(၂)နှစ်အတွင်း ကမ္ဘာ့အဆင့်(၁၅၉) နေရာသို့ရောက်ရှိသွားသည့် မြန်မာလက်ရွေးစင်ဘောလုံးအသင်း

 1749

ရဲပြည့် (NP News) - ဇန်နဝါရီ ၅

မြန်မာလက်ရွေးစင်ဘောလုံးအသင်းသည် ၂ဝ၂၁ ခုနှစ်နှင့် ၂ဝ၂၂ ခုနှစ်အတွင်း နိုင်ငံတကာပွဲစဉ် (၂၁)ပွဲ ကစားထားရာ (၁၇)ပွဲရှုံးနိမ့်ထားပြီး ကမ္ဘာ့အဆင့် (၁၃၇)နေရာမှ (၁၅၉)သို့ရောက်ရှိသွားပြီဖြစ်သည်။

မြန်မာအသင်းအနေဖြင့် ၂ဝ၂ဝ ခုနှစ်၊ ဒီဇင်ဘာလက ကမ္ဘာ့အဆင့် (၁၃၇)နေရာတွင် ရပ်တည်နေသော်လည်း ၂ဝ၂၂ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက် ဖီဖာ၏နောက်ဆုံးထုတ်ပြန်ချက်အရ အဆင့်(၁၅၉) အဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။

မြန်မာအသင်းသည် ၂ဝ၂၁ ခုနှစ်အတွင်း ခြေစမ်းပွဲအပါအဝင် နိုင်ငံတကာပွဲစဉ်
(၉)ပွဲကစားထားရာ တစ်ပွဲသာအနိုင်ရထားပြီး(၈)ပွဲအထိ ရှုံးနိမ့်ထားခဲ့သည်။

ထို့ပြင် ၂ဝ၂၂ ခုနှစ်အတွင်း၌လည်း ခြေစမ်းပွဲအပါအဝင် နိုင်ငံတကာပွဲစဉ်(၁၂)ပွဲကစားထားရာ သရေပွဲ(၂)ပွဲရှိခဲ့ပြီး (၁ဝ)ပွဲအထိ ရှုံးနိမ့်ထားခဲ့သည်။

မြန်မာအသင်းသည် ၂ဝ၂၁-၂ဝ၂၂ ခုနှစ်အတွင်း ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်(၂၁)ပွဲတွင် (၁)ပွဲသာအနိုင်ရထားပြီး သရေ(၃)ပွဲနှင့် (၁၇)ပွဲရှုံးနိမ့်ထားကာ ခြေစွမ်းပိုင်းသိသိသာသာ ထိုးကျသွားခဲ့ခြင်းဖြစ်သည်။ ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်တိုင်းတွင်လည်း ဂိုးပြတ်အနေအထားများဖြင့် အရေးနိမ့်ထားသည်ကိုတွေ့ရသည်။

မြန်မာလက်ရွေးစင်အသင်း၏ နည်းပြချုပ် အန်တွမ်နီဟေးသည် မြန်မာအသင်းကို နှစ်ကြိမ်ကိုင်တွယ်ခဲ့ပြီး ပထမအကြိမ်ကိုင်တွယ်ခဲ့စဉ်က မြန်မာအသင်းသည် ၂ဝ၁၈ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲမှထွက်ခဲ့ရပြီး ဒုတိယအကြိမ်ကိုင်တွယ်ရာတွင် ၂ဝ၂ဝ အာဆီယံဆူဇူကီးဖလားတွင် အုပ်စုမှထွက်ခဲ့ရသကဲ့သို့ ၂ဝ၂၃ အာရှဖလားဒုတိယအဆင့်ခြေစစ်ပွဲတွင်လည်း အုပ်စုမှထွက်ရပြီး လက်ရှိ ၂ဝ၂၂ အာဆီယံမစ်ဆူဘီရှီဖလားပြိုင်ပွဲတွင်လည်း အုပ်စုမှ လှည့်ပြန်ခဲ့ရပြီလည်းဖြစ်သည်။

ပြီးခဲ့သည့် လာအိုအသင်းနှင့် ကန်မည့်ပွဲစဉ်မတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် နည်းပြ အန်တွမ်နီဟေးက "၂ဝ၂၃ ဆီးဂိမ်းမှာ အသင်းကြီးက ကစားသမားတွေနဲ့ လူငယ်ကစားသမားတွေကို မျှတစွာ အသုံးပြုသွားမယ်"ဟု ပြောကြားချက်အရ ၂ဝ၂၃ ဆီးဂိမ်းပြိုင်ပွဲဝင် U-23 အသင်းကိုလည်း ၎င်းက ကိုင်တွယ်သွားဖွယ်ရှိနေသည်။

အဆိုပါ ရှုံးနိမ့်မှုများသည် ကိုဗစ်ကပ်ရောဂါနှင့်အတူ နိုင်ငံရေးပယောဂများကြောင့်ဟု ပြော၍ရသော်လည်း နိုင်ငံအတွက် ကိုယ့်စာပြုမပေးခဲ့သည့် ပြည်ပရောက် လက်ရွေးစင်ကစားသမားကောင်းများကြောင့်ဟုလည်း ဆိုနိုင်သည်။

ပြည်တွင်းလိဂ်တွင်ရှိသည့် ကစားသမားများနှင့် ပြည်ပမှပြန်လာပေးသည့်ကစား သမား(၆)ယောက်လောက်ဖြင့်သာ စုဖွဲ့ထားသည့် မြန်မာအသင်းသည်နိုင်ငံတကာကို ထိုးဖောက်နိုင်ခြင်းမရှိသည်ကို အံ့အားသင့်စရာမရှိသော်လည်း ၎င်းတို့အနေဖြင့်အနည်းဆုံး နိုင်ငံချစ်စိတ်ရှိနေသေးသည်။

မြန်မာနိုင်ငံတွင်ရှိသည့် မြန်မာလူမျိုးများကိုယ်တိုင်သည်လည်း မိမိနိုင်ငံ၏ ဘော လုံးအသင်းကို အမျိုးမျိုးပုတ်ခတ်နေသည့်အတွက် နိုင်ငံ၏အာကစားသည် ကမ္ဘာ့တွင် ပြန်လည်ဦးမော့လာရန် နှစ်ပေါင်းများစွာ ကြာမြင့်နေအုံးမည်မှာ အသေအချာ ပင်ဖြစ်သည်။

zawgyi version
(၂)ႏွစ္အတြင္း ကမာၻ႔အဆင့္(၁၅၉) ေနရာသို႔ေရာက္ရွိသြားသည့္ ျမန္မာလက္ေ႐ြးစင္ေဘာလုံးအသင္း
ရဲျပည့္ (NP News) - ဇန္နဝါရီ ၅

ျမန္မာလက္ေ႐ြးစင္ေဘာလုံးအသင္းသည္ ၂ဝ၂၁ ခုႏွစ္ႏွင့္ ၂ဝ၂၂ ခုႏွစ္အတြင္း ႏိုင္ငံတကာပြဲစဥ္ (၂၁)ပြဲ ကစားထားရာ (၁၇)ပြဲရႈံးနိမ့္ထားၿပီး ကမာၻ႔အဆင့္ (၁၃၇)ေနရာမွ (၁၅၉)သို႔ေရာက္ရွိသြားၿပီျဖစ္သည္။

ျမန္မာအသင္းအေနျဖင့္ ၂ဝ၂ဝ ခုႏွစ္၊ ဒီဇင္ဘာလက ကမာၻ႔အဆင့္ (၁၃၇)ေနရာတြင္ ရပ္တည္ေနေသာ္လည္း ၂ဝ၂၂ခုႏွစ္၊ ဒီဇင္ဘာလ ၂၂ ရက္ ဖီဖာ၏ေနာက္ဆုံးထုတ္ျပန္ခ်က္အရ အဆင့္(၁၅၉) အဆင့္သို႔ ေရာက္ရွိသြားၿပီျဖစ္သည္။

ျမန္မာအသင္းသည္ ၂ဝ၂၁ ခုႏွစ္အတြင္း ေျခစမ္းပြဲအပါအဝင္ ႏိုင္ငံတကာပြဲစဥ္
(၉)ပြဲကစားထားရာ တစ္ပြဲသာအႏိုင္ရထားၿပီး(၈)ပြဲအထိ ရႈံးနိမ့္ထားခဲ့သည္။

ထို႔ျပင္ ၂ဝ၂၂ ခုႏွစ္အတြင္း၌လည္း ေျခစမ္းပြဲအပါအဝင္ ႏိုင္ငံတကာပြဲစဥ္(၁၂)ပြဲကစားထားရာ သေရပြဲ(၂)ပြဲရွိခဲ့ၿပီး (၁ဝ)ပြဲအထိ ရႈံးနိမ့္ထားခဲ့သည္။

ျမန္မာအသင္းသည္ ၂ဝ၂၁-၂ဝ၂၂ ခုႏွစ္အတြင္း ယွဥ္ၿပိဳင္ခဲ့သည့္ ပြဲစဥ္(၂၁)ပြဲတြင္ (၁)ပြဲသာအႏိုင္ရထားၿပီး သေရ(၃)ပြဲႏွင့္ (၁၇)ပြဲရႈံးနိမ့္ထားကာ ေျခစြမ္းပိုင္းသိသိသာသာ ထိုးက်သြားခဲ့ျခင္းျဖစ္သည္။ ရႈံးနိမ့္ခဲ့သည့္ ပြဲစဥ္တိုင္းတြင္လည္း ဂိုးျပတ္အေနအထားမ်ားျဖင့္ အေရးနိမ့္ထားသည္ကိုေတြ႕ရသည္။

ျမန္မာလက္ေ႐ြးစင္အသင္း၏ နည္းျပခ်ဳပ္ အန္တြမ္နီေဟးသည္ ျမန္မာအသင္းကို ႏွစ္ႀကိမ္ကိုင္တြယ္ခဲ့ၿပီး ပထမအႀကိမ္ကိုင္တြယ္ခဲ့စဥ္က ျမန္မာအသင္းသည္ ၂ဝ၁၈ အာဆီယံဆူဇူကီးဖလားၿပိဳင္ပြဲမွထြက္ခဲ့ရၿပီး ဒုတိယအႀကိမ္ကိုင္တြယ္ရာတြင္ ၂ဝ၂ဝ အာဆီယံဆူဇူကီးဖလားတြင္ အုပ္စုမွထြက္ခဲ့ရသကဲ့သို႔ ၂ဝ၂၃ အာရွဖလားဒုတိယအဆင့္ေျခစစ္ပြဲတြင္လည္း အုပ္စုမွထြက္ရၿပီး လက္ရွိ ၂ဝ၂၂ အာဆီယံမစ္ဆူဘီရွီဖလားၿပိဳင္ပြဲတြင္လည္း အုပ္စုမွ လွည့္ျပန္ခဲ့ရၿပီလည္းျဖစ္သည္။

ၿပီးခဲ့သည့္ လာအိုအသင္းႏွင့္ ကန္မည့္ပြဲစဥ္မတိုင္မီ သတင္းစာရွင္းလင္းပြဲတြင္ နည္းျပ အန္တြမ္နီေဟးက "၂ဝ၂၃ ဆီးဂိမ္းမွာ အသင္းႀကီးက ကစားသမားေတြနဲ႔ လူငယ္ကစားသမားေတြကို မွ်တစြာ အသုံးျပဳသြားမယ္"ဟု ေျပာၾကားခ်က္အရ ၂ဝ၂၃ ဆီးဂိမ္းၿပိဳင္ပြဲဝင္ U-23 အသင္းကိုလည္း ၎က ကိုင္တြယ္သြားဖြယ္ရွိေနသည္။

အဆိုပါ ရႈံးနိမ့္မႈမ်ားသည္ ကိုဗစ္ကပ္ေရာဂါႏွင့္အတူ ႏိုင္ငံေရးပေယာဂမ်ားေၾကာင့္ဟု ေျပာ၍ရေသာ္လည္း ႏိုင္ငံအတြက္ ကိုယ့္စာျပဳမေပးခဲ့သည့္ ျပည္ပေရာက္ လက္ေ႐ြးစင္ကစားသမားေကာင္းမ်ားေၾကာင့္ဟုလည္း ဆိုႏိုင္သည္။

ျပည္တြင္းလိဂ္တြင္ရွိသည့္ ကစားသမားမ်ားႏွင့္ ျပည္ပမွျပန္လာေပးသည့္ကစား သမား(၆)ေယာက္ေလာက္ျဖင့္သာ စုဖြဲ႕ထားသည့္ ျမန္မာအသင္းသည္ႏိုင္ငံတကာကို ထိုးေဖာက္ႏိုင္ျခင္းမရွိသည္ကို အံ့အားသင့္စရာမရွိေသာ္လည္း ၎တို႔အေနျဖင့္အနည္းဆုံး ႏိုင္ငံခ်စ္စိတ္ရွိေနေသးသည္။

ျမန္မာႏိုင္ငံတြင္ရွိသည့္ ျမန္မာလူမ်ိဳးမ်ားကိုယ္တိုင္သည္လည္း မိမိႏိုင္ငံ၏ ေဘာ လုံးအသင္းကို အမ်ိဳးမ်ိဳးပုတ္ခတ္ေနသည့္အတြက္ ႏိုင္ငံ၏အာကစားသည္ ကမာၻ႔တြင္ ျပန္လည္ဦးေမာ့လာရန္ ႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္ေနအုံးမည္မွာ အေသအခ်ာ ပင္ျဖစ္သည္။

Picture

MgThetlin

05/01/2023 17:48

ဟုတ်ပါတယ်

Picture

Win Everything

05/01/2023 19:59

နိုင်ငံတော်, နိုင်ငံတော်အလံ နှင့် အစိုးရတို့ ကိုတောင်ခွဲခြားမသိနိုင်တဲ့ ငပိန်းတွေရှိနေသ၍ မြန်မာသည် ပြိုင်ကားကို ဂဲ ဆွဲထားသလိုဖြစ်နေမှာပဲ ထမိန်တောင် နိုင်ငံခြားသား အနံ့ဟောင်နေတဲ့ ထမိန်မှ ခြုံချင်ကြတာဗျာ

Picture

Win Everything

05/01/2023 20:04

2020 ကထင်တယ် အစိုးရပြောင်းသွားလို့ မြန်မာ့အလံကိုအလေးမပြုခဲ့တဲ့ အားကစားသမားတွေရှိတယ် မြန်မာ့အလံသာ အလေးမပြုတာ ကုလားအလံ တော့ခိုးပါလိမ့်မယ်

Related news

© 2021. All rights reserved.