ထိုင်းနိုင်ငံရှိ ကွန်ဒိုတိုက်ခန်းများ အများဆုံးဝယ်ယူခဲ့သော နိုင်ငံသားများထဲတွင် မြန်မာနိုင်ငံသားများ ပါဝင်

929

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၂၉
မြန်မာနိုင်ငံသားများသည် ၂ဝ၂၂ ခုနှစ်အတွင်း ထိုင်းနိုင်ငံရှိ ကွန်ဒိုတိုက်ခန်းများကို အများဆုံးဝယ်ယူခဲ့သော ထိပ်ဆုံး ငါးနိုင်ငံ ထဲတွင် ပါဝင်ခဲ့ကြောင်း ထိုင်းသတင်းများက ဖော်ပြထားသည်။
၂ဝ၂၂ ခုနှစ်အတွင်း ထိုင်းနိုင်ငံရှိ ကွန်ဒိုတိုက်ခန်းများကို အများဆုံး ဝယ်ယူသောနိုင်ငံသားများထဲတွင် တရုတ်နိုင်ငံ က ထိပ်ဆုံးတွင် ဦးဆောင်နေပြီး အမေရိကန်၊ ပြင်သစ်၊ ရုရှား၊ မြန်မာနိုင်ငံတို့မှာလည်း ထိပ်ဆုံးငါးနိုင်ငံထဲတွင် ပါဝင် နေကြောင်း သိရသည်။ တရုတ်နိုင်ငံသားများသည် ၂ဝ၂၂ ခုနှစ်အတွင်း ထိုင်းနိုင်ငံရှိ ကွန်ဒိုတိုက်ခန်းများကို ထိုင်း ဘတ် ၁၇ ဒသမ ၉၄ ဘီလျံအထိ ဝယ်ယူခဲ့ကြောင်း၊ မြန်မာနိုင်ငံသားများက ထိုင်းနိုင်ငံရှိ ကွန်ဒိုများကို ထိုင်းဘတ် ၁ ဒသမ ၃၄ ဘီလျံဖိုးအထိ ဝယ်ယူခဲ့ကြောင်း သိရသည်။
၂ဝ၂၂ ခုနှစ်အတွင်း ထိုင်းနိုင်ငံရှိ ကွန်ဒိုများကို အများဆုံးဝယ်ယူခဲ့သော နိုင်ငံသားများထဲတွင် အဆင့် ၅ နေရာမှာ ရပ်တည်နေသည့် မြန်မာနိုင်ငံသားများသည် ၂ဝ၁၈ ခုနှစ်နောက်ပိုင်း ထိုင်းနိုင်ငံရှိ ကွန်ဒိုများကို အများဆုံးဝယ်ယူသော ထိပ်ဆုံး ၁ဝ နိုင်ငံထဲတွင် ပါဝင်ခဲ့ခြင်းမရှိခဲ့သော်လည်း ၂ဝ၂၂ ခုနှစ်တွင် ထိပ်ဆုံး ငါးနေရာတွင် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် စစ်အုပ်စု၏ ကျူးလွန်းမှုများ၊ နိုင်ငံရေးမတည်ငြိမ်မှုများ၊ အကြမ်းဖက်သတ်ဖြတ်မှုများကို ရှောင်ရှားနိုင်ရန်အတွက် မြန်မာနိုင်ငံသားများသည် နိုင်ငံအတွင်းမှ ထွက်ခွာကာအခြားနိုင်ငံများသို့ ပြောင်းရွှေ့နေထိုင်မှုများရှိခဲ့ကြောင်းသိရသည်။ ထိုင်း အိမ်ခြံမြေသတင်းအချက်ရေးရာစင်တာ (REIC) က ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း ထိုင်းနိုင်ငံ ကွန်ဒို တိုက်ခန်းများ စုစုပေါင်း ၇၂၉ဝ ခန်းရောင်းချနိုင်ခဲ့ပြီး၊ အဆိုပါတိုက်ခန်းများကို အများဆုံး ဝယ်ယူခဲ့သူများမှာ တရုတ်၊ အမေရိကန်၊ ပြင်သစ်၊ ရုရှား နှင့် မြန်မာနိုင်ငံသားတို့ဖြစ်ကြောင်း ဆိုသည်။

Zawgyi Version;
ထိုင္းႏိုင္ငံရွိ ကြန္ဒိုတိုက္ခန္းမ်ား အမ်ားဆုံးဝယ္ယူခဲ့ေသာ ႏိုင္ငံသားမ်ားထဲတြင္ ျမန္မာႏိုင္ငံသားမ်ား ပါဝင္
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၂၉
ျမန္မာႏိုင္ငံသားမ်ားသည္ ၂ဝ၂၂ ခုႏွစ္အတြင္း ထိုင္းႏိုင္ငံရွိ ကြန္ဒိုတိုက္ခန္းမ်ားကို အမ်ားဆုံးဝယ္ယူခဲ့ေသာ ထိပ္ဆုံး ငါးႏိုင္ငံ ထဲတြင္ ပါဝင္ခဲ့ေၾကာင္း ထိုင္းသတင္းမ်ားက ေဖာ္ျပထားသည္။
၂ဝ၂၂ ခုႏွစ္အတြင္း ထိုင္းႏိုင္ငံရွိ ကြန္ဒိုတိုက္ခန္းမ်ားကို အမ်ားဆုံး ဝယ္ယူေသာႏိုင္ငံသားမ်ားထဲတြင္ တ႐ုတ္ႏိုင္ငံ က ထိပ္ဆုံးတြင္ ဦးေဆာင္ေနၿပီး အေမရိကန္၊ ျပင္သစ္၊ ႐ုရွား၊ ျမန္မာႏိုင္ငံတို႔မွာလည္း ထိပ္ဆုံးငါးႏိုင္ငံထဲတြင္ ပါဝင္ ေနေၾကာင္း သိရသည္။ တ႐ုတ္ႏိုင္ငံသားမ်ားသည္ ၂ဝ၂၂ ခုႏွစ္အတြင္း ထိုင္းႏိုင္ငံရွိ ကြန္ဒိုတိုက္ခန္းမ်ားကို ထိုင္း ဘတ္ ၁၇ ဒသမ ၉၄ ဘီလ်ံအထိ ဝယ္ယူခဲ့ေၾကာင္း၊ ျမန္မာႏိုင္ငံသားမ်ားက ထိုင္းႏိုင္ငံရွိ ကြန္ဒိုမ်ားကို ထိုင္းဘတ္ ၁ ဒသမ ၃၄ ဘီလ်ံဖိုးအထိ ဝယ္ယူခဲ့ေၾကာင္း သိရသည္။
၂ဝ၂၂ ခုႏွစ္အတြင္း ထိုင္းႏိုင္ငံရွိ ကြန္ဒိုမ်ားကို အမ်ားဆုံးဝယ္ယူခဲ့ေသာ ႏိုင္ငံသားမ်ားထဲတြင္ အဆင့္ ၅ ေနရာမွာ ရပ္တည္ေနသည့္ ျမန္မာႏိုင္ငံသားမ်ားသည္ ၂ဝ၁၈ ခုႏွစ္ေနာက္ပိုင္း ထိုင္းႏိုင္ငံရွိ ကြန္ဒိုမ်ားကို အမ်ားဆုံးဝယ္ယူေသာ ထိပ္ဆုံး ၁ဝ ႏိုင္ငံထဲတြင္ ပါဝင္ခဲ့ျခင္းမရွိခဲ့ေသာ္လည္း ၂ဝ၂၂ ခုႏွစ္တြင္ ထိပ္ဆုံး ငါးေနရာတြင္ ရပ္တည္ႏိုင္ခဲ့ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံတြင္ ၿပီးခဲ့သည့္ႏွစ္ ေဖေဖာ္ဝါရီလက အာဏာသိမ္းမႈျဖစ္ပြားခဲ့ၿပီးေနာက္ စစ္အုပ္စု၏ က်ဴးလြန္းမႈမ်ား၊ ႏိုင္ငံေရးမတည္ၿငိမ္မႈမ်ား၊ အၾကမ္းဖက္သတ္ျဖတ္မႈမ်ားကို ေရွာင္ရွားႏိုင္ရန္အတြက္ ျမန္မာႏိုင္ငံသားမ်ားသည္ ႏိုင္ငံအတြင္းမွ ထြက္ခြာကာအျခားႏိုင္ငံမ်ားသို႔ ေျပာင္းေ႐ႊ႕ေနထိုင္မႈမ်ားရွိခဲ့ေၾကာင္းသိရသည္။ ထိုင္း အိမ္ၿခံေျမသတင္းအခ်က္ေရးရာစင္တာ (REIC) က ၂ဝ၂၂ ခုႏွစ္ ဇန္နဝါရီလမွ စက္တင္ဘာလအတြင္း ထိုင္းႏိုင္ငံ ကြန္ဒို တိုက္ခန္းမ်ား စုစုေပါင္း ၇၂၉ဝ ခန္းေရာင္းခ်ႏိုင္ခဲ့ၿပီး၊ အဆိုပါတိုက္ခန္းမ်ားကို အမ်ားဆုံး ဝယ္ယူခဲ့သူမ်ားမွာ တ႐ုတ္၊ အေမရိကန္၊ ျပင္သစ္၊ ႐ုရွား ႏွင့္ ျမန္မာႏိုင္ငံသားတို႔ျဖစ္ေၾကာင္း ဆိုသည္။