ပီအက်ဂျီနဲ့ကစားမယ့် ခြေစမ်းပွဲမှာ ဆော်ဒီအာရေကလပ်အတွက် စီရော်နယ်ဒို ပွဲဦးထွက် ပါဝင်ကစားဖွယ်ရှိနေ

 444

Pika (NP News) - ဇန်နဝါရီ ၉

ကမ္ဘာကျော်တိုက်စစ်မှူး စီရော်နယ်ဒိုဟာ ဆော်ဒီအာရေဗျကလပ် အယ်နက်ဆာအသင်းအတွက် ပြည်တွင်း လိဂ်ပွဲစဉ်ကို ပါဝင်ကစားခြင်းမပြုခင် ပွဲပယ် ပြစ်ဒဏ်ရင်ဆိုင်ရမှာဖြစ်ပေမယ့် ဒီလအတွင်းကစားမယ့် ပီအက်ဂျီ အသင်းနဲ့ ချစ်ကြည်ရေးခြေစမ်းပွဲကို ပါဝင်ကစားမှာဖြစ်ကြောင်း၊ ပီအက်ဂျီနဲ့ပွဲစဉ်မှာ ပါဝင်ကစားခြင်းဟာ အယ်နက် ဆာအသင်းအတွက် စီရော်နယ်ဒိုပထမဆုံး ပါဝင်ကစားတဲ့ ပွဲစဉ်ဖြစ်ကြောင်း၊ အယ်နက်ဆာ အသင်းနည်းပြ ဂါစီယာ က ပြောပါတယ်။

စီရော်နယ်ဒိုဟာ မန်ယူအသင်းမှာကစားချိန်က အဗြာတန်အသင်းနဲ့ပွဲစဉ်မှာ ပရိသတ်တစ်ဦးရဲ့လက်ကို ဖုန်းနဲ့ ပစ်ပေါက်ခဲ့တာကြောင့် အက်ဖ်အေ ပွဲပယ်ပြစ်ဒဏ်ချမှတ်ထားရာ အယ်နက်ဆာအသင်းကို ပြောင်းရွှေ့ချိန်မှာလည်း အဆိုပါ ပွဲပယ် ပြစ်ဒဏ်သက်ရောက်မှုများရှိနေခဲ့တယ်လို့ သိရပါတယ်။

စီရော်နယ်ဒိုဟာ အယ်နာဆာအသင်းအတွက်လိဂ်ပွဲစဉ် နှစ်ပွဲပွဲပယ်ခံရမှာဖြစ်ကြောင်းသိရပါတယ်။ အယ်နက်ဆာ အသင်းနည်းပြ ဂါစီယာက အသက် ၃၇ နှစ်အရွယ်ရှိ စီရော်နယ်ဒိုဟာ အယ်ရှာဘတ်အသင်းအပြင် အက်တီဖက် အသင်းတို့နဲ့ကစားမယ့် ပွဲစဉ်တွေကို လွှဲချော်မှာဖြစ်တယ်လို့ ဆိုပါတယ်။

အယ်နက်ဆာအသင်းနည်းပြက "စီရော်နယ်ဒိုဟာ အသင်းဂျာစီဝတ်ဆင်ပြီး ပွဲဦးထွက် ပါဝင်ကစားနိုင်မှာ မဟုတ်သေးဘူး။ အသင်းရဲ့လိဂ်ပွဲစဉ်နှစ်ပွဲကို လွဲချော်ဖွယ်ရှိနေပါတယ်။ ဒါပေမယ့် ပီအက်ဂျီနဲ့ကစားမယ့် ချစ်ကြည်ရေးခြေစမ်းပွဲကို အသင်းအတွက် ပွဲဦးထွက် ပါဝင်ကစားမှာဖြစ်တယ်" လို့ပြောပါတယ်။

နည်းပြ ဂါစီယာက ဆော်ဒီအာရေဗျကလပ်ကို စီရော်နယ်ဒိုပြောင်းရွှေ့ရောက်ရှိလာခြင်းဟာ နယူးယောက် ကော်မိုစ့်အသင်းကို ဂန္တဝင်ကစားသမား ပီလီရောက်ရှိလာပုံနဲ့ တူညီခဲ့တယ်လို့ ဆိုပါတယ်။ စီရော်နယ်ဒိုဟာ မန်ယူ အသင်းမှာ ပုံမှန်ကစားခွင့်များ ဆုံးရှုံးခဲ့ပြီးနောက် အသင်းနဲ့စာချုပ်ဖျက်သိမ်းခဲ့ပြီး မကြာမီ ဆော်ဒီအာရေဗျကလပ် အယ်နက်ဆာအသင်း ယူရိုသန်း ၂ဝဝ နဲ့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
ပီအက္ဂ်ီနဲ႔ကစားမယ့္ ေျခစမ္းပြဲမွာ ေဆာ္ဒီအာေရကလပ္အတြက္ စီေရာ္နယ္ဒို ပြဲဦးထြက္ ပါဝင္ကစားဖြယ္ရွိေန
Pika (NP News) - ဇန္နဝါရီ ၉

ကမာၻေက်ာ္တိုက္စစ္မႉး စီေရာ္နယ္ဒိုဟာ ေဆာ္ဒီအာေရဗ်ကလပ္ အယ္နက္ဆာအသင္းအတြက္ ျပည္တြင္း လိဂ္ပြဲစဥ္ကို ပါဝင္ကစားျခင္းမျပဳခင္ ပြဲပယ္ ျပစ္ဒဏ္ရင္ဆိုင္ရမွာျဖစ္ေပမယ့္ ဒီလအတြင္းကစားမယ့္ ပီအက္ဂ်ီ အသင္းနဲ႔ ခ်စ္ၾကည္ေရးေျခစမ္းပြဲကို ပါဝင္ကစားမွာျဖစ္ေၾကာင္း၊ ပီအက္ဂ်ီနဲ႔ပြဲစဥ္မွာ ပါဝင္ကစားျခင္းဟာ အယ္နက္ ဆာအသင္းအတြက္ စီေရာ္နယ္ဒိုပထမဆုံး ပါဝင္ကစားတဲ့ ပြဲစဥ္ျဖစ္ေၾကာင္း၊ အယ္နက္ဆာ အသင္းနည္းျပ ဂါစီယာ က ေျပာပါတယ္။

စီေရာ္နယ္ဒိုဟာ မန္ယူအသင္းမွာကစားခ်ိန္က အျဗာတန္အသင္းနဲ႔ပြဲစဥ္မွာ ပရိသတ္တစ္ဦးရဲ႕လက္ကို ဖုန္းနဲ႔ ပစ္ေပါက္ခဲ့တာေၾကာင့္ အက္ဖ္ေအ ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ထားရာ အယ္နက္ဆာအသင္းကို ေျပာင္းေ႐ႊ႕ခ်ိန္မွာလည္း အဆိုပါ ပြဲပယ္ ျပစ္ဒဏ္သက္ေရာက္မႈမ်ားရွိေနခဲ့တယ္လို႔ သိရပါတယ္။

စီေရာ္နယ္ဒိုဟာ အယ္နာဆာအသင္းအတြက္လိဂ္ပြဲစဥ္ ႏွစ္ပြဲပြဲပယ္ခံရမွာျဖစ္ေၾကာင္းသိရပါတယ္။ အယ္နက္ဆာ အသင္းနည္းျပ ဂါစီယာက အသက္ ၃၇ ႏွစ္အ႐ြယ္ရွိ စီေရာ္နယ္ဒိုဟာ အယ္ရွာဘတ္အသင္းအျပင္ အက္တီဖက္ အသင္းတို႔နဲ႔ကစားမယ့္ ပြဲစဥ္ေတြကို လႊဲေခ်ာ္မွာျဖစ္တယ္လို႔ ဆိုပါတယ္။

အယ္နက္ဆာအသင္းနည္းျပက "စီေရာ္နယ္ဒိုဟာ အသင္းဂ်ာစီဝတ္ဆင္ၿပီး ပြဲဦးထြက္ ပါဝင္ကစားႏိုင္မွာ မဟုတ္ေသးဘူး။ အသင္းရဲ႕လိဂ္ပြဲစဥ္ႏွစ္ပြဲကို လြဲေခ်ာ္ဖြယ္ရွိေနပါတယ္။ ဒါေပမယ့္ ပီအက္ဂ်ီနဲ႔ကစားမယ့္ ခ်စ္ၾကည္ေရးေျခစမ္းပြဲကို အသင္းအတြက္ ပြဲဦးထြက္ ပါဝင္ကစားမွာျဖစ္တယ္" လို႔ေျပာပါတယ္။

နည္းျပ ဂါစီယာက ေဆာ္ဒီအာေရဗ်ကလပ္ကို စီေရာ္နယ္ဒိုေျပာင္းေ႐ႊ႕ေရာက္ရွိလာျခင္းဟာ နယူးေယာက္ ေကာ္မိုစ့္အသင္းကို ဂႏၲဝင္ကစားသမား ပီလီေရာက္ရွိလာပုံနဲ႔ တူညီခဲ့တယ္လို႔ ဆိုပါတယ္။ စီေရာ္နယ္ဒိုဟာ မန္ယူ အသင္းမွာ ပုံမွန္ကစားခြင့္မ်ား ဆုံးရႈံးခဲ့ၿပီးေနာက္ အသင္းနဲ႔စာခ်ဳပ္ဖ်က္သိမ္းခဲ့ၿပီး မၾကာမီ ေဆာ္ဒီအာေရဗ်ကလပ္ အယ္နက္ဆာအသင္း ယူ႐ိုသန္း ၂ဝဝ နဲ႔ ေျပာင္းေ႐ႊ႕ခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.