၂၁ဝဝ ပြည့်နှစ်မှာ ရေခဲမြစ်များ သုံးပုံနှစ်ပုံခန့် ပျောက်ကွယ်သွားဖွယ်ရှိ

 766

ရောင်နီ (NP News) - ဇန်နဝါရီ ၆

ကမ္ဘာ့ရေခဲမြစ်များဟာ သိပ္ပံပညာရှင်များ ထင်သည်ထက် ပိုမိုကျုံ့လာပြီး ပျောက်ကွယ်မှုမြန်ဆန်လာကာ ၂၁ဝဝ ပြည့်နှစ် (ရာစုနှစ် အကုန်) လောက်မှာ ၎င်းတို့ထဲမှ သုံးပုံနှစ်ပုံခန့်ဟာ လက်ရှိရာသီဥတုပြောင်းလဲမှု လမ်းကြောင်း များအတိုင်း အရည်ပျော်သွားနိုင်ဖွယ်ရှိကြောင်း လေ့လာမှုအသစ်တစ်ခုက ဆိုပါတယ်။

ကမ္ဘာကြီးဟာ အနာဂတ်ပူနွေးလာမှုကို ဒီဂရီရဲ့ဆယ်ပုံတစ်ပုံမျှသာ ကန့်သတ်နိုင်တာကြောင့် ယင်းနောက် ကမ္ဘာ့ ရေခဲမြစ် ထက်ဝက်ခန့် အနည်းငယ် လျော့နည်းသွားမည်ဖြစ်ကြောင်း လေ့လာသူများက ဆိုပါတယ်။ ပူနွေးမှု ဒီဂရီ အများအပြားရဲ့အဆိုးရွားဆုံးအခြေအနေမှာ ကမ္ဘာ့ရေခဲပြင်များရဲ့ ၈၃ ရာခိုင်နှုန်းဟာ ၂၁ဝဝ ပြည့်နှစ်တွင် ပျောက်ကွယ်သွားဖွယ်ရှိပါတယ်။

ဇန်နဝါရီလ ၅ ရက်၊ ကြသပတေးနေ့က ထုတ်ဝေတဲ့ Science ဂျာနယ်မှာ ဖော်ပြထားတဲ့လေ့လာမှုဟာ ယခင် လေ့လာမှုများထက် ပိုမိုပြည့်စုံသော နည်းလမ်းနဲ့ ကမ္ဘာ့မြေပြင် အခြေစိုက် ရေခဲပြင်ပေါင်း ၂၁၅ဝဝဝ ကို စစ်ဆေးခဲ့ တာဖြစ်ပြီး အဲဒီနောက် သိပ္ပံပညာရှင်များဟာ ပူနွေးမှုအဆင့်အမျိုးမျိုးကို အသုံးပြုတွက်ချက်ကာ ရေခဲပြင်များ ဘယ်လောက်ပျောက်ကွယ်သွားမလဲဆိုတာကို ခန့်မှန်းခဲ့ကြပါတယ်။

စက်မှုခေတ်မတိုင်မီကတည်းက ကမ္ဘာကြီးဟာ ၂.၇ ဒီဂရီ ဆဲလ်စီးယပ်စ် (၄.၉ ဒီဂရီဖာရင်ဟိုက်) အပူချိန် မြင့်တက် လာခဲ့ပြီး ၂၁ဝဝ ပြည့်နှစ်မှာ ကမ္ဘာ့ရေခဲပြင် ထုထည်ဟာ ၃၂ ရာခိုင်နှုန်း (သို့မဟုတ်) ရေခဲတန်ချိန် ၄၈.၅ ထရီလျံ ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

အရည်ပျော်လာတဲ့ ရေခဲများအားလုံးဟာ ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင်ကို ၉ဝ မီလီမီတာ (၃.၅ လက်မ) မှ အဆိုးဆုံးအခြေအနေမှာ ၁၆၆ မီလီမီတာအထိ မြှင့်တင်နိုင်ပြီး ယခင်ခန့်မှန်းချက်ထက် ၄ ရာခိုင်နှုန်းမှ ၁၄ ရာခိုင်နှုန်း အထိ တိုးလာနိုင်တယ်လို့ လေ့လာမှုက တွက်ချက်ထားပါတယ်။

Zawgyi Version;
၂၁ဝဝ ျပည့္ႏွစ္မွာ ေရခဲျမစ္မ်ား သုံးပုံႏွစ္ပုံခန႔္ ေပ်ာက္ကြယ္သြားဖြယ္ရွိ
ေရာင္နီ (NP News) - ဇန္နဝါရီ ၆

ကမာၻ႔ေရခဲျမစ္မ်ားဟာ သိပၸံပညာရွင္မ်ား ထင္သည္ထက္ ပိုမိုက်ဳံ႕လာၿပီး ေပ်ာက္ကြယ္မႈျမန္ဆန္လာကာ ၂၁ဝဝ ျပည့္ႏွစ္ (ရာစုႏွစ္ အကုန္) ေလာက္မွာ ၎တို႔ထဲမွ သုံးပုံႏွစ္ပုံခန႔္ဟာ လက္ရွိရာသီဥတုေျပာင္းလဲမႈ လမ္းေၾကာင္း မ်ားအတိုင္း အရည္ေပ်ာ္သြားႏိုင္ဖြယ္ရွိေၾကာင္း ေလ့လာမႈအသစ္တစ္ခုက ဆိုပါတယ္။

ကမာၻႀကီးဟာ အနာဂတ္ပူေႏြးလာမႈကို ဒီဂရီရဲ႕ဆယ္ပုံတစ္ပုံမွ်သာ ကန႔္သတ္ႏိုင္တာေၾကာင့္ ယင္းေနာက္ ကမာၻ႔ ေရခဲျမစ္ ထက္ဝက္ခန႔္ အနည္းငယ္ ေလ်ာ့နည္းသြားမည္ျဖစ္ေၾကာင္း ေလ့လာသူမ်ားက ဆိုပါတယ္။ ပူေႏြးမႈ ဒီဂရီ အမ်ားအျပားရဲ႕အဆိုး႐ြားဆုံးအေျခအေနမွာ ကမာၻ႔ေရခဲျပင္မ်ားရဲ႕ ၈၃ ရာခိုင္ႏႈန္းဟာ ၂၁ဝဝ ျပည့္ႏွစ္တြင္ ေပ်ာက္ကြယ္သြားဖြယ္ရွိပါတယ္။

ဇန္နဝါရီလ ၅ ရက္၊ ၾကသပေတးေန႔က ထုတ္ေဝတဲ့ Science ဂ်ာနယ္မွာ ေဖာ္ျပထားတဲ့ေလ့လာမႈဟာ ယခင္ ေလ့လာမႈမ်ားထက္ ပိုမိုျပည့္စုံေသာ နည္းလမ္းနဲ႔ ကမာၻ႔ေျမျပင္ အေျခစိုက္ ေရခဲျပင္ေပါင္း ၂၁၅ဝဝဝ ကို စစ္ေဆးခဲ့ တာျဖစ္ၿပီး အဲဒီေနာက္ သိပၸံပညာရွင္မ်ားဟာ ပူေႏြးမႈအဆင့္အမ်ိဳးမ်ိဳးကို အသုံးျပဳတြက္ခ်က္ကာ ေရခဲျပင္မ်ား ဘယ္ေလာက္ေပ်ာက္ကြယ္သြားမလဲဆိုတာကို ခန႔္မွန္းခဲ့ၾကပါတယ္။

စက္မႈေခတ္မတိုင္မီကတည္းက ကမာၻႀကီးဟာ ၂.၇ ဒီဂရီ ဆဲလ္စီးယပ္စ္ (၄.၉ ဒီဂရီဖာရင္ဟိုက္) အပူခ်ိန္ ျမင့္တက္ လာခဲ့ၿပီး ၂၁ဝဝ ျပည့္ႏွစ္မွာ ကမာၻ႔ေရခဲျပင္ ထုထည္ဟာ ၃၂ ရာခိုင္ႏႈန္း (သို႔မဟုတ္) ေရခဲတန္ခ်ိန္ ၄၈.၅ ထရီလ်ံ ဆုံးရႈံးခဲ့တယ္လို႔ သိရပါတယ္။

အရည္ေပ်ာ္လာတဲ့ ေရခဲမ်ားအားလုံးဟာ ကမာၻ႔ပင္လယ္ေရမ်က္ႏွာျပင္ကို ၉ဝ မီလီမီတာ (၃.၅ လက္မ) မွ အဆိုးဆုံးအေျခအေနမွာ ၁၆၆ မီလီမီတာအထိ ျမႇင့္တင္ႏိုင္ၿပီး ယခင္ခန႔္မွန္းခ်က္ထက္ ၄ ရာခိုင္ႏႈန္းမွ ၁၄ ရာခိုင္ႏႈန္း အထိ တိုးလာႏိုင္တယ္လို႔ ေလ့လာမႈက တြက္ခ်က္ထားပါတယ္။

Related news

© 2021. All rights reserved.