မလေးရှားနိုင်ငံရှိ Jakel အထည်ချုပ်စက်ရုံ မီးလောင်ကျွမ်းမှုဖြစ်ပွား၊ ပဏမ ဆုံးရှုံးမှုတန်ဖိုး ရင်းဂစ်သန်း ၁ဝဝ ခန့် ထိရှိ

 804

ရောင်နီ (NP News) - ဇန်နဝါရီ ၂

နာမည်ကျော် မလေးရှားအထည်ချုပ်နဲ့ အထည်အလိပ်လက်လီရောင်းချသူ Jakel Group လုပ်ငန်းစုရဲ့ ရုံးခွဲတစ်ခု ဖြစ်တဲ့ Shah Alam ခရိုင်မှ Jakel အထည်ချုပ်စက်ရုံမှာ ဇန်နဝါရီ ၁ ရက်က မီးလောင်မှုဖြစ်ပွားပြီးနောက် ဆုံးရှုံးမှု တန်ဖိုး ရင်းဂစ်သန်း ၁ဝဝ (အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၇ သန်း) နီးပါးထိ ဆုံးရှုံးရနိုင်တယ်လို့ ခန့်မှန်းထားပါ တယ်။

၎င်းရဲ့မန်နေးဂျင်းဒါရိုက်တာ မိုဟာမတ်ဖာရိုဇ်မိုဟာမတ်ဂျက်ကယ်လ်ကတော့ အဆောက်အအုံရဲ့တန်ဖိုးနဲ့ အမှန် တကယ်ဆုံးရှုံးမှုများကို မဆုံးဖြတ်ရသေးဘူးလို့ ပြောကြားပါတယ်။ မီးလောင်မှုမှာ နာရီအတော်ကြာ ငြှိမ်းသတ်ခဲ့ရ ပြီး ငါးထပ်အဆောက်အအုံရဲ့အစိတ်အပိုင်းအားလုံးနီးပါး ပျက်စီးသွားခဲ့ပါတယ်။ ဒေသဆိုင်ရာအာဏာပိုင်များနဲ့ ဆိုရှယ်မီဒီယာအသုံးပြုသူများမှ မျှဝေထားတဲ့ပုံရိပ်တွေအရ ပြင်းထန်တဲ့မီးတောက်တွေအပြင် လူစည်ကားတဲ့ လမ်းဆုံအနီး လမ်းထောင့်မှ မီးခိုးငွေ့များ ထွက်လာတာကို မြင်တွေ့ရပါတယ်။

မီးလောင်မှုမှာ နံနက် ၇ နာရီခန့်က စတင်ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ယူဆရကြောင်း မိုဟာမက်ဖာရို့ဇ်က ပြော ကြားပါတယ်။ “ဒါက ကုမ္ပဏီအတွက် ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်ပေမယ့် ကျွန်တော်တို့ ကံကြမ္မာအဖြစ် လက်ခံပါ တယ်” လို့ Jakel Shah Alam ဌာနခွဲမှ ဆိုပါတယ်။ ၄င်းမှ နှစ်စဉ်ရောင်းအား မှာရင်းဂစ်သန်း ၃ဝဝ ခန့်ရှိတယ်လို့ သိရပါတယ်။ ခရိုင်ရဲမှူး မိုဒ့်အီဘယ်လ်အိုင်ဘရာဟမ်က မီးလောင်မှုဟာ ဝါယာရှော့ဖြစ်ခြင်းကြောင့် ဖြစ်နိုင်တယ် လို့ ယူဆရပြီး အသေအပျောက်မရှိကြောင်း ဆိုပါတယ်။

အဆောက်အအုံဟာ မီးလုံးဝလောင်ကျွမ်းသွားခဲ့ပြီး မီးသတ်သမားများက သိုလှောင်ရုံအဖြစ် အသုံးပြုထားတဲ့ ကျန်အဆောက်အအုံများသို့ မီးမကူးစက်မီမှာ မီးကို ကနဦး ထိန်းချုပ်နိုင်ခဲ့ကြောင်း ၎င်းက ပြောကြားပါတယ်။ နာရီ များစွာကြာ မီးငြိမ်းသတ်ပြီးနောက် ညနေ ၃ နာရီအချိန်မှာ မီးလောင်မှုကို ထိန်းချုပ်နိုင်ခဲ့တာပါ။ အခင်းဖြစ်ပွားရာ သို့ မီးသတ်သမား ၉ဝ နီးပါးစေလွှတ်ခဲ့ပြီး ၎င်းတို့ထဲမှ တစ်ဦး ကျောက်တုံးပူနဲ့ ထိမှန်ပြီး ဒဏ်ရာအနည်းငယ်ရရှိခဲ့ ကြောင်း သိရပါတယ်။

Zawgyi Version;
မေလးရွားႏိုင္ငံရွိ Jakel အထည္ခ်ဳပ္စက္႐ုံ မီးေလာင္ကြၽမ္းမႈျဖစ္ပြား၊ ပဏမ ဆုံးရႈံးမႈတန္ဖိုး ရင္းဂစ္သန္း ၁ဝဝ ခန္႔ ထိရွိ
ေရာင္နီ (NP News) - ဇန္နဝါရီ ၂

နာမည္ေက်ာ္ မေလးရွားအထည္ခ်ဳပ္နဲ႔ အထည္အလိပ္လက္လီေရာင္းခ်သူ Jakel Group လုပ္ငန္းစုရဲ႕ ႐ုံးခြဲတစ္ခု ျဖစ္တဲ့ Shah Alam ခ႐ိုင္မွ Jakel အထည္ခ်ဳပ္စက္႐ုံမွာ ဇန္နဝါရီ ၁ ရက္က မီးေလာင္မႈျဖစ္ပြားၿပီးေနာက္ ဆုံးရႈံးမႈ တန္ဖိုး ရင္းဂစ္သန္း ၁ဝဝ (အေမရိကန္ေဒၚလာ ၂၂ ဒသမ ၇ သန္း) နီးပါးထိ ဆုံးရႈံးရႏိုင္တယ္လို႔ ခန္႔မွန္းထားပါ တယ္။

၎ရဲ႕မန္ေနးဂ်င္းဒါ႐ိုက္တာ မိုဟာမတ္ဖာ႐ိုဇ္မိုဟာမတ္ဂ်က္ကယ္လ္ကေတာ့ အေဆာက္အအုံရဲ႕တန္ဖိုးနဲ႔ အမွန္ တကယ္ဆုံးရႈံးမႈမ်ားကို မဆုံးျဖတ္ရေသးဘူးလို႔ ေျပာၾကားပါတယ္။ မီးေလာင္မႈမွာ နာရီအေတာ္ၾကာ ျငႇိမ္းသတ္ခဲ့ရ ၿပီး ငါးထပ္အေဆာက္အအုံရဲ႕အစိတ္အပိုင္းအားလုံးနီးပါး ပ်က္စီးသြားခဲ့ပါတယ္။ ေဒသဆိုင္ရာအာဏာပိုင္မ်ားနဲ႔ ဆိုရွယ္မီဒီယာအသုံးျပဳသူမ်ားမွ မွ်ေဝထားတဲ့ပုံရိပ္ေတြအရ ျပင္းထန္တဲ့မီးေတာက္ေတြအျပင္ လူစည္ကားတဲ့ လမ္းဆုံအနီး လမ္းေထာင့္မွ မီးခိုးေငြ႕မ်ား ထြက္လာတာကို ျမင္ေတြ႕ရပါတယ္။

မီးေလာင္မႈမွာ နံနက္ ၇ နာရီခန႔္က စတင္ျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ ယူဆရေၾကာင္း မိုဟာမက္ဖာ႐ို႕ဇ္က ေျပာ ၾကားပါတယ္။ “ဒါက ကုမၸဏီအတြက္ ႀကီးမားတဲ့ဆုံးရႈံးမႈတစ္ခုျဖစ္ေပမယ့္ ကြၽန္ေတာ္တို႔ ကံၾကမၼာအျဖစ္ လက္ခံပါ တယ္” လို႔ Jakel Shah Alam ဌာနခြဲမွ ဆိုပါတယ္။ ၄င္းမွ ႏွစ္စဥ္ေရာင္းအား မွာရင္းဂစ္သန္း ၃ဝဝ ခန႔္ရွိတယ္လို႔ သိရပါတယ္။ ခ႐ိုင္ရဲမႉး မိုဒ့္အီဘယ္လ္အိုင္ဘရာဟမ္က မီးေလာင္မႈဟာ ဝါယာေရွာ့ျဖစ္ျခင္းေၾကာင့္ ျဖစ္ႏိုင္တယ္ လို႔ ယူဆရၿပီး အေသအေပ်ာက္မရွိေၾကာင္း ဆိုပါတယ္။

အေဆာက္အအုံဟာ မီးလုံးဝေလာင္ကြၽမ္းသြားခဲ့ၿပီး မီးသတ္သမားမ်ားက သိုေလွာင္႐ုံအျဖစ္ အသုံးျပဳထားတဲ့ က်န္ အေဆာက္အအုံမ်ားသို႔ မီးမကူးစက္မီမွာ မီးကို ကနဦး ထိန္းခ်ဳပ္ႏိုင္ခဲ့ေၾကာင္း ၎က ေျပာၾကားပါတယ္။ နာရီ မ်ားစြာၾကာ မီးၿငိမ္းသတ္ၿပီးေနာက္ ညေန ၃ နာရီအခ်ိန္မွာ မီးေလာင္မႈကို ထိန္းခ်ဳပ္ႏိုင္ခဲ့တာပါ။ အခင္းျဖစ္ပြားရာ သို႔ မီးသတ္သမား ၉ဝ နီးပါးေစလႊတ္ခဲ့ၿပီး ၎တို႔ထဲမွ တစ္ဦး ေက်ာက္တုံးပူနဲ႔ ထိမွန္ၿပီး ဒဏ္ရာအနည္းငယ္ရရွိခဲ့ ေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.