ပုဂ္ဂလိက ဆေးရုံများတွင် လုပ်ကိုင်သူများအနေဖြင့် တည်ဆဲဥပဒေများကို လိုက်နာရန်လိုအပ်ကြောင်း နစက အသိပေး

 1814

NP News - ဒီဇင်ဘာ ၂၉

ပုဂ္ဂလိကအထွေထွေရောဂါကုဆေးရုံ၊ ပုဂ္ဂလိက အထူးကုဆေးရုံများတွင် လုပ်ကိုင်သူများအနေဖြင့် တည်ဆဲဥပဒေများကို လိုက်နာရန်လိုအပ်ကြောင်း နစကဘက်က အသိပေးထုတ်ပြန်ထားသည်။

မန္တလေးမြို့ရှိ ပုဂ္ဂလိက ဆေးရုံ (၅)ရုံကို ပိတ်သိမ်းလိုက်သည်ဆိုသည့် သတင်းများထွက်ပေါ်ခဲ့ပြီးနောက် နစက ဘက်က အထက်ပါကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“မန္တလေးမြို့ရှိ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းတွေသည် ပြည်သူလူထုရဲ့ ကျန်းမာရေးလိုအပ်ချက်တွေကို သင့်တင့်မျှတတဲ့ စရိတ်ရယူပြီး တည်ဆဲဥပဒေတွေကို လိုက်နာပြီး ဘေးကင်းလုံခြုံစိတ်ချရတဲ့ ဆေးဝါးကုသမှုတွေကို ဆောင်ရွက်ပေးဖို့လိုအပ်တယ်”ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်းမီဒီယာများကို အသိပေးထုတ်ပြန်ထားသည်။

ထို့ကြောင့် အဆိုပါ ပုဂ္ဂလိက ဆေးရုံများတွင် လုပ်ကိုင်မည့် တာဝန်ခံပုဂ္ဂိုလ် နှင့် ပြုစုကုသမှုပေးအပ်နေသော ဆရာဝန်များ၊ သူနာပြုများ၊ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပုဂ္ဂိုလ်များသည် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေနှင့် နိုင်ငံတော်၏ တည်ဆဲဥပဒေများကို လိုက်နာရန်လိုအပ်ကြောင်း နစကဘက်က အသိပေးထားသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မန္တလေးမြို့ပေါ်ရှိ ဗဟိုအဆင့် ပြည်သူ့ဆေးရုံကြီးများနှင့် အထူးကုပြည်သူ့ဆေး ရုံကြီးများတွင်လည်း ပိတ်ရက်မရှိ (၂၄)နာရီ လူနာကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း နစကဘက်က အသိပေးထားသည်။

ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေ ပုဒ်မ ၃၄ (က)တွင် ပုဂ္ဂလိက ကျန်းမာ ရေးလုပ်ငန်းကို အကြောင်းပြု၍ သက်ဆိုင်ရာ လိုင်စင်အရခွင့်ပြုထားသော လုပ်ငန်းလုပ်ကိုင်သည့်နေရာတွင် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ တားမြစ်ထားသည့် ကိစ္စရပ်မှအပ အခြားလုပ်ငန်းတစ်ရပ်ရပ်ကို ခွင့်ပြုချက် သို့မဟုတ် လိုင်စင်မရှိဘဲ လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား အနည်းဆုံးထောင် ဒဏ် (၁) နှစ်မှ အများဆုံး ထောင်ဒဏ် (၅)နှစ်အထိ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

အလားတူ ပုဒ်မ ၃၄(ခ) တွင်လည်း ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းကို အကြောင်း ပြု၍ သက်ဆိုင်ရာ လိုင်စင်အရ ခွင့်ပြုထားသော လုပ်ငန်း လုပ်ကိုင်သည့် နေရာတွင် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ တားမြစ်ထားသည့် ကိစ္စရပ်ကို ဖောက်ဖျက်ကျူးလွန်ပါက သက်ဆိုင်ရာ တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။

zawgyi version
ပုဂၢလိက ေဆး႐ုံမ်ားတြင္ လုပ္ကိုင္သူမ်ားအေနျဖင့္ တည္ဆဲဥပေဒမ်ားကို လိုက္နာရန္လိုအပ္ေၾကာင္း နစက အသိေပး
NP News - ဒီဇင္ဘာ ၂၉

ပုဂၢလိကအေထြေထြေရာဂါကုေဆး႐ုံ၊ ပုဂၢလိက အထူးကုေဆး႐ုံမ်ားတြင္ လုပ္ကိုင္သူမ်ားအေနျဖင့္ တည္ဆဲဥပေဒမ်ားကို လိုက္နာရန္လိုအပ္ေၾကာင္း နစကဘက္က အသိေပးထုတ္ျပန္ထားသည္။

မႏၲေလးၿမိဳ႕ရွိ ပုဂၢလိက ေဆး႐ုံ (၅)႐ုံကို ပိတ္သိမ္းလိုက္သည္ဆိုသည့္ သတင္းမ်ားထြက္ေပၚခဲ့ၿပီးေနာက္ နစက ဘက္က အထက္ပါကဲ့သို႔ ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

“မႏၲေလးၿမိဳ႕ရွိ ပုဂၢလိက ေဆး႐ုံ၊ ေဆးခန္းေတြသည္ ျပည္သူလူထုရဲ႕ က်န္းမာေရးလိုအပ္ခ်က္ေတြကို သင့္တင့္မွ်တတဲ့ စရိတ္ရယူၿပီး တည္ဆဲဥပေဒေတြကို လိုက္နာၿပီး ေဘးကင္းလုံၿခဳံစိတ္ခ်ရတဲ့ ေဆးဝါးကုသမႈေတြကို ေဆာင္႐ြက္ေပးဖို႔လိုအပ္တယ္”ဟု နစက သတင္းထုတ္ျပန္ေရးအဖြဲ႕မွ သတင္းမီဒီယာမ်ားကို အသိေပးထုတ္ျပန္ထားသည္။

ထို႔ေၾကာင့္ အဆိုပါ ပုဂၢလိက ေဆး႐ုံမ်ားတြင္ လုပ္ကိုင္မည့္ တာဝန္ခံပုဂၢိဳလ္ ႏွင့္ ျပဳစုကုသမႈေပးအပ္ေနေသာ ဆရာဝန္မ်ား၊ သူနာျပဳမ်ား၊ ေဆးဘက္ဆိုင္ရာကြၽမ္းက်င္ပုဂၢိဳလ္မ်ားသည္ ပုဂၢလိက က်န္းမာေရးလုပ္ငန္းဆိုင္ရာ ဥပေဒႏွင့္ ႏိုင္ငံေတာ္၏ တည္ဆဲဥပေဒမ်ားကို လိုက္နာရန္လိုအပ္ေၾကာင္း နစကဘက္က အသိေပးထားသည္။

က်န္းမာေရးဝန္ႀကီးဌာနအေနျဖင့္ မႏၲေလးၿမိဳ႕ေပၚရွိ ဗဟိုအဆင့္ ျပည္သူ႔ေဆး႐ုံႀကီးမ်ားႏွင့္ အထူးကုျပည္သူ႔ေဆး ႐ုံႀကီးမ်ားတြင္လည္း ပိတ္ရက္မရွိ (၂၄)နာရီ လူနာကုသမႈမ်ား ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း နစကဘက္က အသိေပးထားသည္။

ပုဂၢလိက က်န္းမာေရးလုပ္ငန္းဆိုင္ရာ ဥပေဒ ပုဒ္မ ၃၄ (က)တြင္ ပုဂၢလိက က်န္းမာ ေရးလုပ္ငန္းကို အေၾကာင္းျပဳ၍ သက္ဆိုင္ရာ လိုင္စင္အရခြင့္ျပဳထားေသာ လုပ္ငန္းလုပ္ကိုင္သည့္ေနရာတြင္ တည္ဆဲဥပေဒတစ္ရပ္ရပ္အရ တားျမစ္ထားသည့္ ကိစၥရပ္မွအပ အျခားလုပ္ငန္းတစ္ရပ္ရပ္ကို ခြင့္ျပဳခ်က္ သို႔မဟုတ္ လိုင္စင္မရွိဘဲ လုပ္ကိုင္ေၾကာင္း ျပစ္မႈထင္ရွားစီရင္ျခင္းခံရလွ်င္ ထိုသူအား အနည္းဆုံးေထာင္ ဒဏ္ (၁) ႏွစ္မွ အမ်ားဆုံး ေထာင္ဒဏ္ (၅)ႏွစ္အထိ ခ်မွတ္ရမည့္ျပင္ ေငြဒဏ္လည္း ခ်မွတ္ႏိုင္ေၾကာင္း ျပ႒ာန္းထားသည္။

အလားတူ ပုဒ္မ ၃၄(ခ) တြင္လည္း ပုဂၢလိက က်န္းမာေရးလုပ္ငန္းကို အေၾကာင္း ျပဳ၍ သက္ဆိုင္ရာ လိုင္စင္အရ ခြင့္ျပဳထားေသာ လုပ္ငန္း လုပ္ကိုင္သည့္ ေနရာတြင္ တည္ဆဲဥပေဒတစ္ရပ္ရပ္အရ တားျမစ္ထားသည့္ ကိစၥရပ္ကို ေဖာက္ဖ်က္က်ဴးလြန္ပါက သက္ဆိုင္ရာ တည္ဆဲဥပေဒအရ အေရးယူျခင္းခံရမည္ျဖစ္ေၾကာင္း ျပ႒ာန္းထားသည္ကို ေတြ႕ရသည္။

Picture

09883352034

29/12/2022 13:46

မြန်မာနိုင်ငံကစာအတော်ဆုံးအုပ်စုတွေရဲ့လုပ်ရပ်ကအောက်တန်းကျလွန်းတယ်

Related news

© 2021. All rights reserved.