ကမ္ဘာပေါ်တွင် အရပ်အရှည်ဆုံး မိသားစု (ထူးခြားသုတဆောင်းပါး)

 916

ဝတီ (NP News) - ဇန်နဝါရီ ၁ဝ

အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုးတားပြည်နယ် (Minnesota) မှာ နေထိုင်တဲ့ မိသားစုတစ်စုဟာ ကမ္ဘာပေါ်မှာ အရပ်အရှည်ဆုံး မိသားစုအဖြစ် ဂင်းနစ်စံချိန်တင်ထားပါတယ်။ သူတို့မိသားစုမှာမိသားစုဝင် ငါးယောက်ရှိပါတယ်။ ဒီတော့ သူတို့တွေ
ဘယ်လောက်အထိများ အရပ်ရှည်နေလို့ ကမ္ဘာ့စံချိန်တောင်တင်သွားရတာလဲဆိုတာ ကြည့်လိုက်ကြရအောင်ပါ။

သူတို့ရဲ့ ပျမ်းမျှအရပ်ဟာ (၆ ဒသမ ၈) လက်မရှိပါတယ်။ သူတို့ထဲမှာ အငယ်ဆုံးကတော့ အသက် ၂၃ နှစ်အရွယ် အဒမ်ထရက်ပ် (Adam Trapp)ဖြစ်ပြီး အငယ်ဆုံးကအရပ်အရှည်ဆုံးပါ။ သူ့အရပ်က (၇ ပေ၊ ၃ လက်မ) ရှိတယ်လေ။ အသက်
၂၈ နှစ်အရွယ် ဆဗန်နာ (Savanna) ကအရပ်အမြင့် (၆ ပေ၊ ၈ လက်မ)နဲ့
ဒုတိယလိုက်ပြီး အသက် ၂၅ နှစ်အရွယ် ညီမဖြစ်သူ မော်လီ (Molly) ကတော့ အရပ်အမြင့် (၆ ပေ၊ ၆ လက်မ)နဲ့ တတိယ လိုက်ပါတယ်။ လူတကာထက် ခေါင်းတစ်လုံး မက အရပ်ပိုမြင့်နေတာကြောင့် သူတို့မောင်နှမ သုံးယောက်လုံးဟာ ကျောင်းတက်တုန်းကဆိုရင်ဘတ်စ်ကက်ဘော (basketball) ဒါမှမဟုတ် ဘော်လီဘော (volleyball) အသင်းအတွက်အမြဲ အရွေးခံရပါတယ်။ သူတို့မောင်နှမသုံးယောက်ဟာ မျိုးရိုးလိုက်လို့ထူးထူးခြားခြား အင်မတန် အရပ်ရှည်နေကြတာဖြစ်ပါတယ်။

မိခင်ဖြစ်သူ ခရစ်ဆီ (Krissy) က အရပ် (၆ ပေ၊ ၃ လက်မ) ဖြစ်ပြီး ဖခင်ဖြစ်သူ စကော့တ်(Scott) က အရပ် (၆ ပေ၊ ၈ လက်မနီးပါး)လေ။ ဒါကြောင့် သူတို့မိသားစုထဲမှာ အရပ်အပုဆုံးက အမေ ဖြစ်နေပါတော့တယ်။ ဟုတ်ပါတယ်။ အရပ် (၆ ပေ၊ ၃ လက်မ)ဟာ သူတို့မိသားစုထဲမှာတော့အပုဆုံး ဖြစ်နေပါတော့တယ်။ သူတို့က ၂ဝ၂ဝ ခုနှစ်၊ ဒီဇင်ဘာလကမှ ကမ္ဘာ့စံချိန်အတွက် စတင်လျှောက်ထားခဲ့တာပါ။ ဒါပေမဲ့ စံချိန်ရှင်ဖြစ်လာလိမ့်မယ်လို့တော့ အပိုင်တွက်မထားခဲ့ကြပါဘူး။ ဒါကြောင့်
တကယ်တမ်းလည်း ကမ္ဘာ့စံချိန်ရှင်ဖြစ်လာရော သူတို့တွေ အရမ်းကိုမှပျော်ကြတာပေါ့။ သူတို့က သူတို့ အရပ်ထူးထူးခြားခြား ရှည်နေမှန်းအစောကြီးကတည်းက သိပါတယ်။ စကော့တ်ဆိုရင် သူတစ်တန်းအရွယ်မှာပဲ ကျောင်းက ဆရာမထက် အရပ် ပိုရှည်နေပါပြီတဲ့။ ကိုယ်ပိုင်မိသားစုဘဝရလာတော့လည်း တစ်မိသားစုလုံးက
အရှည်ကြီးတွေ ဆိုတော့ သွားလေရာမှာ လူကြည့်ခံရပါတယ်။

ဒါပေမဲ့ ဒီလို လူကြည့်ခံရလို့လည်း သူတို့မှာ စိတ်ထဲ ဘာမှစနိုးစနောင့်မဖြစ်ပါဘူး။
သူတို့က ကိုယ့်ကိုယ်ကိုယ် အရှိကို အရှိအတိုင်း လက်သင့်ခံကြတယ်လေ။ တချို့ဆိုရင် သူတို့အရပ် အရမ်းရှည်နေတာကို စိတ်ဝင်စားလို့လာမိတ်ဆက်ပြီးတောင် စကား ပြောကြပါတယ်။ ဒီလို မတွေ့ဖူးတဲ့လူတွေနဲ့ စကားစမြည် ပြောခွင့်ရတာကို အဒမ် (Adam)က သိပ်သဘောကျပါတယ်။

မတန်တဆ အရပ် ရှည်နေလို့ တံခါးပေါက် အဝင်အထွက်လုပ်တိုင်း ခေါင်းငုံ့သွားရတယ်၊ ဈေးဝယ်ထွက်တဲ့နေရာမှာ အဆင်မပြေတာတွေရှိတယ်၊ ခြေထောက် အရမ်း ရှည်နေလို့ ကားမောင်းတဲ့ နေရာမှာအခက်အခဲတွေ ရှိတယ်ဆိုပေမယ့် အဆိုးထက် အကောင်းက ပိုများပါတယ်လို့ သူတို့က တညီတညွတ်တည်း ဆိုပါတယ်။အထူး သဖြင့်အိမ်မှာ လုပ်စရာ ကိစ္စတွေ ရှိရင် လှေကား မလိုဘဲ လုပ်လို့ရတာပေါ့။ တခြား မိသားစုတွေထက် ခေါင်းတစ်လုံးမက အရပ် ပိုရှည်နေတာက လွဲလို့သူတို့မိသားစုဟာလည်း တခြား သူလိုကိုယ်လို မိသားစုပါပဲ။ သူတို့က တစ်ယောက်ကိုတစ်ယောက် သံယောဇဉ်ကြီးကြတယ်လေ။

"ကိုယ့်ကို အားပေးဖေးမ ကူညီပေးမယ့် မိသားစုဝင်တွေ ကိုယ့်အနားအမြဲရှိနေတာ သိပ်ကို ကောင်းတာပဲ။ လန်ဘားဖြစ်ရတဲ့ သုခတွေ၊ ဒုက္ခတွေကို လန်ဘားအချင်း ချင်းပဲ နားလည်တော့ ရင်ဖွင့်လို့ ရတာပေါ့"လို့ မော်လီက ဆိုပါတယ်။

သူတို့လို ကလန်ကလားတွေတောင် ကမ္ဘာ့စံချိန် တင်နိုင်သွားပြီဆိုတော့တခြား လူတွေလည်း သူတို့ကို ကြည့်ပြီး စိတ်ခွန်အား ရလိမ့်မယ်လို့သူတို့က မျှော်လင့်ပါသတဲ့။ အပေါ်ယံ ပုံပန်းသွင်ပြင်ဘယ်လိုပဲ ဖြစ်နေပါစေ စိတ်ရင်းကသာ အရေးကြီးတယ်။ ဒါကြောင့် လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီး မဆုံးဖြတ်စေချင်ဘူးလို့
သူတို့က ဆိုပါတယ်။ ဒါကြောင့် အပေါ်ယံ အသွင်အပြင် တမျိုးတဖုံဖြစ်နေသူတွေအနေနဲ့လည်း ကိုယ့်အသွင်အပြင်ကို အရှိအတိုင်း လက်ခံဖို့၊ သူများနဲ့ မတူဘဲ ထူး ခြားနေတာကိုပဲ ဂုဏ်ယူတတ်စေဖို့ သူတို့က တိုက်တွန်းလိုက်ပါသေးတယ်။

zawgyi version
ကမာၻေပၚတြင္ အရပ္အရွည္ဆုံး မိသားစု (ထူးျခားသုတေဆာင္းပါး)
ဝတီ (NP News) - ဇန္နဝါရီ ၁ဝ

အေမရိကန္ျပည္ေထာင္စု၊ မင္နီဆိုးတားျပည္နယ္ (Minnesota) မွာ ေနထိုင္တဲ့ မိသားစုတစ္စုဟာ ကမာၻေပၚမွာ အရပ္အရွည္ဆုံး မိသားစုအျဖစ္ ဂင္းနစ္စံခ်ိန္တင္ထားပါတယ္။ သူတို႔မိသားစုမွာမိသားစုဝင္ ငါးေယာက္ရွိပါတယ္။ ဒီေတာ့ သူတို႔ေတြ
ဘယ္ေလာက္အထိမ်ား အရပ္ရွည္ေနလို႔ ကမာၻ႔စံခ်ိန္ေတာင္တင္သြားရတာလဲဆိုတာ ၾကည့္လိုက္ၾကရေအာင္ပါ။

သူတို႔ရဲ႕ ပ်မ္းမွ်အရပ္ဟာ (၆ ဒသမ ၈) လက္မရွိပါတယ္။ သူတို႔ထဲမွာ အငယ္ဆုံးကေတာ့ အသက္ ၂၃ ႏွစ္အ႐ြယ္ အဒမ္ထရက္ပ္ (Adam Trapp)ျဖစ္ၿပီး အငယ္ဆုံးကအရပ္အရွည္ဆုံးပါ။ သူ႔အရပ္က (၇ ေပ၊ ၃ လက္မ) ရွိတယ္ေလ။ အသက္၂၈ ႏွစ္အ႐ြယ္ ဆဗန္နာ (Savanna) ကအရပ္အျမင့္ (၆ ေပ၊ ၈ လက္မ)နဲ႔ဒုတိယလိုက္ၿပီး အသက္ ၂၅ ႏွစ္အ႐ြယ္ ညီမျဖစ္သူ ေမာ္လီ (Molly) ကေတာ့ အရပ္အျမင့္ (၆ ေပ၊ ၆ လက္မ)နဲ႔ တတိယ လိုက္ပါတယ္။ လူတကာထက္ ေခါင္းတစ္လုံး မက အရပ္ပိုျမင့္ေနတာေၾကာင့္ သူတို႔ေမာင္ႏွမ သုံးေယာက္လုံးဟာ ေက်ာင္းတက္တုန္းကဆိုရင္ဘတ္စ္ကက္ေဘာ (basketball) ဒါမွမဟုတ္ ေဘာ္လီေဘာ (volleyball) အသင္းအတြက္အၿမဲ အေ႐ြးခံရပါတယ္။ သူတို႔ေမာင္ႏွမသုံးေယာက္ဟာ မ်ိဳး႐ိုးလိုက္လို႔ထူးထူးျခားျခား အင္မတန္ အရပ္ရွည္ေနၾကတာျဖစ္ပါတယ္။

မိခင္ျဖစ္သူ ခရစ္ဆီ (Krissy) က အရပ္ (၆ ေပ၊ ၃ လက္မ) ျဖစ္ၿပီး ဖခင္ျဖစ္သူ စေကာ့တ္(Scott) က အရပ္ (၆ ေပ၊ ၈ လက္မနီးပါး)ေလ။ ဒါေၾကာင့္ သူတို႔မိသားစုထဲမွာ အရပ္အပုဆုံးက အေမ ျဖစ္ေနပါေတာ့တယ္။ ဟုတ္ပါတယ္။ အရပ္ (၆ ေပ၊ ၃ လက္မ)ဟာ သူတို႔မိသားစုထဲမွာေတာ့အပုဆုံး ျဖစ္ေနပါေတာ့တယ္။ သူတို႔က ၂ဝ၂ဝ ခုႏွစ္၊ ဒီဇင္ဘာလကမွ ကမာၻ႔စံခ်ိန္အတြက္ စတင္ေလွ်ာက္ထားခဲ့တာပါ။ ဒါေပမဲ့ စံခ်ိန္ရွင္ျဖစ္လာလိမ့္မယ္လို႔ေတာ့ အပိုင္တြက္မထားခဲ့ၾကပါဘူး။ ဒါေၾကာင့္
တကယ္တမ္းလည္း ကမာၻ႔စံခ်ိန္ရွင္ျဖစ္လာေရာ သူတို႔ေတြ အရမ္းကိုမွေပ်ာ္ၾကတာေပါ့။ သူတို႔က သူတို႔ အရပ္ထူးထူးျခားျခား ရွည္ေနမွန္းအေစာႀကီးကတည္းက သိပါတယ္။ စေကာ့တ္ဆိုရင္ သူတစ္တန္းအ႐ြယ္မွာပဲ ေက်ာင္းက ဆရာမထက္ အရပ္ ပိုရွည္ေနပါၿပီတဲ့။ ကိုယ္ပိုင္မိသားစုဘဝရလာေတာ့လည္း တစ္မိသားစုလုံးကအရွည္ႀကီးေတြ ဆိုေတာ့ သြားေလရာမွာ လူၾကည့္ခံရပါတယ္။

ဒါေပမဲ့ ဒီလို လူၾကည့္ခံရလို႔လည္း သူတို႔မွာ စိတ္ထဲ ဘာမွစႏိုးစေနာင့္မျဖစ္ပါဘူး။
သူတို႔က ကိုယ့္ကိုယ္ကိုယ္ အရွိကို အရွိအတိုင္း လက္သင့္ခံၾကတယ္ေလ။ တခ်ိဳ႕ဆိုရင္ သူတို႔အရပ္ အရမ္းရွည္ေနတာကို စိတ္ဝင္စားလို႔လာမိတ္ဆက္ၿပီးေတာင္ စကား ေျပာၾကပါတယ္။ ဒီလို မေတြ႕ဖူးတဲ့လူေတြနဲ႔ စကားစျမည္ ေျပာခြင့္ရတာကို အဒမ္ (Adam)က သိပ္သေဘာက်ပါတယ္။

မတန္တဆ အရပ္ ရွည္ေနလို႔ တံခါးေပါက္ အဝင္အထြက္လုပ္တိုင္း ေခါင္းငုံ႔သြားရတယ္၊ ေဈးဝယ္ထြက္တဲ့ေနရာမွာ အဆင္မေျပတာေတြရွိတယ္၊ ေျခေထာက္ အရမ္း ရွည္ေနလို႔ ကားေမာင္းတဲ့ ေနရာမွာအခက္အခဲေတြ ရွိတယ္ဆိုေပမယ့္ အဆိုးထက္ အေကာင္းက ပိုမ်ားပါတယ္လို႔ သူတို႔က တညီတၫြတ္တည္း ဆိုပါတယ္။အထူး သျဖင့္အိမ္မွာ လုပ္စရာ ကိစၥေတြ ရွိရင္ ေလွကား မလိုဘဲ လုပ္လို႔ရတာေပါ့။ တျခား မိသားစုေတြထက္ ေခါင္းတစ္လုံးမက အရပ္ ပိုရွည္ေနတာက လြဲလို႔သူတို႔မိသားစုဟာလည္း တျခား သူလိုကိုယ္လို မိသားစုပါပဲ။ သူတို႔က တစ္ေယာက္ကိုတစ္ေယာက္ သံေယာဇဥ္ႀကီးၾကတယ္ေလ။

"ကိုယ့္ကို အားေပးေဖးမ ကူညီေပးမယ့္ မိသားစုဝင္ေတြ ကိုယ့္အနားအၿမဲရွိေနတာ သိပ္ကို ေကာင္းတာပဲ။ လန္ဘားျဖစ္ရတဲ့ သုခေတြ၊ ဒုကၡေတြကို လန္ဘားအခ်င္း ခ်င္းပဲ နားလည္ေတာ့ ရင္ဖြင့္လို႔ ရတာေပါ့"လို႔ ေမာ္လီက ဆိုပါတယ္။

သူတို႔လို ကလန္ကလားေတြေတာင္ ကမာၻ႔စံခ်ိန္ တင္ႏိုင္သြားၿပီဆိုေတာ့တျခား လူေတြလည္း သူတို႔ကို ၾကည့္ၿပီး စိတ္ခြန္အား ရလိမ့္မယ္လို႔သူတို႔က ေမွ်ာ္လင့္ပါသတဲ့။ အေပၚယံ ပုံပန္းသြင္ျပင္ဘယ္လိုပဲ ျဖစ္ေနပါေစ စိတ္ရင္းကသာ အေရးႀကီးတယ္။ ဒါေၾကာင့္ လူတစ္ေယာက္ကို အေပၚယံၾကည့္ၿပီး မဆုံးျဖတ္ေစခ်င္ဘူးလို႔သူတို႔က ဆိုပါတယ္။ ဒါေၾကာင့္ အေပၚယံ အသြင္အျပင္ တမ်ိဳးတဖုံျဖစ္ေနသူေတြအေနနဲ႔လည္း ကိုယ့္အသြင္အျပင္ကို အရွိအတိုင္း လက္ခံဖို႔၊ သူမ်ားနဲ႔ မတူဘဲ ထူး ျခားေနတာကိုပဲ ဂုဏ္ယူတတ္ေစဖို႔ သူတို႔က တိုက္တြန္းလိုက္ပါေသးတယ္။

Related news

© 2021. All rights reserved.