အမေရိကန်မှာ အသက်အရှည်ဆုံးလို့ယူဆရတဲ့ အိုင်အိုဝါရှိ ဘွားသက်ရှည် အသက်(၁၁၅)နှစ်အရွယ်မှာကွယ်လွန်

 511

ရောင်နီ (NP News) - ဇန်နဝါရီ ၈

အမေရိကန် ပြည်ထောင်စုမှာ အသက်အကြီးဆုံးလို့ ယူဆရတဲ့ အိုင်အိုဝါရှိ ဖွားသက်ရှည်ဟာ အသက် ၁၁၅ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

Lampe and Powers နာရေးကူညီမှုအသင်းရဲ့ အဆိုအရ ဖွားသက်ရှည်ဖြစ်သူ မစ္စဘက်စီဟန်ဒရစ်ဟာ အင်္ဂါနေ့ (ဇန်နဝါရီလ ၃ ရက်)က Lake City ရှိ ဖိုးဖွားပြုစုစောင့်ရှောက်ရေး အဆောက်အအုံမှာ ကွယ်လွန်ခဲ့ပါတယ်။ သူမကို ၁၉ဝ၇ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်က မွေးဖွားခဲ့ပြီး လော့အိန်ဂျလိစ့် အခြေစိုက် Gerontology သုတေသနအဖွဲ့မှ အမေရိကန် ရဲ့ အသက်အကြီးဆုံး အမျိုးသမီးအဖြစ် စာရင်းသွင်း မှတ်တမ်းတင်ခဲ့ပါတယ်။

သူမဟာ ဘဝတစ်လျှောက်လုံးမှာ ကမ္ဘာစစ်နှစ်ခုရဲ့ စီးပွားပျက်ကပ်ကြီးမှ စပိန်တုပ်ကွေး၊ Covid-19 ကပ်ရောဂါအထိ သမိုင်းဝင် ဖြစ်ရပ်များကို ဖြတ်သန်းခဲ့ရပါတယ်။ သူမဟာ ဆေးလိပ်သောက်ခဲပြီး သကြားလုံးတွေကို ကြိုက်နှစ်သက်တတ်သူဖြစ်ကာ သူမရဲ့ အသက် ၁၁၂ နှစ်ထိ ရှည်လျားတဲ့ ဘဝလျို့ဝှက်ချက်ဟာ “ကြိုးစားနေထိုင်ခြင်း" ဖြစ်ကြောင်း ပြည်တွင်းမီဒီယာ တစ်ခုမှာ ပြောကြားခဲ့ဖူးပါတယ်။

မစ္စဟက်ဒရစ် သေဆုံးမှုခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၅ ရက်မှာ အသက် ၁၁၅ နှစ် ပြည့်မယ့် ကယ်လီဖိုးနီးယားပြည်နယ်မှ မစ္စတာအီဒစ်စီစာရယ်လီဟာ အသက်အကြီးဆုံး အမေရိကန် လူမျိုး ဖြစ်လာမှာ ဖြစ်တယ်လို့ Gerontology သုတေသနအဖွဲ့မှ အချက်အ လက်များအရ သိရပါတယ်။

zawgyi version
အေမရိကန္မွာ အသက္အရွည္ဆုံးလို႔ယူဆရတဲ့ အိုင္အိုဝါရွိ ဘြားသက္ရွည္ အသက္(၁၁၅)ႏွစ္အ႐ြယ္မွာကြယ္လြန္
ေရာင္နီ (NP News) - ဇန္နဝါရီ ၈

အေမရိကန္ ျပည္ေထာင္စုမွာ အသက္အႀကီးဆုံးလို႔ ယူဆရတဲ့ အိုင္အိုဝါရွိ ဖြားသက္ရွည္ဟာ အသက္ ၁၁၅ ႏွစ္အ႐ြယ္မွာ ကြယ္လြန္သြားၿပီ ျဖစ္ပါတယ္။

Lampe and Powers နာေရးကူညီမႈအသင္းရဲ႕ အဆိုအရ ဖြားသက္ရွည္ျဖစ္သူ မစၥဘက္စီဟန္ဒရစ္ဟာ အဂၤါေန႔ (ဇန္နဝါရီလ ၃ ရက္)က Lake City ရွိ ဖိုးဖြားျပဳစုေစာင့္ေရွာက္ေရး အေဆာက္အအုံမွာ ကြယ္လြန္ခဲ့ပါတယ္။ သူမကို ၁၉ဝ၇ ခုႏွစ္၊ ႏိုဝင္ဘာလ ၇ ရက္က ေမြးဖြားခဲ့ၿပီး ေလာ့အိန္ဂ်လိစ့္ အေျခစိုက္ Gerontology သုေတသနအဖြဲ႕မွ အေမရိကန္ ရဲ႕ အသက္အႀကီးဆုံး အမ်ိဳးသမီးအျဖစ္ စာရင္းသြင္း မွတ္တမ္းတင္ခဲ့ပါတယ္။

သူမဟာ ဘဝတစ္ေလွ်ာက္လုံးမွာ ကမာၻစစ္ႏွစ္ခုရဲ႕ စီးပြားပ်က္ကပ္ႀကီးမွ စပိန္တုပ္ေကြး၊ Covid-19 ကပ္ေရာဂါအထိ သမိုင္းဝင္ ျဖစ္ရပ္မ်ားကို ျဖတ္သန္းခဲ့ရပါတယ္။ သူမဟာ ေဆးလိပ္ေသာက္ခဲၿပီး သၾကားလုံးေတြကို ႀကိဳက္ႏွစ္သက္တတ္သူျဖစ္ကာ သူမရဲ႕ အသက္ ၁၁၂ ႏွစ္ထိ ရွည္လ်ားတဲ့ ဘဝလ်ိဳ႕ဝွက္ခ်က္ဟာ “ႀကိဳးစားေနထိုင္ျခင္း" ျဖစ္ေၾကာင္း ျပည္တြင္းမီဒီယာ တစ္ခုမွာ ေျပာၾကားခဲ့ဖူးပါတယ္။

မစၥဟက္ဒရစ္ ေသဆုံးမႈခဲ့ၿပီးေနာက္ ေဖေဖာ္ဝါရီလ ၅ ရက္မွာ အသက္ ၁၁၅ ႏွစ္ ျပည့္မယ့္ ကယ္လီဖိုးနီးယားျပည္နယ္မွ မစၥတာအီဒစ္စီစာရယ္လီဟာ အသက္အႀကီးဆုံး အေမရိကန္ လူမ်ိဳး ျဖစ္လာမွာ ျဖစ္တယ္လို႔ Gerontology သုေတသနအဖြဲ႕မွ အခ်က္အ လက္မ်ားအရ သိရပါတယ္။

Related news

© 2021. All rights reserved.