ကမ္ဘာတည်သရွေ့ မြန်မာတည်ရှိရမည်ဟု နစကအကြီးအကဲ ကြွေးကြော်

 3506

မျိုးကြီး (NP News) - ဇန်နဝါရီ ၄

ကမ္ဘာတည်သရွေ့ မြန်မာတည်ရှိရမည်ဟု နစကအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကြွေးကြော်ကာ ပြောဆိုလိုက်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ (ဇန်နဝါရီလ ၄ ရက်)တွင် နေပြည်တော်ရှိ ဗိုလ်ရှုခံရင်ပြင်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်တွင်းအားဖြင့်သာ အဓိကထား တည်ဆောက်ကြရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“မြေပေါ်မြေအောက်နဲ့ ရေသယံဇာတကြွယ်ဝပြီး လူသားအရင်းအမြစ်ရှိနေတဲ့ ကျွန် တော်တို့နိုင်ငံဟာ မဖွံ့ဖြိုးမတိုးတက်စရာမရှိပါဘူး။ ကျွန်တော်တို့ ညီညွတ်ရင်၊ ကြိုး စားရင် ကျွန်တော်တို့နိုင်ငံဟာ ဒေသတွင်းမှသည် ကမ္ဘာ့ထိပ်တန်းနိုင်ငံအထိ မလွဲဧကန်ရောက်ရှိမှာဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ပြီးခဲ့သော (၇၅)နှစ်တာကာလအတွင်း အခက်အခဲပေါင်းများစွာကို ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှားနိုင်ခဲ့မှုအတွက် ပြည်ထောင်စုဖွားတိုင်းရင်းသားပြည်သူများအားလုံးကို ချီးကျူးဂုဏ်ပြုကြောင်း နစကအကြီးအကဲက ထည့်သွင်းပြောဆိုထားသည်။

“(၇၅)နှစ်မှသည် နှစ်ရာ၊ ထောင်မက ကမ္ဘာတည်သရွေ့ နိုင်ငံတော်ကြီးဝင့်ကြွားစွာ ထာဝရတည်တံ့နေဖို့ ကျွန်တော်တို့အားလုံး နိုင်ငံချစ်စိတ်၊ မြန်မာစိတ်နဲ့ ကြိုးစားလုပ်ဆောင်သွားကြဖို့ တိုက်တွန်းလိုပါတယ်။ ကမ္ဘာတည်သရွေ့၊ မြန်မာတည်ရှိရပါ မယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကြွေးကြော်ကာ ပြောဆိုခဲ့သည်။

ထို့ပြင် ၎င်းက မြန်မာ့ဒီမိုကရေစီအရေးကို ဝိုင်းဝန်းကာကွယ်ပေးကြရန်အတွက် တိုက်တွန်းမေတ္တာရပ်ခံခဲ့ပြီး လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက်လည်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောဆိုခဲ့သည်။

zawgyi version
ကမာၻတည္သေ႐ြ႕ ျမန္မာတည္ရွိရမည္ဟု နစကအႀကီးအကဲ ေႂကြးေၾကာ္
မ်ိဳးႀကီး (NP News) - ဇန္နဝါရီ ၄

ကမာၻတည္သေ႐ြ႕ ျမန္မာတည္ရွိရမည္ဟု နစကအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေႂကြးေၾကာ္ကာ ေျပာဆိုလိုက္သည္။

ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ယေန႔ (ဇန္နဝါရီလ ၄ ရက္)တြင္ ေနျပည္ေတာ္ရွိ ဗိုလ္ရႈခံရင္ျပင္၌ (၇၅)ႏွစ္ေျမာက္ စိန္ရတုလြတ္လပ္ေရးေန႔အခမ္းအနားတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

တိုင္းျပည္ဖြံ႕ၿဖိဳးတိုးတက္ေရးကို ျပည္တြင္းအားျဖင့္သာ အဓိကထား တည္ေဆာက္ၾကရမည္ျဖစ္ေၾကာင္း ၎က ဆိုသည္။

“ေျမေပၚေျမေအာက္နဲ႔ ေရသယံဇာတႂကြယ္ဝၿပီး လူသားအရင္းအျမစ္ရွိေနတဲ့ ကြၽန္ ေတာ္တို႔ႏိုင္ငံဟာ မဖြံ႕ၿဖိဳးမတိုးတက္စရာမရွိပါဘူး။ ကြၽန္ေတာ္တို႔ ညီၫြတ္ရင္၊ ႀကိဳး စားရင္ ကြၽန္ေတာ္တို႔ႏိုင္ငံဟာ ေဒသတြင္းမွသည္ ကမာၻ႔ထိပ္တန္းႏိုင္ငံအထိ မလြဲဧကန္ေရာက္ရွိမွာျဖစ္ပါတယ္”ဟု ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာသည္။

ၿပီးခဲ့ေသာ (၇၅)ႏွစ္တာကာလအတြင္း အခက္အခဲေပါင္းမ်ားစြာကို ႀကံ့ႀကံ့ခံရင္ဆိုင္ေက်ာ္လႊားႏိုင္ခဲ့မႈအတြက္ ျပည္ေထာင္စုဖြားတိုင္းရင္းသားျပည္သူမ်ားအားလုံးကို ခ်ီးက်ဴးဂုဏ္ျပဳေၾကာင္း နစကအႀကီးအကဲက ထည့္သြင္းေျပာဆိုထားသည္။

“(၇၅)ႏွစ္မွသည္ ႏွစ္ရာ၊ ေထာင္မက ကမာၻတည္သေ႐ြ႕ ႏိုင္ငံေတာ္ႀကီးဝင့္ႂကြားစြာ ထာဝရတည္တံ့ေနဖို႔ ကြၽန္ေတာ္တို႔အားလုံး ႏိုင္ငံခ်စ္စိတ္၊ ျမန္မာစိတ္နဲ႔ ႀကိဳးစားလုပ္ေဆာင္သြားၾကဖို႔ တိုက္တြန္းလိုပါတယ္။ ကမာၻတည္သေ႐ြ႕၊ ျမန္မာတည္ရွိရပါ မယ္”ဟု ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေႂကြးေၾကာ္ကာ ေျပာဆိုခဲ့သည္။

ထို႔ျပင္ ၎က ျမန္မာ့ဒီမိုကေရစီအေရးကို ဝိုင္းဝန္းကာကြယ္ေပးၾကရန္အတြက္ တိုက္တြန္းေမတၱာရပ္ခံခဲ့ၿပီး လြတ္လပ္ၿပီး တရားမွ်တသည့္ ေ႐ြးေကာက္ပြဲကို ေအာင္ျမင္စြာက်င္းပႏိုင္ေရးအတြက္လည္း ဝိုင္းဝန္းႀကိဳးပမ္းေဆာင္႐ြက္ေပးၾကရန္ တိုက္တြန္းေျပာဆိုခဲ့သည္။

Picture

09883352034

05/01/2023 10:50

❤️❤️❤️

Picture

Golden Blood

05/01/2023 15:15

ရွှေမန်းကွ 😆

Related news

© 2021. All rights reserved.