Johnson & Johnson နဲ့ Merck & Co မှ စမ်းသပ်နေဆဲဖြစ်တဲ့ အီဘိုလာ ကာကွယ်ဆေးများမှာ ကြာရှည်ခံတဲ့ပဋိပစ္စည်းများကို ထုတ်လုပ်နိုင်စွမ်းတွေ့ရှိ

 506

ရောင်နီ (NP News) - ဒီဇင်ဘာ ၂၈

Johnson & Johnson နဲ့ Merck & Co တို့မှ ထုတ်လုပ်တဲ့ အီဘိုလာ ကာကွယ်ဆေးများဟာ ဗိုင်းရပ်စ်ကို တိုက်ထုတ်တဲ့ပဋိပစ္စည်းများကို ကြာရှည် ထုတ်လုပ်နိုင်ပြီး အနောက်အာဖရိကမှာ ပြုလုပ်ခဲ့တဲ့လေ့လာမှုနှစ်ခုမှ အချက်အလက်များအရ ကလေးများနဲ့ လူကြီးများမှာ ထိရောက်တဲ့ ကာကွယ်နိုင်စွမ်း ရှိတာကို တွေ့ရပါတယ်။

ကုမ္ပဏီနှစ်ခုလုံးရဲ့ကာကွယ်ဆေးများဟာ ပထမအကြိမ်ထိုးချက်ပြီးနောက် ၂၄ ရက်အကြာမှာ ပဋိပစ္စည်းများကို ထုတ်လုပ်ပေးနိုင်ခဲ့ပြီး တစ်နှစ်အတွင်း ဆေးထိုးထားတဲ့ ကလေးများနဲ့ လူကြီးများမှာ ပဋိပစ္စည်း အဆင့်အမျိုးမျိုးနဲ့ တွေ့ရှိခဲ့ကြောင်း ဒီဇင်ဘာလ ၂၈ ရက်၊ ဗုဒ္ဓဟူး နေ့က ထုတ်ပြန်ခဲ့တဲ့ လေ့လာမှုများမှ အချက်အလက်များအရ သိရပါတယ်။

ကာကွယ်ဆေးများဟာ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ အီဘိုလာရောဂါနဲ့ ယူဂန်ဒါမှာ အနည်းဆုံး လူ ၅၆ ဦး သေဆုံးခဲ့တဲ့ အီဘိုလာ Zaire ဗိုင်းရပ်စ်ကို ပစ်မှတ်ထား ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။

ဒိန်းမတ် ဆေးထုတ်လုပ်သူ Bavarian Nordic မှ Johnson & Johnson ရဲ့ ကာကွယ်ဆေးကို စမ်းသပ်ခဲ့ပြီး နောက်ထပ် ရှစ်ပတ်အကြာမှာ Merck ရဲ့ ကာကွယ်ဆေးကို စမ်းသပ်ခဲ့ပါတယ်။

“ကာကွယ်ဆေး နှစ်ခုလုံးဟာ ကောင်းမွန်တဲ့ပဋိပစ္စည်းတုံ့ပြန်မှုကိုဖြစ်ပေါ်စေတယ်လို့ ကျွန်တော် ထင်ပါတယ်” လို့ သုတေသီတစ်ဦးနဲ့ United States National Institute of Allergy and Infectious Diseases မှ ဆေးဘက်ဆိုင်ရာ ဒါရိုက်တာတစ်ဦးဖြစ်သူ ဒေါက်တာ H Clifford Lane က ပြောကြားပါတယ်။

Johnson & Johnson ရဲ့ကာကွယ်ဆေးကို ၂ ကြိမ်ထိုးဖို့ လိုအပ်ပေမယ့်လည်း Merck ရဲ့ ထိုးဆေးကိုတော့ တစ်ကြိမ်တည်းသာ ထိုးနိုင်တယ်လို့ Lane က ထပ်လောင်းပြောကြားပါတယ်။ အီဘိုလာ ကာကွယ်ဆေးတွေကို ၂၀၁၇ ခုနှစ်မှာ စတင်စာရင်းသွင်းခဲ့ပေမယ့် စမ်းသပ်ကာလအတွင်းမှာ အီဘိုလာရောဂါကူးစက်ခံထားရသူမရှိတဲ့အတွက် ကာကွယ်ဆေးများမှ ရောဂါကာကွယ်မှုအဆင့်ကို အကဲဖြတ်နိုင်ခြင်းမရှိခဲ့ကြောင်း NIH သုတေသီများက မှတ်ချက်ပြုခဲ့ပါတယ်။ သို့ပေမယ့် အဆိုပါကာကွယ်ဆေးများဟာ ကလေးများနဲ့ လူကြီးများအတွက် ဘေးကင်းကြောင်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

လိုက်ဘေးရီးယား ကျန်းမာရေးဝန်ကြီးဌာန၊ တက္ကသိုလ် လက်တွေ့သုတေသနစင်တာနဲ့ ကာကွယ်ဆေးဖွံ့ဖြိုးတိုးတက်ရေး-မာလီစင်တာတို့ ပူးပေါင်းပြုလုပ်တဲ့စမ်းသပ်မှုမှာ အရွယ်ရောက်ပြီးသူ ၁၄ဝဝ နဲ့ ကလေး ၁၄ဝ၁ ဦးတို့ ပါဝင်ခဲ့ပါတယ်။ အီဘိုလာ Zaire မျိုးကွဲဟာ သေဆုံးနိုင်ခြေ ၉ဝ ရာခိုင်နှုန်းရှိပြီး အီဘိုလာမျိုးကွဲငါးမျိုးမှာ သေဆုံးမှုအမြင့်ဆုံးဖြစ်ပါတယ်။ အီဘိုလာ ကပ်ရောဂါကြောင့် အနောက်အာဖရိကမှာ ၂ဝ၁၄ - ၂ဝ၁၆ ခုနှစ်မှာ လူပေါင်း ၁၁ဝဝဝ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
Johnson & Johnson နဲ႔ Merck & Co မွ စမ္းသပ္ေနဆဲျဖစ္တဲ့ အီဘိုလာ ကာကြယ္ေဆးမ်ားမွာ ၾကာရွည္ခံတဲ့ပဋိပစၥည္းမ်ားကို ထုတ္လုပ္ႏိုင္စြမ္းေတြ႕ရွိ
ေရာင္နီ (NP News) - ဒီဇင္ဘာ ၂၈

Johnson & Johnson နဲ႔ Merck & Co တို႔မွ ထုတ္လုပ္တဲ့ အီဘိုလာ ကာကြယ္ေဆးမ်ားဟာ ဗိုင္းရပ္စ္ကို တိုက္ထုတ္တဲ့ပဋိပစၥည္းမ်ားကို ၾကာရွည္ ထုတ္လုပ္ႏိုင္ၿပီး အေနာက္အာဖရိကမွာ ျပဳလုပ္ခဲ့တဲ့ေလ့လာမႈႏွစ္ခုမွ အခ်က္အလက္မ်ားအရ ကေလးမ်ားနဲ႔ လူႀကီးမ်ားမွာ ထိေရာက္တဲ့ ကာကြယ္ႏိုင္စြမ္း ရွိတာကို ေတြ႕ရပါတယ္။

ကုမၸဏီႏွစ္ခုလုံးရဲ႕ကာကြယ္ေဆးမ်ားဟာ ပထမအႀကိမ္ထိုးခ်က္ၿပီးေနာက္ ၂၄ ရက္အၾကာမွာ ပဋိပစၥည္းမ်ားကို ထုတ္လုပ္ေပးႏိုင္ခဲ့ၿပီး တစ္ႏွစ္အတြင္း ေဆးထိုးထားတဲ့ ကေလးမ်ားနဲ႔ လူႀကီးမ်ားမွာ ပဋိပစၥည္း အဆင့္အမ်ိဳးမ်ိဳးနဲ႔ ေတြ႕ရွိခဲ့ေၾကာင္း ဒီဇင္ဘာလ ၂၈ ရက္၊ ဗုဒၶဟူး ေန႔က ထုတ္ျပန္ခဲ့တဲ့ ေလ့လာမႈမ်ားမွ အခ်က္အလက္မ်ားအရ သိရပါတယ္။

ကာကြယ္ေဆးမ်ားဟာ မၾကာေသးမီက ျဖစ္ပြားခဲ့တဲ့ အီဘိုလာေရာဂါနဲ႔ ယူဂန္ဒါမွာ အနည္းဆုံး လူ ၅၆ ဦး ေသဆုံးခဲ့တဲ့ အီဘိုလာ Zaire ဗိုင္းရပ္စ္ကို ပစ္မွတ္ထား ရည္႐ြယ္ထုတ္လုပ္ထားတာျဖစ္ပါတယ္။

ဒိန္းမတ္ ေဆးထုတ္လုပ္သူ Bavarian Nordic မွ Johnson & Johnson ရဲ႕ ကာကြယ္ေဆးကို စမ္းသပ္ခဲ့ၿပီး ေနာက္ထပ္ ရွစ္ပတ္အၾကာမွာ Merck ရဲ႕ ကာကြယ္ေဆးကို စမ္းသပ္ခဲ့ပါတယ္။

“ကာကြယ္ေဆး ႏွစ္ခုလုံးဟာ ေကာင္းမြန္တဲ့ပဋိပစၥည္းတုံ႔ျပန္မႈကိုျဖစ္ေပၚေစတယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္” လို႔ သုေတသီတစ္ဦးနဲ႔ United States National Institute of Allergy and Infectious Diseases မွ ေဆးဘက္ဆိုင္ရာ ဒါ႐ိုက္တာတစ္ဦးျဖစ္သူ ေဒါက္တာ H Clifford Lane က ေျပာၾကားပါတယ္။

Johnson & Johnson ရဲ႕ကာကြယ္ေဆးကို ၂ ႀကိမ္ထိုးဖို႔ လိုအပ္ေပမယ့္လည္း Merck ရဲ႕ ထိုးေဆးကိုေတာ့ တစ္ႀကိမ္တည္းသာ ထိုးႏိုင္တယ္လို႔ Lane က ထပ္ေလာင္းေျပာၾကားပါတယ္။ အီဘိုလာ ကာကြယ္ေဆးေတြကို ၂၀၁၇ ခုႏွစ္မွာ စတင္စာရင္းသြင္းခဲ့ေပမယ့္ စမ္းသပ္ကာလအတြင္းမွာ အီဘိုလာေရာဂါကူးစက္ခံထားရသူမရွိတဲ့အတြက္ ကာကြယ္ေဆးမ်ားမွ ေရာဂါကာကြယ္မႈအဆင့္ကို အကဲျဖတ္ႏိုင္ျခင္းမရွိခဲ့ေၾကာင္း NIH သုေတသီမ်ားက မွတ္ခ်က္ျပဳခဲ့ပါတယ္။ သို႔ေပမယ့္ အဆိုပါကာကြယ္ေဆးမ်ားဟာ ကေလးမ်ားနဲ႔ လူႀကီးမ်ားအတြက္ ေဘးကင္းေၾကာင္း ေတြ႕ရွိခဲ့တယ္လို႔ ဆိုပါတယ္။

လိုက္ေဘးရီးယား က်န္းမာေရးဝန္ႀကီးဌာန၊ တကၠသိုလ္ လက္ေတြ႕သုေတသနစင္တာနဲ႔ ကာကြယ္ေဆးဖြံ႕ၿဖိဳးတိုးတက္ေရး-မာလီစင္တာတို႔ ပူးေပါင္းျပဳလုပ္တဲ့စမ္းသပ္မႈမွာ အ႐ြယ္ေရာက္ၿပီးသူ ၁၄ဝဝ နဲ႔ ကေလး ၁၄ဝ၁ ဦးတို႔ ပါဝင္ခဲ့ပါတယ္။ အီဘိုလာ Zaire မ်ိဳးကြဲဟာ ေသဆုံးႏိုင္ေျခ ၉ဝ ရာခိုင္ႏႈန္းရွိၿပီး အီဘိုလာမ်ိဳးကြဲငါးမ်ိဳးမွာ ေသဆုံးမႈအျမင့္ဆုံးျဖစ္ပါတယ္။ အီဘိုလာ ကပ္ေရာဂါေၾကာင့္ အေနာက္အာဖရိကမွာ ၂ဝ၁၄ - ၂ဝ၁၆ ခုႏွစ္မွာ လူေပါင္း ၁၁ဝဝဝ ေက်ာ္ ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.