“အမေရိကန်က အိမ်ခြေယာမဲ့တွေကို အနှစ်နှစ်အလလကူညီပေးနေတဲ့ အမျိုးသမီး” (ထူးခြားသုတဆောင်းပါး)

 550

ဝတီ (NP News) - ဒီဇင်ဘာ ၂၉

အမေရိကန်ပြည်ထောင်စုလို ကမ္ဘာ့ထိပ်တန်း အချမ်းသာဆုံးနိုင်ငံမှာလည်း အိမ်ခြေယာမဲ့တွေ ရှိတာပဲဖြစ်ပြီး သူတို့ဟာလည်းအကူအညီ လိုအပ်နေသူတွေပါ။ အကူအ ညီ လိုအပ်နေသူတွေဖြစ်ပေမယ့် အလှူဒါနလုပ်ချင်သူတွေ၊ အကူအညီ ပေးချင်သူတွေက သူတို့ကို မျက်စိလျှမ်းနေလေ့ရှိပါတယ်။ ဒါပေမဲ့ ဒီလူတွေကို အမှန်တကယ် ကိုယ်ဖိရင်ဖိကူညီပေးမယ့်လူလည်း ပေါ်လာခဲ့ပါတယ်။ အဲဒီလူကတော့ ရှာလီရိန်နက်စ် (Shirley Raines) ဆိုတဲ့ အမျိုးသမီးကြီးပါပဲ။ သူ့မှာ သားသမီးတွေ ရှိပေမယ့် သူ့သားတစ် ယောက်ကတော့ဆုံးပါးသွားခဲ့ပါတယ်။ အမေပီပီ သားတစ်ယောက် ဆုံးသွားတော့ နှစ်ပေါင်း အတော်ကြာ တဲ့အထိ ဖြေမဆည်နိုင်ဖြစ်တာပေါ့။

“သားဆုံးသွားတော့ ကျွန်မမှာ နှစ်ပေါင်းအတော်ကြာအောင် ရင်ကွဲနာကျရပါတယ်။ သား မရှိတော့ဘူး ဆိုတဲ့ အတွေးက ကျွန်မကို အနှစ်နှစ် အလလ နှိပ်စက်တာပေါ့။ ဒါပေမဲ့ လမ်းပေါ်မှာ အမေ မရှိတဲ့ ကလေးတွေ အများကြီးပဲဆိုတာ တစ်နေ့မှာတော့ ကျွန်မ သတိထားမိသွားတယ်။ ကျွန်မကလည်း သား မရှိတော့လို့ ကြေကွဲနေရတယ်။ သူတို့လေးတွေကလည်း အမေ မရှိလို့ အမေကို တမ်းတနေကြတယ်လေ။ ဒါကြောင့် ကျွန်မက သူတို့လေးတွေကို အတတ်နိုင်ဆုံး ကူညီဖို့ဆုံးဖြတ်လိုက်တာ။ ဒီတော့ သူတို့ရင်ထဲက လိုအပ်ချက်ရော၊ ကျွန်မရင်ထဲက ကွက်လပ်ပါ တခါတည်း ပြည့်သွားတော့တာပေါ့” လို့သူက ပြောပြပါတယ်။

“သား ဆုံးသွားလို့ စိတ်ဓာတ်တွေ ချုံးချုံးကျနေချိန်မှာကျွန်မရဲ့ အမြွှာအစ်မက နင် ဒီလိုချည်းပဲ နေနေလို့ ဘယ်ဖြစ်မလဲ။ ကိုယ့်ဘဝအတွက် အဓိပ္ပာယ်ရှိတာလေး တစ်ခုခု လုပ်မှပေါ့လို့ ပြောလာတယ်။ အဲဒါနဲ့ ကျွန်မလည်း ဘုရားရှိခိုးကျောင်းတစ်ခုက အဟာရဒါနလုပ်တဲ့ဆီမှာ သွားကူဖြစ်တယ်။ အဲဒီဘုရားကျောင်း က အဖွဲ့နဲ့ကျူးကျော်တဲတန်းကြီးဆီ ရောက်သွားတော့တာပဲ။ အဲဒီအချိန်မှာပဲ ငါ လုပ်ချင်တာ ဒါပဲဆိုတာ ချက်ချင်း သဘောပေါက်သွားတော့တယ်။ အဲဒီနေရာက လိုအပ်ချက်တွေနဲ့ ပြည့်နေတဲ့နေရာလေ” လို့ရှာလီရိန်နက်စ်က ဆက်ပြောပြသွားပါတယ်။

အဲဒီနေရာက လော့စ်အိန်ဂျလိစ်ဆိုတဲ့ ဧရာမ အမေရိကန်မြို့ကြီးရဲ့ မြို့စွန်ဘက်မှာ တည်ရှိပါတယ်။ အိမ်ခြေယာမဲ့တွေလည်း လူပဲမို့ သူတို့ကို လူလိုသူလိုကြည့်ပျော်ရှုပျော် ဖြစ်စေချင်တဲ့ စိတ်နဲ့ အရင်းခံပြီး တတ်နိုင်သမျှ ကူညီပေးခဲ့တာပါလို့ ရှာလီရိန်နက်စ်က ပြောပြပါတယ်။ ဒါကြောင့် သူက စိတ်တူကိုယ်တူ လူတွေကို စုစည်းပြီး အဲဒီကျူးကျော်တဲတန်းကြီးမှာ ဆံပင်၊ မုတ်ဆိတ် ပုံမှန်သွားညှပ်ပေး၊ ဆံပင် အရောင်ဆိုးပေးပါတယ်။ ပြီးတော့ စကားစမြည်လည်း ပြောပေး၊ သူတို့ရင်ဖွင့်တာတွေကိုလည်း နားထောင်ပေး၊ မိတ်ကပ်ပြင်ချင်တဲ့လူ ရှိရင်လည်း ပြင်ပေး၊ အဝတ် အစား၊ အစားအသောက် လိုတဲ့လူရှိရင် လည်း ပေးပါတယ်။ သူကကျူးကျော်တဲတန်းကြီးရဲ့ အပြင်ဘက် ကွက်လပ်တစ်နေရာမှာ လဟာပြင် အလှပြင်ဆိုင်လေး ယာယီလာဖွင့်ပေးပြီး အဲဒါတွေ လုပ်ပေးတာပါ။ အခုဆိုရင် သူနဲ့ သူ့အဖွဲ့သားတွေ အဲဒီလို တစိုက်မတ်မတ် ကူညီလုပ်ကိုင်ပေးနေတာ ခုနစ်နှစ်တောင် ရှိသွားပါပြီ။ စစလုပ်ချင်းတုန်းကတော့ သူနဲ့သူ့သားသမီးတွေပဲ အဓိက လုပ်ခဲ့ရတာပါ။ နောက်ပိုင်းကျမှ အမြဲတမ်း အဖွဲ့ဝင်တွေ များလာတာ ဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ သူတို့အကြောင်း အရမ်းလူသိများလာပါတယ်။

နောက်ပိုင်းမှာတော့ သူတို့ရဲ့ ယာယီ အလှပြင်ဆိုင်လေးကလည်း တိုးတက်လာပါတယ်။ ကျွမ်းကျင်မိတ်ကပ်ပညာရှင်တွေ၊ နာမည်ကြီး ဆံသဆရာ၊ ဆရာမတွေနဲ့တကယ့် မိတ်ကပ်ကုမ္ပဏီကြီးတွေကပါ သူတို့လည်း ပါဝင်ကူညီပါရစေဆိုပြီး ပြောလာကြတာပါ။ ဒီတော့ ဆိုင်လေးက အရမ်းမြိုင်ဆိုင်လာတာပေါ့။ အလုပ်က ပိုတွင် ကျယ်လာတာနဲ့ အမျှ အိမ်ခြေယာမဲ့တွေကိုလည်း ပိုပြီးကူညီလာနိုင်ပါတယ်။ အခုဆိုရင် သူတို့အဖွဲ့ဟာ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် လိုအပ်တဲ့ အသုံးအဆောင်တွေ၊ တဲတွေ၊ မိုးကာတွေ စတာတွေကိုပါ လှူဒါန်းပေးလာနိုင်ပါပြီ။ ဒါပေမဲ့သူတို့ရဲ့ လုပ်အားပေးလုပ်ငန်းစဉ်ဟာ ကိုဗစ်တုန်းကလည်းအတော်လေး ထိခိုက်သွားခဲ့ပါသေးတယ်။ ကိုဗစ်ကန့်သတ်ချက်တွေဘယ်လောက်ပဲ များများ၊ သူတို့ကတော့ စည်းမျဉ်း ဘောင်တွေ ထဲကနေပဲ အိမ်ခြေယာမဲ့တွေကို တတ်နိုင်သမျှ ဆက်ကူညီပေးခဲ့တာပါပဲ။

“အခုလိုတွေ ကူညီပေးနေရလို့ ပီတိတွေ ဖြစ်ပြီး ဝေဒနာတွေ အကုန်ဖြေသာသွားပြီလားလို့ မေးလာမယ် ဆိုရင်တော့ ဟင့်အင်းလို့ပဲပြောရမှာပါ။ သား မရှိတော့လို့ ခံစားနေရတဲ့ ဝေဒနာတွေ ရင်ထဲမှာ ကျန်နေ တုန်းပါပဲ။ ဒါပေမဲ့ အရင်ကထက်စာရင်တော့ အတော်သက်သာလာပြီပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သားရေ သားကြောင့်သာ အမေတို့တွေ အခုလို ကုသိုလ်တွေ လုပ်နေနိုင်တာလို့ သားကို ပြောနိုင်သွားပြီမို့လို့ပါ”လို့ ရှာလီရိန်နက်စ်က ဆိုပါတယ်။

အကူအညီ အလိုအပ်ဆုံး လူတွေကို အခုလို တစိုက်မတ်မတ်ကိုယ်ဖိရင်ဖိ ကူညီပေးနေတာဖြစ်လို့လည်း သူဟာ ၂ဝ၂၁ ခုနှစ်မှာတော့ဂုဏ်ပြုခံခဲ့ရပါတယ်။ သူ့ကို ကမ္ဘာကျော်သတင်းဌာနကြီး စီအန်အန်က တစ်နှစ်တာအတွင်း အထင်ပေါ်ဆုံး စံပြသူရဲ ကောင်းဆု ဂုဏ်ပြုချီးမြှင့်ခဲ့လို့ပါပဲ။ ဒီဆု ချီးမြှင့်ခံရတဲ့အတွက် သူဟာ ဒီကုသိုလ်အလုပ်တွေ အားသွန်ခွန်စိုက် ဆက်လုပ်ဖို့ ဆုငွေ ဒေါ်လာ တစ်သိန်း ရရှိသွားပါတယ်။ စီအန်အန်က လူ့ဘောင်ကို ဒီလိုအကျိုးပြုနေတဲ့ ရှားရှားပါးပါးလူသားတွေကို နှစ်စဉ် ရွေးချယ်ပြီး ဂုဏ်ပြုဆုတွေ ပေးအပ်နေတာဖြစ်ပါတယ်။

zawgyi version
“အေမရိကန္က အိမ္ေျခယာမဲ့ေတြကို အႏွစ္ႏွစ္အလလကူညီေပးေနတဲ့ အမ်ိဳးသမီး” (ထူးျခားသုတေဆာင္းပါး)
ဝတီ (NP News) - ဒီဇင္ဘာ ၂၉

အေမရိကန္ျပည္ေထာင္စုလို ကမာၻ႔ထိပ္တန္း အခ်မ္းသာဆုံးႏိုင္ငံမွာလည္း အိမ္ေျခယာမဲ့ေတြ ရွိတာပဲျဖစ္ၿပီး သူတို႔ဟာလည္းအကူအညီ လိုအပ္ေနသူေတြပါ။ အကူအ ညီ လိုအပ္ေနသူေတြျဖစ္ေပမယ့္ အလႉဒါနလုပ္ခ်င္သူေတြ၊ အကူအညီ ေပးခ်င္သူေတြက သူတို႔ကို မ်က္စိလွ်မ္းေနေလ့ရွိပါတယ္။ ဒါေပမဲ့ ဒီလူေတြကို အမွန္တကယ္ ကိုယ္ဖိရင္ဖိကူညီေပးမယ့္လူလည္း ေပၚလာခဲ့ပါတယ္။ အဲဒီလူကေတာ့ ရွာလီရိန္နက္စ္ (Shirley Raines) ဆိုတဲ့ အမ်ိဳးသမီးႀကီးပါပဲ။ သူ႔မွာ သားသမီးေတြ ရွိေပမယ့္ သူ႔သားတစ္ ေယာက္ကေတာ့ဆုံးပါးသြားခဲ့ပါတယ္။ အေမပီပီ သားတစ္ေယာက္ ဆုံးသြားေတာ့ ႏွစ္ေပါင္း အေတာ္ၾကာ တဲ့အထိ ေျဖမဆည္ႏိုင္ျဖစ္တာေပါ့။

“သားဆုံးသြားေတာ့ ကြၽန္မမွာ ႏွစ္ေပါင္းအေတာ္ၾကာေအာင္ ရင္ကြဲနာက်ရပါတယ္။ သား မရွိေတာ့ဘူး ဆိုတဲ့ အေတြးက ကြၽန္မကို အႏွစ္ႏွစ္ အလလ ႏွိပ္စက္တာေပါ့။ ဒါေပမဲ့ လမ္းေပၚမွာ အေမ မရွိတဲ့ ကေလးေတြ အမ်ားႀကီးပဲဆိုတာ တစ္ေန႔မွာေတာ့ ကြၽန္မ သတိထားမိသြားတယ္။ ကြၽန္မကလည္း သား မရွိေတာ့လို႔ ေၾကကြဲေနရတယ္။ သူတို႔ေလးေတြကလည္း အေမ မရွိလို႔ အေမကို တမ္းတေနၾကတယ္ေလ။ ဒါေၾကာင့္ ကြၽန္မက သူတို႔ေလးေတြကို အတတ္ႏိုင္ဆုံး ကူညီဖို႔ဆုံးျဖတ္လိုက္တာ။ ဒီေတာ့ သူတို႔ရင္ထဲက လိုအပ္ခ်က္ေရာ၊ ကြၽန္မရင္ထဲက ကြက္လပ္ပါ တခါတည္း ျပည့္သြားေတာ့တာေပါ့” လို႔သူက ေျပာျပပါတယ္။

“သား ဆုံးသြားလို႔ စိတ္ဓာတ္ေတြ ခ်ဳံးခ်ဳံးက်ေနခ်ိန္မွာကြၽန္မရဲ႕ အႁမႊာအစ္မက နင္ ဒီလိုခ်ည္းပဲ ေနေနလို႔ ဘယ္ျဖစ္မလဲ။ ကိုယ့္ဘဝအတြက္ အဓိပၸာယ္ရွိတာေလး တစ္ခုခု လုပ္မွေပါ့လို႔ ေျပာလာတယ္။ အဲဒါနဲ႔ ကြၽန္မလည္း ဘုရားရွိခိုးေက်ာင္းတစ္ခုက အဟာရဒါနလုပ္တဲ့ဆီမွာ သြားကူျဖစ္တယ္။ အဲဒီဘုရားေက်ာင္း က အဖြဲ႕နဲ႔က်ဴးေက်ာ္တဲတန္းႀကီးဆီ ေရာက္သြားေတာ့တာပဲ။ အဲဒီအခ်ိန္မွာပဲ ငါ လုပ္ခ်င္တာ ဒါပဲဆိုတာ ခ်က္ခ်င္း သေဘာေပါက္သြားေတာ့တယ္။ အဲဒီေနရာက လိုအပ္ခ်က္ေတြနဲ႔ ျပည့္ေနတဲ့ေနရာေလ” လို႔ရွာလီရိန္နက္စ္က ဆက္ေျပာျပသြားပါတယ္။

အဲဒီေနရာက ေလာ့စ္အိန္ဂ်လိစ္ဆိုတဲ့ ဧရာမ အေမရိကန္ၿမိဳ႕ႀကီးရဲ႕ ၿမိဳ႕စြန္ဘက္မွာ တည္ရွိပါတယ္။ အိမ္ေျခယာမဲ့ေတြလည္း လူပဲမို႔ သူတို႔ကို လူလိုသူလိုၾကည့္ေပ်ာ္ရႈေပ်ာ္ ျဖစ္ေစခ်င္တဲ့ စိတ္နဲ႔ အရင္းခံၿပီး တတ္ႏိုင္သမွ် ကူညီေပးခဲ့တာပါလို႔ ရွာလီရိန္နက္စ္က ေျပာျပပါတယ္။ ဒါေၾကာင့္ သူက စိတ္တူကိုယ္တူ လူေတြကို စုစည္းၿပီး အဲဒီက်ဴးေက်ာ္တဲတန္းႀကီးမွာ ဆံပင္၊ မုတ္ဆိတ္ ပုံမွန္သြားညႇပ္ေပး၊ ဆံပင္ အေရာင္ဆိုးေပးပါတယ္။ ၿပီးေတာ့ စကားစျမည္လည္း ေျပာေပး၊ သူတို႔ရင္ဖြင့္တာေတြကိုလည္း နားေထာင္ေပး၊ မိတ္ကပ္ျပင္ခ်င္တဲ့လူ ရွိရင္လည္း ျပင္ေပး၊ အဝတ္ အစား၊ အစားအေသာက္ လိုတဲ့လူရွိရင္ လည္း ေပးပါတယ္။ သူကက်ဴးေက်ာ္တဲတန္းႀကီးရဲ႕ အျပင္ဘက္ ကြက္လပ္တစ္ေနရာမွာ လဟာျပင္ အလွျပင္ဆိုင္ေလး ယာယီလာဖြင့္ေပးၿပီး အဲဒါေတြ လုပ္ေပးတာပါ။ အခုဆိုရင္ သူနဲ႔ သူ႔အဖြဲ႕သားေတြ အဲဒီလို တစိုက္မတ္မတ္ ကူညီလုပ္ကိုင္ေပးေနတာ ခုနစ္ႏွစ္ေတာင္ ရွိသြားပါၿပီ။ စစလုပ္ခ်င္းတုန္းကေတာ့ သူနဲ႔သူ႔သားသမီးေတြပဲ အဓိက လုပ္ခဲ့ရတာပါ။ ေနာက္ပိုင္းက်မွ အၿမဲတမ္း အဖြဲ႕ဝင္ေတြ မ်ားလာတာ ျဖစ္ပါတယ္။ တျဖည္းျဖည္းနဲ႔ သူတို႔အေၾကာင္း အရမ္းလူသိမ်ားလာပါတယ္။

ေနာက္ပိုင္းမွာေတာ့ သူတို႔ရဲ႕ ယာယီ အလွျပင္ဆိုင္ေလးကလည္း တိုးတက္လာပါတယ္။ ကြၽမ္းက်င္မိတ္ကပ္ပညာရွင္ေတြ၊ နာမည္ႀကီး ဆံသဆရာ၊ ဆရာမေတြနဲ႔တကယ့္ မိတ္ကပ္ကုမၸဏီႀကီးေတြကပါ သူတို႔လည္း ပါဝင္ကူညီပါရေစဆိုၿပီး ေျပာလာၾကတာပါ။ ဒီေတာ့ ဆိုင္ေလးက အရမ္းၿမိဳင္ဆိုင္လာတာေပါ့။ အလုပ္က ပိုတြင္ က်ယ္လာတာနဲ႔ အမွ် အိမ္ေျခယာမဲ့ေတြကိုလည္း ပိုၿပီးကူညီလာႏိုင္ပါတယ္။ အခုဆိုရင္ သူတို႔အဖြဲ႕ဟာ တစ္ကိုယ္ေရသန႔္ရွင္းေရးအတြက္ လိုအပ္တဲ့ အသုံးအေဆာင္ေတြ၊ တဲေတြ၊ မိုးကာေတြ စတာေတြကိုပါ လႉဒါန္းေပးလာႏိုင္ပါၿပီ။ ဒါေပမဲ့သူတို႔ရဲ႕ လုပ္အားေပးလုပ္ငန္းစဥ္ဟာ ကိုဗစ္တုန္းကလည္းအေတာ္ေလး ထိခိုက္သြားခဲ့ပါေသးတယ္။ ကိုဗစ္ကန႔္သတ္ခ်က္ေတြဘယ္ေလာက္ပဲ မ်ားမ်ား၊ သူတို႔ကေတာ့ စည္းမ်ဥ္း ေဘာင္ေတြ ထဲကေနပဲ အိမ္ေျခယာမဲ့ေတြကို တတ္ႏိုင္သမွ် ဆက္ကူညီေပးခဲ့တာပါပဲ။

“အခုလိုေတြ ကူညီေပးေနရလို႔ ပီတိေတြ ျဖစ္ၿပီး ေဝဒနာေတြ အကုန္ေျဖသာသြားၿပီလားလို႔ ေမးလာမယ္ ဆိုရင္ေတာ့ ဟင့္အင္းလို႔ပဲေျပာရမွာပါ။ သား မရွိေတာ့လို႔ ခံစားေနရတဲ့ ေဝဒနာေတြ ရင္ထဲမွာ က်န္ေန တုန္းပါပဲ။ ဒါေပမဲ့ အရင္ကထက္စာရင္ေတာ့ အေတာ္သက္သာလာၿပီေပါ့။ ဘာျဖစ္လို႔လဲဆိုေတာ့ သားေရ သားေၾကာင့္သာ အေမတို႔ေတြ အခုလို ကုသိုလ္ေတြ လုပ္ေနႏိုင္တာလို႔ သားကို ေျပာႏိုင္သြားၿပီမို႔လို႔ပါ”လို႔ ရွာလီရိန္နက္စ္က ဆိုပါတယ္။

အကူအညီ အလိုအပ္ဆုံး လူေတြကို အခုလို တစိုက္မတ္မတ္ကိုယ္ဖိရင္ဖိ ကူညီေပးေနတာျဖစ္လို႔လည္း သူဟာ ၂ဝ၂၁ ခုႏွစ္မွာေတာ့ဂုဏ္ျပဳခံခဲ့ရပါတယ္။ သူ႔ကို ကမာၻေက်ာ္သတင္းဌာနႀကီး စီအန္အန္က တစ္ႏွစ္တာအတြင္း အထင္ေပၚဆုံး စံျပသူရဲ ေကာင္းဆု ဂုဏ္ျပဳခ်ီးျမႇင့္ခဲ့လို႔ပါပဲ။ ဒီဆု ခ်ီးျမႇင့္ခံရတဲ့အတြက္ သူဟာ ဒီကုသိုလ္အလုပ္ေတြ အားသြန္ခြန္စိုက္ ဆက္လုပ္ဖို႔ ဆုေငြ ေဒၚလာ တစ္သိန္း ရရွိသြားပါတယ္။ စီအန္အန္က လူ႔ေဘာင္ကို ဒီလိုအက်ိဳးျပဳေနတဲ့ ရွားရွားပါးပါးလူသားေတြကို ႏွစ္စဥ္ ေ႐ြးခ်ယ္ၿပီး ဂုဏ္ျပဳဆုေတြ ေပးအပ္ေနတာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.