ဂန္တဝင် ကစားသမားကြီး ပီလီရဲ့နောက်ဆုံး နှုတ်ဆက်ပွဲကို ဆန်တိုစ့်ဘောလုံးကွင်းကြီးထဲမှာ စည်းကားသိုက်မြိုက်စွာကျင်းပမယ်

831

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂
ကမ္ဘာကျော်ဂန္တဝင်ကစားသမား ပီလီရဲ့နောက်ဆုံးနှုတ်ဆက်ပွဲကို ဘရာဇီးဘောလုံးသမိုင်းမှာ သက်တမ်းအရှည်ဆုံးဘောလုံးကွင်းဖြစ်တဲ့ ဆန်တို့စ့် ဘောလုံးကွင်းကြီးမှာ ဖေဖော်ဝါရီလ ၂ ရက်ကစတင်ပြီးကျင်းပသွားမှာဖြစ်ကြောင်းသိရပါတယ်။
ပီလီဟာ ဒီဇင်ဘာလ ၂၉ရက်၊ ညပိုင်းမှာ ကာလအတန်ကြာခံစားနေရတဲ့ ကင်ဆာရောဂါနဲ့ကွယ်လွန်ခဲ့တာဖြစ်ပြီး သေဆုံးအချိန်မှာအသက် (၈၂)နှစ်ရှိနေပြီဖြစ် ကြောင်းသိရပါတယ်။ ရာစုနှစ်ရဲ့အကောင်းဆုံးဘောလုံးသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသလို ဘောလုံးဘုရင်အဖြစ် ချစ်စနိုးအခေါ်ခံရတဲ့ ပီလီရဲ့နောက် ဆုံး နှုတ်ဆက်ပွဲကို ဘောလုံးပရိသတ်များပါဝင်နိုင်ဖို့ ဆန်တို့စ်ဘောလုံးကွင်းကို ဒေသစံတော်ချိန် နံနက် ၁ဝ နာရီမှာစတင်ဖွင့်လှစ်သွားမှာဖြစ်ပြီး ပီလီရဲ့ရုပ်အ လောင်းထည့်ထားတဲ့အခေါင်းကို ဘောလုံးကွင်းအလယ်မှာ ပြသထားမှာလည်းဖြစ်ပါတယ်။
အဆိုပါဘောလုံးကွင်းအတွင်း ပရိသတ်ပေါင်း ၁၆ဝဝဝ က အင်္ကျီအဖြူရောင်၊ အနက်ရောင်တွေဝတ်ဆင်ပြီး ဝမ်းနည်းကြောင်းပုံစံမျိုး သရုပ်ဖော်သွားမယ်လို့ လည်းဆိုပါတယ်။ ပွဲကြည်စင်မှာ ကြီးမားတဲ့အလံ သုံးခုလွှမ်းခြံထားမှာဖြစ်ပြီး အလံတစ်ခုမှာ ဂျာစီနံပတ် ၁ဝ ကို ဝတ်ဆင်ထားတဲ့ ပီလီရုပ်ပုံကိုလည်း ခင်းကျင်းပသွားမှာဖြစ်ကြောင်းသိရပါတယ်။ ဒါ့ပြင်ပွဲကြည့်စင်မှာလည်း “Long live the king”; ဆိုတဲ့ စာသား၊ “Pele 82 years.”စာသားတွေကို သရုပ်ဖော်ပုံစံမျိုးဖော်ကျူးသွားမှာဖြစ်ပါတယ်။
ပီလီဟာ ဘရာဇီးဘောလုံးအသင်းကို ကမ္ဘာ့ဖလားချန်ပီယံဆု သုံးကြိမ်ရယူနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။ ဆန်တိုစ့်မြို့လမ်းတွေမှာလည်း ပီလီဈာပနနဲ့ပတ်သက်ပြီး စီတန်းလှည့်လည်ပွဲများကျင်းပသွားမှာဖြစ်ကြောင်းသိရပါတယ်။ စီတန်းလှည့်လည်သူများဟာ အသက် ၁ဝဝ အရွယ်ရှိ ပီလီရဲ့မိခင်အိမ်ကို သွားရောက်ပြီးနောက် ဆန်တိုစ့်မြို့ရှိသုသာန်ကိုသွားရောက်မှာဖြစ်ကာ သုသာန်မှာ ပီလီရဲ့ရုပ်အလောင်းကို အထူးပြုလုပ်ထားတဲ့ဂူဗီမာန်နဲ့မြှုပ်နှံသွားမှာဖြစ်ကြောင်းသိရပါတယ်။
ပီလီသေဆုံးမှုအပေါ် ကမ္ဘာ့ဘောလုံးအသိုင်းအဝိုင်းသာမကကမ္ဘာနိုင်ငံရေးအသိုင်း အဝိုင်းက ထင်ရှားကျော်ကြားသူများ ဝမ်းနည်းကြောင်းဆုတောင်းမှုတွေလုပ်ဆောင်ခဲ့ပြီး ဘရာဇီးနိုင်ငံမှာ နိုင်ငံတော်အဆင့် ဝမ်းနည်းကြောင်း သုံးရက်ကြာကျင်းပသွားမှာလည်းဖြစ်ပါတယ်။ ပီလီဟာ ကစားသမားဘဝအတွင်း အလှပဆုံးဂိုးများကို သွင်းယူနိုင်သူအဖြစ် သတ်မှတ်ခံခဲ့ရကြောင်း ကစားသမားဘဝ သက်တမ်း (၂၁)နှစ်အတွင်း ဂိုးပေါင်း (၁၂၈၃)ဂိုးသွင်းယူနိုင်ခဲ့ပြီး ဘရာဇီးကလပ် ဆန်တိုစ့်အသင်းမှာအချိန်အများဆုံး ကစားခဲ့ကြောင်းသိရပါတယ်။

zawgyi version
ဂႏၲဝင္ ကစားသမားႀကီး ပီလီရဲ႕ေနာက္ဆုံး ႏႈတ္ဆက္ပြဲကို ဆန္တိုစ့္ေဘာလုံးကြင္းႀကီးထဲမွာ စည္းကားသိုက္ၿမိဳက္စြာက်င္းပမယ္
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂
ကမာၻေက်ာ္ဂႏၲဝင္ကစားသမား ပီလီရဲ႕ေနာက္ဆုံးႏႈတ္ဆက္ပြဲကို ဘရာဇီးေဘာလုံးသမိုင္းမွာ သက္တမ္းအရွည္ဆုံးေဘာလုံးကြင္းျဖစ္တဲ့ ဆန္တို႔စ့္ ေဘာလုံးကြင္းႀကီးမွာ ေဖေဖာ္ဝါရီလ ၂ ရက္ကစတင္ၿပီးက်င္းပသြားမွာျဖစ္ေၾကာင္းသိရပါတယ္။
ပီလီဟာ ဒီဇင္ဘာလ ၂၉ရက္၊ ညပိုင္းမွာ ကာလအတန္ၾကာခံစားေနရတဲ့ ကင္ဆာေရာဂါနဲ႔ကြယ္လြန္ခဲ့တာျဖစ္ၿပီး ေသဆုံးအခ်ိန္မွာအသက္ (၈၂)ႏွစ္ရွိေနၿပီျဖစ္ ေၾကာင္းသိရပါတယ္။ ရာစုႏွစ္ရဲ႕အေကာင္းဆုံးေဘာလုံးသမားတစ္ဦးအျဖစ္ သတ္မွတ္ခံထားရသလို ေဘာလုံးဘုရင္အျဖစ္ ခ်စ္စႏိုးအေခၚခံရတဲ့ ပီလီရဲ႕ေနာက္ ဆုံး ႏႈတ္ဆက္ပြဲကို ေဘာလုံးပရိသတ္မ်ားပါဝင္ႏိုင္ဖို႔ ဆန္တို႔စ္ေဘာလုံးကြင္းကို ေဒသစံေတာ္ခ်ိန္ နံနက္ ၁ဝ နာရီမွာစတင္ဖြင့္လွစ္သြားမွာျဖစ္ၿပီး ပီလီရဲ႕႐ုပ္အ ေလာင္းထည့္ထားတဲ့အေခါင္းကို ေဘာလုံးကြင္းအလယ္မွာ ျပသထားမွာလည္းျဖစ္ပါတယ္။
အဆိုပါေဘာလုံးကြင္းအတြင္း ပရိသတ္ေပါင္း ၁၆ဝဝဝ က အက်ႌအျဖဴေရာင္၊ အနက္ေရာင္ေတြဝတ္ဆင္ၿပီး ဝမ္းနည္းေၾကာင္းပုံစံမ်ိဳး သ႐ုပ္ေဖာ္သြားမယ္လို႔ လည္းဆိုပါတယ္။ ပြဲၾကည္စင္မွာ ႀကီးမားတဲ့အလံ သုံးခုလႊမ္းၿခံထားမွာျဖစ္ၿပီး အလံတစ္ခုမွာ ဂ်ာစီနံပတ္ ၁ဝ ကို ဝတ္ဆင္ထားတဲ့ ပီလီ႐ုပ္ပုံကိုလည္း ခင္းက်င္းပသြားမွာျဖစ္ေၾကာင္းသိရပါတယ္။ ဒါ့ျပင္ပြဲၾကည့္စင္မွာလည္း “Long live the king”; ဆိုတဲ့ စာသား၊ “Pele 82 years.”စာသားေတြကို သ႐ုပ္ေဖာ္ပုံစံမ်ိဳးေဖာ္က်ဴးသြားမွာျဖစ္ပါတယ္။
ပီလီဟာ ဘရာဇီးေဘာလုံးအသင္းကို ကမာၻ႔ဖလားခ်န္ပီယံဆု သုံးႀကိမ္ရယူႏိုင္ေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့သူျဖစ္ပါတယ္။ ဆန္တိုစ့္ၿမိဳ႕လမ္းေတြမွာလည္း ပီလီဈာပနနဲ႔ပတ္သက္ၿပီး စီတန္းလွည့္လည္ပြဲမ်ားက်င္းပသြားမွာျဖစ္ေၾကာင္းသိရပါတယ္။ စီတန္းလွည့္လည္သူမ်ားဟာ အသက္ ၁ဝဝ အ႐ြယ္ရွိ ပီလီရဲ႕မိခင္အိမ္ကို သြားေရာက္ၿပီးေနာက္ ဆန္တိုစ့္ၿမိဳ႕ရွိသုသာန္ကိုသြားေရာက္မွာျဖစ္ကာ သုသာန္မွာ ပီလီရဲ႕႐ုပ္အေလာင္းကို အထူးျပဳလုပ္ထားတဲ့ဂူဗီမာန္နဲ႔ျမႇဳပ္ႏွံသြားမွာျဖစ္ေၾကာင္းသိရပါတယ္။
ပီလီေသဆုံးမႈအေပၚ ကမာၻ႔ေဘာလုံးအသိုင္းအဝိုင္းသာမကကမာၻႏိုင္ငံေရးအသိုင္း အဝိုင္းက ထင္ရွားေက်ာ္ၾကားသူမ်ား ဝမ္းနည္းေၾကာင္းဆုေတာင္းမႈေတြလုပ္ေဆာင္ခဲ့ၿပီး ဘရာဇီးႏိုင္ငံမွာ ႏိုင္ငံေတာ္အဆင့္ ဝမ္းနည္းေၾကာင္း သုံးရက္ၾကာက်င္းပသြားမွာလည္းျဖစ္ပါတယ္။ ပီလီဟာ ကစားသမားဘဝအတြင္း အလွပဆုံးဂိုးမ်ားကို သြင္းယူႏိုင္သူအျဖစ္ သတ္မွတ္ခံခဲ့ရေၾကာင္း ကစားသမားဘဝ သက္တမ္း (၂၁)ႏွစ္အတြင္း ဂိုးေပါင္း (၁၂၈၃)ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ဘရာဇီးကလပ္ ဆန္တိုစ့္အသင္းမွာအခ်ိန္အမ်ားဆုံး ကစားခဲ့ေၾကာင္းသိရပါတယ္။