသမီးေတြထဲမွာ ထက္ဝက္ေက်ာ္ဟာ အသက္ ၂၆ ႏွစ္ေအာက္ေတြ ျဖစ္ပါတယ္။ အေမရိကန္ျပည္ေထာင္စုမွာဆိုရင္
အလွအပခြဲစိတ္ျပဳျပင္တဲ့ လူေတြထဲမွာ အသက္ ၃ဝ ႏွစ္ေအာက္ရယ္လို႔ ၆ ရာခိုင္ ႏႈန္းပဲ ရွိပါတယ္။ အိမ္ေထာင္ဖက္ရွာတဲ့ ေနရာမွာ၊ အလုပ္ရွာတဲ့ ေနရာမွာ လူအမ်ားၾကား ထင္ရွားေနေစဖို႔အခုလို ခြဲစိတ္ျပဳျပင္ၾကရတာျဖစ္တယ္လို႔ တ႐ုတ္မိန္းက ေလးေတြက ဆိုပါတယ္။ တ႐ုတ္က အခုထက္ထိ အမ်ိဳးသားႀကီးစိုးတဲ့ လူမႈပတ္ဝန္း
က်င္ျဖစ္ေနတာေၾကာင့္မို႔ မိန္းကေလးတစ္ေယာက္ ေခ်ာေန၊ လွေနမွသာ လုပ္ငန္းခြင္မွာလည္း ေအာင္ျမင္ႏိုင္ေခ်မ်ားမယ္၊ လင္ေကာင္းသားေကာင္းလည္းရႏိုင္ေခ်မ်ားမယ္၊ ဒါေၾကာင့္ မိန္းကေလးေတြ ဒီေလာက္အထိ ခြဲစိတ္ျပဳျပင္ေနၾကတာလို႔ ဒီေဈးကြက္ကို ေလ့လာေနတဲ့ ကြၽမ္းက်င္သူေတြကဆိုပါတယ္။

ဒီလိုတ႐ုတ္မိန္းကေလးေတြၾကားမွာ ဂန္မီ(GengMei)ဆိုတဲ့ အက္ပလီေကးရွင္းက မရွိမျဖစ္ ျဖစ္လာပါေတာ့တယ္။ ဂန္မီဟာ သုံးစြဲသူေပါင္း (၃၆)သန္းအထိေတာင္ ရွိေနပါၿပီ။ အဲဒီပလက္ေဖာင္းမွာအလွအပခြဲစိတ္ဆရာဝန္ေပါင္း ႏွစ္ေသာင္းနီးပါး ရွိပါတယ္။

ဆိုးယန္း (So-Young)ကေတာ့ သုံးစြဲသူ ႏွစ္သန္းခြဲေလာက္ ရွိပါတယ္။ အဲဒီအက္ပလီေကးရွင္းေတြမွာဆိုရင္ မခြဲေသးမီပုံ၊ ခြဲစိတ္ၿပီးသြားပုံေတြကို ျမင္ေတြ႕ရမွာျဖစ္ၿပီး ကာယကံရွင္မိန္းကေလးေတြရဲ႕ေထာက္ခံေျပာၾကားခ်က္ေတြ၊ ဘယ္ဆရာဝန္က ဘယ္လိုေကာင္းတယ္ဆိုတဲ့ ေထာက္ခံခ်က္ေတြကိုပါ ျမင္ေတြ႕ရဦးမွာပါ။ ၿပီးေတာ့ ကိုယ့္မ်က္ႏွာ ဟိုဘက္ျခမ္းနဲ႔ ဒီဘက္ျခမ္း ညီ၊ မညီ၊ ဘယ္ေနရာက လွတယ္၊ မလွဘူး၊ ဘယ္ေနရာကို ခြဲစိတ္ျပဳျပင္လိုက္ရင္ေတာ့ ပိုလွသြားမယ္ ဆိုတာေတြကိုလည္းအပလီေကးရွင္းက ေျပာျပေပးသြားဦးမွာပါ။ ဒါေၾကာင့္ အဲဒီအပလီေကးရွင္းနဲ႔ဆို အိမ္ေပၚကေန ေျခတစ္လွမ္းမွ လွမ္းစရာ မလိုဘဲ ကိုယ္ သိခ်င္တာအားလုံး အလြယ္ တကူ သိႏိုင္ၿပီေပါ့။ တ႐ုတ္ေက်ာင္းသူေလးေတြဟာ စာသင္ႏွစ္ အသစ္ မစခင္ ေႏြရာသီေက်ာင္းပိတ္ရက္ေတြမွာဆိုရင္ အဓိက ခြဲစိတ္ျပဳျပင္ၾကပါသတဲ့။ အဲဒီ အခ်ိန္ေတြမွာဆို အလွအပ ေဆး႐ုံ၊ ေဆးခန္းေတြကလည္း ေလွ်ာ့ေဈးေတြေပးပါ တယ္။ ဒီေတာ့ ေက်ာင္းသူေလးေတြက ေလွ်ာ့ေဈးရေအာင္အုပ္စုလိုက္လာၿပီး ခြဲစိတ္ျပဳျပင္ၾကပါေတာ့သတဲ့။ သာမန္ေဆးခန္းေလးေတြမွာေတာ့ မ်က္ရစ္ေဖာ္တာဟာ (၁၄၂)ေဒၚလာေလာက္ပဲ က်ပါတယ္။ ဒီ့ထက္ တတ္ႏိုင္တဲ့လူေတြကေတာ့ ေတာင္ကိုရီးယား၊ ထိုင္း ဒါမွမဟုတ္ ေဟာင္ေကာင္ကိုသြားၿပီး အလွအပ ခြဲစိတ္ျပဳျပင္ၾကပါတယ္။ ပိုက္ဆံရွိတဲ့ တ႐ုတ္အသိုင္းအဝိုင္းက မိန္းကေလးေတြက ႏိုင္ငံျခားက ဆရာဝန္ေတြကိုမွပိုအထင္ႀကီးၾကတာပါ။ ဒါေၾကာင့္ ေငြကုန္ေၾကးက်ခံၿပီး ႏိုင္ငံျခားအထိသြားခြဲစိတ္ၾကတာျဖစ္ပါတယ္။ အခုေနာက္ပိုင္းမွာေတာ့ မိန္းက ေလးေတြဟာ နဂိုရွိရင္းစြဲထက္ ပိုလွလာေအာင္ေလာက္ပဲ လုပ္တာမ်ိဳး မဟုတ္ေတာ့ဘဲ ကိုယ့္႐ုပ္ကို လုံးဝကို ေျပာင္းပစ္ခ်င္လာၾကတယ္လို႔ ေဟာင္ေကာင္ကနာမည္ ေက်ာ္ အလွအပ ခြဲစိတ္ဆရာဝန္ႀကီးတစ္ေယာက္က ဆိုပါတယ္။ တ႐ုတ္မိန္းက ေလးေတြဟာ တ႐ုတ္မင္းသမီးေတြထဲမွာဆိုရင္ အိန္ဂ်လာေဘဘီ (Angelababy) နဲ႔ ဖန္ပင္းပင္း (Fan Bingbing) တို႔လို ႐ုပ္မ်ိဳးျဖစ္ေအာင္ ခြဲစိတ္ၾကေလ့ရွိပါသတဲ့။

ဒါေပမဲ့ ခြဲစိတ္ျပဳျပင္လိုက္တိုင္း မင္းသမီးေလးလို လွသြားတာမဟုတ္ဘဲ ခြဲစိတ္ျပဳ ျပင္လိုက္မွ ပိုဆိုးသြားသူေတြလည္း တစ္ဖက္မွာ ရွိေနပါတယ္။ ခြဲစိတ္ျပဳျပင္လိုက္မွ က်န္းမာေရး ထိခိုက္ပ်က္စီးသြားသူေတြ၊ ခြဲစိတ္ျပဳျပင္ေနရင္းနဲ႔ အသက္ဆုံးသြားရသူေတြလည္း ရွိေနပါတယ္။ ဒီလိုမ်ိဳးသတင္းေတြဟာ တ႐ုတ္သတင္းေတြမွာ ပုံမွန္လို လို ပါေနေလ့ရွိပါတယ္။ အထူးသျဖင့္ လိုင္စင္မရွိတဲ့ ေဆးခန္းေသးေသးေလးေတြမွာသြားခြဲစိတ္မိရင္ ဒီလိုမ်ိဳး ျဖစ္တတ္ပါတယ္။ ဒီလိုေဆးခန္းေတြကို တ႐ုတ္အစိုးရက စတင္ႏွိမ္နင္းေနပါၿပီ။ ၿပီးေတာ့ လူနာကို ဘဝပ်က္သြားေစခဲ့တဲ့ ဆရာဝန္ေတြကိုလည္း အမည္ပ်က္စာရင္းသြင္းဖို႔ စဥ္းစားေနၿပီလို႔ အစိုးရက ဆိုပါတယ္။ ဘယ္လိုပဲ အႏၲရာယ္ေတြရွိေနေန တ႐ုတ္အလွအပခြဲစိတ္ျပဳျပင္ေရးေလာကႀကီးကေတာ့ ပန္းပန္ၿမဲပါပဲ။ ခြဲစိတ္ျပဳျပင္လိုက္လို႔ ဘယ္သူေတြဘယ္လိုထိခိုက္နစ္နာပ်က္စီးသြားရတယ္ဆိုတဲ့ သတင္းေတြ ဘယ္ေလာက္ပဲထြက္ေနေန လွဖို႔အတြက္ဆို ဘာပဲလုပ္ရ၊ လုပ္ရ၊ ဘာပဲျဖစ္ျဖစ္ ဆိုတဲ့ တ႐ုတ္မိန္းကေလးအေရအတြက္ကေတာ့က်မသြားတဲ့အျပင္ တိုးၿပီးရင္းပဲ တိုးေနလို႔ပါပဲ။

Related news

© 2021. All rights reserved.