“ချစ်သူများနေ့မှာ ဟိမဝန္တာမှာ တောင်တက်ခရီးထွက်ရင်း ဖူးစာရှင်နဲ့ ဆုံမိသွားသူ” (ထူးခြားသုတဆောင်းပါး)

 639

ဝတီ (NP News) - ဇန်နဝါရီ ၃

တောင်တက်ခရီး သွားရတာကို ဝါသနာကြီးလှတဲ့ ကမ္ဘာလှည့်ခရီးသွားတွေကြားမှာ ဟိမဝန္တာတောင်တန်း နာမည်ကြီးတာကတော့ အထွေအထူးပြောနေစရာတောင် မလိုတော့ပါဘူး။ ဒီလိုတောင်တက် စွန့်စားခရီးသွားရင်း သမီးရည်းစား ဖြစ်သွားကြသူတွေလည်းနည်းမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ခရီးသွားရင်း ချစ်စိတ် ဝင်လာတာမျိုးဟာ ရေရှည် မခံတတ်ပါဘူး။ ခရီးလည်း ပြီးသွားရော တစ်ယောက်နဲ့တစ်ယောက် မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြတာများပါတယ်။ ဒါပေမဲ့ အခုပြောပြသွားမယ့် စုံတွဲကတော့ ဟိမဝန္တာမှာ စွန့်စားခရီးထွက်ရင်း မထင်မှတ်ဘဲဆုံသွားကြတာ ဖြစ်ပေမယ့် တကယ့်ကို ဘဝလက်တွဲဖော်တွေဖြစ်သွားကြပါတယ်။ အထူးခြားဆုံး အချက်ကတော့ သူတို့နှစ်ယောက်ဟာချစ်သူများနေ့မှာ စဆုံမိသွားကြတာပါပဲ။ နှင်းဖုံးနေတဲ့ ဟိမဝန္တာတောင်တန်း မှာ လီဂရင်း (Lee Green) နဲ့ မန်ဒီဟယ်လ်ဆီ (Mandy Halse) မထင်မှတ်ဘဲ ဆုံမိသွားခဲ့ကြတာပါ။

သူတို့နှစ်ယောက်မှာ တစ်ယောက်ကအင်္ဂလန်က ၊ တစ်ယောက်က နယူးဇီလန်ကပါ။ အသက် ၂ဝ ကျော်အရွယ်လေးမှာ သူတို့က တခြားလူငယ်တွေလိုပဲ ကမ္ဘာအနှံ့ခြေဆန့်နေကြတာဖြစ်ပါတယ်။ ဒီလို ကျောပိုးအိတ်တစ်လုံးနဲ့ ကမ္ဘာပတ်ခရီး ထွက်ရင်းသူတို့နှစ်ယောက် နီပေါက လက်ဖက်ရည်ဆိုင်လေးတစ်ခုမှာ စ ဆုံမိသွားတာပါ။ နယူးဇီလန်သူ မန်ဒီက ထိုင်းနဲ့ မလေးရှား တလွှားလည်ပတ်လေ့လာလို့ အပြီးမှာ လမ်းမှာတွေ့တဲ့ တခြားကမ္ဘာလှည့်ဗြိတိသျှ မိန်းကလေး ခရစ်တီ Kristy နဲ့အတူ နီပေါကို ရောက်လာတာပါ။ နီပေါမှာ တောင်တက် ခရီးကြမ်း နှင်ကြတော့ လမ်းတစ်လျှောက်မှာတွေ့ရတဲ့ ရှုခင်းတွေကို ကြည့်ပြီး သူတို့နှစ်ယောက်မှာ ရင်သပ်ရှုမောဖြစ်ကြရပါတယ်။

အထူးသဖြင့် လက်ဖက်ရည်ဆိုင်လေးပါ တွဲဖွင့်ထားတဲ့တည်းခိုဆောင်လေးတစ်ခုကို ရောက်တော့ သူတို့မှာ ပတ်ဝန်းကျင်အလှအပကို လှမ်းမျှော်ကြည့်ပြီး လှလွန်းလို့ အံ့သြမဆုံးနိုင်အောင်ဖြစ်သွားကြရပါတယ်။ အဲဒီနေ့ဟာ တိုက်တိုက်ဆိုင်ဆိုင် ချစ်သူများနေ့ဖြစ်နေပါတယ်။ အဲဒီအချိန်မှာပဲ တည်းခိုဆောင်ထဲကို တောင်တက်သမားနှစ်ယောက် ဝင်လာပါတော့တယ်။ အဲဒီနှစ်ယောက်ထဲမှာ တစ်ယောက်ကတော့ တစ်ချိန်ကျရင်သူ့ခင်ပွန်းဖြစ်လာမယ့် လီဂရင်းပါပဲ။ ဒါ့ပြင် နည်းနည်းကြာတော့တခြားအဖွဲ့တွေပါ ရောက်လာပါတော့တယ်။ အဲဒီလက်ဖက်ရည်ဆိုင်လေးဟာ တောင်တက်သမားတွေ ခရီးတစ်ထောက် ဝင်နားလေ့ရှိတဲ့နေရာပေ့ါ။ဒီလိုနဲ့ သူတို့တတွေ အတူ တောင် ဆက် တက်ကြပါတယ်။ တောင်တက်ရင်း၊ စကားပြောရင်းနဲ့ နှစ်ယောက်သား ရင်းနှီးလာကြပြီး ဖေဖော်ဝါရီလ ၂၉ ရက်မှာတော့ ရည်းစား ဖြစ်သွားကြပါတော့တယ်။ စကားပြောရင်းပြောရင်းနဲ့မှ သူတို့နှစ်ယောက် အတော်လေး စရိုက်တူ၊အကြိုက်တူကြတယ်ဆိုတာ သိလာကြတာပါ။ ဥပမာအားဖြင့်ဆိုရင်သူတို့နှစ်ယောက်လုံးက မရောက်ဖူးသေးတဲ့ နေရာတွေ လျှောက်သွားပြီးလေ့လာစူးစမ်းရတာကို အရူးအမူး ကြိုက်တာပါပဲ။ တောင်တက်ခရီးစဉ်ကြီးပြီးသွားတော့ သူတို့က အိန္ဒိယကို နှစ်ယောက်တည်း အတူသွားလည်ဖို့စီစဉ်ကြပြန်ပါတယ်။ ချစ်သူတွေဖြစ်သွားကြပြီဆိုတော့ ချစ်ရနံ့တွေနဲ့သင်းပျံ့ထုံမွှမ်းနေတဲ့ တာ့ဂျ်မဟာ ( Taj Mahal ) ကိုလည်း အရောက်သွားခဲ့ကြတာပေါ့။ သူတို့နှစ်ယောက် အိန္ဒိယတလွှားကို ရထားနဲ့ အဓိကလည်ပတ်ခဲ့ကြတာ ခြောက်ပတ် ကြာခဲ့ပါတယ်။ ခရီးစဉ်တလျှောက်မှာနှစ်ယောက်သား မိုးမမြင် လေမမြင် ပျော်ခဲ့ကြတာပေါ့။

ပြီးတော့မန်ဒီက အင်္ဂလန်ကို လိုက်သွားပါသေးတယ်။ အင်္ဂလန်ရောက်တော့လီဂရင်းက အလုပ် ပြန်ဝင်ရပြီဆိုပေမယ့် အားတဲ့ရက်တွေမှာဆိုနယူးဇီလန်သူ မန်ဒီကို အင်္ဂလန်က နာမည်ကြီးနေရာတွေ လိုက်ပို့ပေးပါတယ်။ မန်ဒီ နယူးဇီလန်ကို ပြန်လာတော့လည်း လီဂရင်းကလိုက်လည်ပါတယ်။ ဒီလို တစ်ယောက်နိုင်ငံကို တစ်ယောက် သွားလည်ရင်းနဲ့မှ နောက်ပိုင်းမှာတော့ သူတို့က တစ်နှစ်မှာ ခြောက်လ ကြိုးစားအလုပ်လုပ်၊ ပိုက်ဆံစုပြီး ကျန်တဲ့ခြောက်လကိုတော့ကမ္ဘာပတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အစကတော့ သူတို့နှစ်ယောက်က လွတ်လွတ်လပ်လပ်ပဲ နေချင်ကြပါတယ်။ လက်လည်း မထပ်ချင်၊ တစ်နေရာရာမှာလည်း အခြေ မချချင်၊ ကလေးလည်း မယူချင်ပါဘူး။ ဒါပေမဲ့ တစ်ယောက်တစ်နိုင်ငံစီဆိုတော့ ရေရှည်မှာ အဆင်မပြေပါဘူး။ ဒါနဲ့ပဲ လက်ထပ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။

ဒါကြောင့် ၂ဝဝ၁ ခုနှစ်ထဲမှာတော့နယူးဇီလန်မှာ လက်ထပ်လိုက်ကြပါတယ်။ သူတို့ကမန်ဒီ့အမေရဲ့ ခြံဝင်းထဲမှာပဲ လက်ထပ်ပွဲလေး လုပ်လိုက်တာပါ။သူတို့နှစ်ယောက်လုံးက ရှာသမျှပိုက်ဆံကို ခရီးသွားဖို့အတွက်ပဲအဓိက သုံးချင်တာပါ။ သူတို့က ခြိုးခြိုးခြံခြံ နေထိုင်စားသောက်မယ်၊ပြီးရင် ခရီးထွက်မယ်ဆိုတဲ့ လူစားတွေပေါ့။ ဒီလို ခြိုးခြံချွေတာခဲ့လို့လည်း ၂ဝ၁၇ ခုနှစ်ထဲမှာ သူတို့အငြိမ်းစား ယူနိုင်သွားတာပါ။
၂ဝ၁၇ ခုနှစ်ထဲမှာ အသက် ၄ဝ နှောင်းပိုင်း ရောက်လာချိန်မှာပဲသူတို့နှစ်ယောက်လုံး အလုပ်ကနေ အနားယူလိုက်တော့တာပါ။

“တစ်ရက် အသုံးစရိတ် ဒေါ်လာ ၂ဝ ကနေ ၂၅ ဒေါ်လာ ကြားပဲထားနိုင်ရင် တစ်သက်လုံး ခရီးထွက်လို့ရပြီဆိုတာ ကျွန်မတို့အစောကြီးကတည်းက တွက်ထားတယ်”လို့ မန်ဒီကပြောပြပါတယ်။ အလုပ်ကနေ အနားယူပြီးတာနဲ့တပြိုင်နက် သူတို့နှစ်ယောက်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ဝ ကျော်က သူတို့နှစ်ယောက် စတွေ့ခဲ့တဲ့ နေရာကို အရောက်ပြန်သွားခဲ့ကြပါတယ်။ နီပေါက နှစ်ပေါင်း ၂ဝ ကျော်အတွင်းမှာ အတော်လေး ပြောင်းလဲ သွားပြီဆိုပေမယ့် အဲဒီနေရာလေးကို တစ်ခေါက်ပြန်သွားရတာ အရင်တုန်းကလိုပဲသိပ်ပျော်စရာ ကောင်းနေတုန်းပဲ၊ ရှုခင်း သိပ်လှတဲ့ လက်ဖက်ရည်ဆိုင်လေးကိုလည်း ပြန်ရောက်ခဲ့တယ်၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ဝ ကျော်ကဆုံခဲ့ရတဲ့ လူတချို့နဲ့လည်း မထင်မှတ်ဘဲ ပြန်ဆုံခွင့် ရခဲ့သေးတယ်လို့သူတို့က ပြောပြပါတယ်။

“ရောက်ခဲ့ဖူးသမျှ နိုင်ငံတွေထဲမှာနီပေါကို အကြိုက်ဆုံးပဲ။ ဘဝ လက်တွဲဖော်ကို စတွေ့ခဲ့ရတဲ့နေရာ၊ ကျွန်တော့် ဘဝကို ကောင်းသောပြောင်းလဲခြင်းတွေ ဖြစ်စေခဲ့တဲ့ နေရာကြောင့်မို့ နီပေါနိုင်ငံကို အကြိုက်ဆုံးဖြစ်နေတာလားတော့မပြောတတ်ဘူး”လို့ လီဂရင်းက ပြောပါတယ်။

zawgyi version
“ခ်စ္သူမ်ားေန႔မွာ ဟိမဝႏၲာမွာ ေတာင္တက္ခရီးထြက္ရင္း ဖူးစာရွင္နဲ႔ ဆုံမိသြားသူ” (ထူးျခားသုတေဆာင္းပါး)
ဝတီ (NP News) - ဇန္နဝါရီ ၃

ေတာင္တက္ခရီး သြားရတာကို ဝါသနာႀကီးလွတဲ့ ကမာၻလွည့္ခရီးသြားေတြၾကားမွာ ဟိမဝႏၲာေတာင္တန္း နာမည္ႀကီးတာကေတာ့ အေထြအထူးေျပာေနစရာေတာင္ မလိုေတာ့ပါဘူး။ ဒီလိုေတာင္တက္ စြန႔္စားခရီးသြားရင္း သမီးရည္းစား ျဖစ္သြားၾကသူေတြလည္းနည္းမွာ မဟုတ္ပါဘူး။ ဒါေပမဲ့ ခရီးသြားရင္း ခ်စ္စိတ္ ဝင္လာတာမ်ိဳးဟာ ေရရွည္ မခံတတ္ပါဘူး။ ခရီးလည္း ၿပီးသြားေရာ တစ္ေယာက္နဲ႔တစ္ေယာက္ ေမ့ေမ့ေပ်ာက္ေပ်ာက္ ျဖစ္သြားၾကတာမ်ားပါတယ္။ ဒါေပမဲ့ အခုေျပာျပသြားမယ့္ စုံတြဲကေတာ့ ဟိမဝႏၲာမွာ စြန႔္စားခရီးထြက္ရင္း မထင္မွတ္ဘဲဆုံသြားၾကတာ ျဖစ္ေပမယ့္ တကယ့္ကို ဘဝလက္တြဲေဖာ္ေတြျဖစ္သြားၾကပါတယ္။ အထူးျခားဆုံး အခ်က္ကေတာ့ သူတို႔ႏွစ္ေယာက္ဟာခ်စ္သူမ်ားေန႔မွာ စဆုံမိသြားၾကတာပါပဲ။ ႏွင္းဖုံးေနတဲ့ ဟိမဝႏၲာေတာင္တန္း မွာ လီဂရင္း (Lee Green) နဲ႔ မန္ဒီဟယ္လ္ဆီ (Mandy Halse) မထင္မွတ္ဘဲ ဆုံမိသြားခဲ့ၾကတာပါ။

သူတို႔ႏွစ္ေယာက္မွာ တစ္ေယာက္ကအဂၤလန္က ၊ တစ္ေယာက္က နယူးဇီလန္ကပါ။ အသက္ ၂ဝ ေက်ာ္အ႐ြယ္ေလးမွာ သူတို႔က တျခားလူငယ္ေတြလိုပဲ ကမာၻအႏွံ႔ေျခဆန႔္ေနၾကတာျဖစ္ပါတယ္။ ဒီလို ေက်ာပိုးအိတ္တစ္လုံးနဲ႔ ကမာၻပတ္ခရီး ထြက္ရင္းသူတို႔ႏွစ္ေယာက္ နီေပါက လက္ဖက္ရည္ဆိုင္ေလးတစ္ခုမွာ စ ဆုံမိသြားတာပါ။ နယူးဇီလန္သူ မန္ဒီက ထိုင္းနဲ႔ မေလးရွား တလႊားလည္ပတ္ေလ့လာလို႔ အၿပီးမွာ လမ္းမွာေတြ႕တဲ့ တျခားကမာၻလွည့္ၿဗိတိသွ် မိန္းကေလး ခရစ္တီ Kristy နဲ႔အတူ နီေပါကို ေရာက္လာတာပါ။ နီေပါမွာ ေတာင္တက္ ခရီးၾကမ္း ႏွင္ၾကေတာ့ လမ္းတစ္ေလွ်ာက္မွာေတြ႕ရတဲ့ ရႈခင္းေတြကို ၾကည့္ၿပီး သူတို႔ႏွစ္ေယာက္မွာ ရင္သပ္ရႈေမာျဖစ္ၾကရပါတယ္။

အထူးသျဖင့္ လက္ဖက္ရည္ဆိုင္ေလးပါ တြဲဖြင့္ထားတဲ့တည္းခိုေဆာင္ေလးတစ္ခုကို ေရာက္ေတာ့ သူတို႔မွာ ပတ္ဝန္းက်င္အလွအပကို လွမ္းေမွ်ာ္ၾကည့္ၿပီး လွလြန္းလို႔ အံ့ၾသမဆုံးႏိုင္ေအာင္ျဖစ္သြားၾကရပါတယ္။ အဲဒီေန႔ဟာ တိုက္တိုက္ဆိုင္ဆိုင္ ခ်စ္သူမ်ားေန႔ျဖစ္ေနပါတယ္။ အဲဒီအခ်ိန္မွာပဲ တည္းခိုေဆာင္ထဲကို ေတာင္တက္သမားႏွစ္ေယာက္ ဝင္လာပါေတာ့တယ္။ အဲဒီႏွစ္ေယာက္ထဲမွာ တစ္ေယာက္ကေတာ့ တစ္ခ်ိန္က်ရင္သူ႔ခင္ပြန္းျဖစ္လာမယ့္ လီဂရင္းပါပဲ။ ဒါ့ျပင္ နည္းနည္းၾကာေတာ့တျခားအဖြဲ႕ေတြပါ ေရာက္လာပါေတာ့တယ္။ အဲဒီလက္ဖက္ရည္ဆိုင္ေလးဟာ ေတာင္တက္သမားေတြ ခရီးတစ္ေထာက္ ဝင္နားေလ့ရွိတဲ့ေနရာေပ့ါ။ဒီလိုနဲ႔ သူတို႔တေတြ အတူ ေတာင္ ဆက္ တက္ၾကပါတယ္။ ေတာင္တက္ရင္း၊ စကားေျပာရင္းနဲ႔ ႏွစ္ေယာက္သား ရင္းႏွီးလာၾကၿပီး ေဖေဖာ္ဝါရီလ ၂၉ ရက္မွာေတာ့ ရည္းစား ျဖစ္သြားၾကပါေတာ့တယ္။ စကားေျပာရင္းေျပာရင္းနဲ႔မွ သူတို႔ႏွစ္ေယာက္ အေတာ္ေလး စ႐ိုက္တူ၊အႀကိဳက္တူၾကတယ္ဆိုတာ သိလာၾကတာပါ။ ဥပမာအားျဖင့္ဆိုရင္သူတို႔ႏွစ္ေယာက္လုံးက မေရာက္ဖူးေသးတဲ့ ေနရာေတြ ေလွ်ာက္သြားၿပီးေလ့လာစူးစမ္းရတာကို အ႐ူးအမူး ႀကိဳက္တာပါပဲ။ ေတာင္တက္ခရီးစဥ္ႀကီးၿပီးသြားေတာ့ သူတို႔က အိႏၵိယကို ႏွစ္ေယာက္တည္း အတူသြားလည္ဖို႔စီစဥ္ၾကျပန္ပါတယ္။ ခ်စ္သူေတြျဖစ္သြားၾကၿပီဆိုေတာ့ ခ်စ္ရနံ႔ေတြနဲ႔သင္းပ်ံ႕ထုံမႊမ္းေနတဲ့ တာ့ဂ်္မဟာ ( Taj Mahal ) ကိုလည္း အေရာက္သြားခဲ့ၾကတာေပါ့။ သူတို႔ႏွစ္ေယာက္ အိႏၵိယတလႊားကို ရထားနဲ႔ အဓိကလည္ပတ္ခဲ့ၾကတာ ေျခာက္ပတ္ ၾကာခဲ့ပါတယ္။ ခရီးစဥ္တေလွ်ာက္မွာႏွစ္ေယာက္သား မိုးမျမင္ ေလမျမင္ ေပ်ာ္ခဲ့ၾကတာေပါ့။

ၿပီးေတာ့မန္ဒီက အဂၤလန္ကို လိုက္သြားပါေသးတယ္။ အဂၤလန္ေရာက္ေတာ့လီဂရင္းက အလုပ္ ျပန္ဝင္ရၿပီဆိုေပမယ့္ အားတဲ့ရက္ေတြမွာဆိုနယူးဇီလန္သူ မန္ဒီကို အဂၤလန္က နာမည္ႀကီးေနရာေတြ လိုက္ပို႔ေပးပါတယ္။ မန္ဒီ နယူးဇီလန္ကို ျပန္လာေတာ့လည္း လီဂရင္းကလိုက္လည္ပါတယ္။ ဒီလို တစ္ေယာက္ႏိုင္ငံကို တစ္ေယာက္ သြားလည္ရင္းနဲ႔မွ ေနာက္ပိုင္းမွာေတာ့ သူတို႔က တစ္ႏွစ္မွာ ေျခာက္လ ႀကိဳးစားအလုပ္လုပ္၊ ပိုက္ဆံစုၿပီး က်န္တဲ့ေျခာက္လကိုေတာ့ကမာၻပတ္ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ အစကေတာ့ သူတို႔ႏွစ္ေယာက္က လြတ္လြတ္လပ္လပ္ပဲ ေနခ်င္ၾကပါတယ္။ လက္လည္း မထပ္ခ်င္၊ တစ္ေနရာရာမွာလည္း အေျခ မခ်ခ်င္၊ ကေလးလည္း မယူခ်င္ပါဘူး။ ဒါေပမဲ့ တစ္ေယာက္တစ္ႏိုင္ငံစီဆိုေတာ့ ေရရွည္မွာ အဆင္မေျပပါဘူး။ ဒါနဲ႔ပဲ လက္ထပ္ဖို႔ဆုံးျဖတ္လိုက္ၾကပါတယ္။

ဒါေၾကာင့္ ၂ဝဝ၁ ခုႏွစ္ထဲမွာေတာ့နယူးဇီလန္မွာ လက္ထပ္လိုက္ၾကပါတယ္။ သူတို႔ကမန္ဒီ့အေမရဲ႕ ၿခံဝင္းထဲမွာပဲ လက္ထပ္ပြဲေလး လုပ္လိုက္တာပါ။သူတို႔ႏွစ္ေယာက္လုံးက ရွာသမွ်ပိုက္ဆံကို ခရီးသြားဖို႔အတြက္ပဲအဓိက သုံးခ်င္တာပါ။ သူတို႔က ၿခိဳးၿခိဳးၿခံၿခံ ေနထိုင္စားေသာက္မယ္၊ၿပီးရင္ ခရီးထြက္မယ္ဆိုတဲ့ လူစားေတြေပါ့။ ဒီလို ၿခိဳးၿခံေခြၽတာခဲ့လို႔လည္း ၂ဝ၁၇ ခုႏွစ္ထဲမွာ သူတို႔အၿငိမ္းစား ယူႏိုင္သြားတာပါ။
၂ဝ၁၇ ခုႏွစ္ထဲမွာ အသက္ ၄ဝ ေႏွာင္းပိုင္း ေရာက္လာခ်ိန္မွာပဲသူတို႔ႏွစ္ေယာက္လုံး အလုပ္ကေန အနားယူလိုက္ေတာ့တာပါ။

“တစ္ရက္ အသုံးစရိတ္ ေဒၚလာ ၂ဝ ကေန ၂၅ ေဒၚလာ ၾကားပဲထားႏိုင္ရင္ တစ္သက္လုံး ခရီးထြက္လို႔ရၿပီဆိုတာ ကြၽန္မတို႔အေစာႀကီးကတည္းက တြက္ထားတယ္”လို႔ မန္ဒီကေျပာျပပါတယ္။ အလုပ္ကေန အနားယူၿပီးတာနဲ႔တၿပိဳင္နက္ သူတို႔ႏွစ္ေယာက္က လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၂ဝ ေက်ာ္က သူတို႔ႏွစ္ေယာက္ စေတြ႕ခဲ့တဲ့ ေနရာကို အေရာက္ျပန္သြားခဲ့ၾကပါတယ္။ နီေပါက ႏွစ္ေပါင္း ၂ဝ ေက်ာ္အတြင္းမွာ အေတာ္ေလး ေျပာင္းလဲ သြားၿပီဆိုေပမယ့္ အဲဒီေနရာေလးကို တစ္ေခါက္ျပန္သြားရတာ အရင္တုန္းကလိုပဲသိပ္ေပ်ာ္စရာ ေကာင္းေနတုန္းပဲ၊ ရႈခင္း သိပ္လွတဲ့ လက္ဖက္ရည္ဆိုင္ေလးကိုလည္း ျပန္ေရာက္ခဲ့တယ္၊ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၂ဝ ေက်ာ္ကဆုံခဲ့ရတဲ့ လူတခ်ိဳ႕နဲ႔လည္း မထင္မွတ္ဘဲ ျပန္ဆုံခြင့္ ရခဲ့ေသးတယ္လို႔သူတို႔က ေျပာျပပါတယ္။

“ေရာက္ခဲ့ဖူးသမွ် ႏိုင္ငံေတြထဲမွာနီေပါကို အႀကိဳက္ဆုံးပဲ။ ဘဝ လက္တြဲေဖာ္ကို စေတြ႕ခဲ့ရတဲ့ေနရာ၊ ကြၽန္ေတာ့္ ဘဝကို ေကာင္းေသာေျပာင္းလဲျခင္းေတြ ျဖစ္ေစခဲ့တဲ့ ေနရာေၾကာင့္မို႔ နီေပါႏိုင္ငံကို အႀကိဳက္ဆုံးျဖစ္ေနတာလားေတာ့မေျပာတတ္ဘူး”လို႔ လီဂရင္းက ေျပာပါတယ္။

Related news

© 2021. All rights reserved.