မြန်မာ့ဆန်စပါးပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် (၅)နှစ်တာကာလ လုပ်ငန်းစီမံချက် မူကြမ်း ရေးဆွဲပြီးဟုဆို

 625

ဖူးပြည့် (NP News) - ဇန်နဝါရီ ၁၂

မြန်မာ့ဆန်စပါးပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် (၅)နှစ်တာကာလ လုပ်ငန်းစီမံချက် မူကြမ်း ရေးဆွဲထားပြီးဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနမှ သိရသည်။

အဆိုပါ လုပ်ငန်းစီမံချက်များသည် ပြီးခဲ့သည့်နှစ်အတွင်းက ကျင်းပခဲ့သည့် မြန်မာ့ဆန်စပါးညီလာခံ-၂ဝ၂၂ မှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်းသိရသည်။

မြန်မာ့ဆန်စပါးညီလာခံ-၂ဝ၂၂ ကို ၂ဝ၂၂ ခုနှစ် အောက်တိုဘာလ ၆ ရက်မှ ၇ ရက်အထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

မြန်မာ့ဆန်စပါးညီလာခံ-၂ဝ၂၂ ၏ သုံးသပ်ဖော်ထုတ်ချက်များနှင့် စပ်လျဉ်း၍ ဆက် လက်အကောင်အထည်ဖော်ဆောင်ရွက်ရန် ရေးဆွဲလျာထားသည့် လုပ်ငန်းစီမံချက်များနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၁၁ ရက်ကကျင်းပခဲ့ကြောင်းသိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်က “မြန်မာနိုင်ငံရဲ့ ဆန်စပါးထုတ် လုပ်တင်ပို့မှုကို အရည်အသွေးအားဖြင့် ပိုမိုကောင်း မွန်ဖို့၊ အရေအတွက်အားဖြင့်တိုးမြှင့်ထုတ်လုပ်တင်ပို့နိုင်ရေးကို ဆက်လက်အ ကောင်အထည်ဖော်နိုင်ဖို့အတွက် ညီလာခံမှ ဖော်ထုတ်ချက်တွေကို ငါးနှစ်တာကာလအတွက် (မူကြမ်း)ရေးဆွဲပြုစုထားပြီးဖြစ်ပါတယ်”ဟု ပြောသည်။

အဆိုပါ ညီလာခံမှ ရရှိသည့် စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍအတွက် ဖော်ထုတ်ချက် (၁၅) ချက်၊ ကြိတ်ခွဲထုတ်လုပ်မှုကဏ္ဍအတွက် (၁ဝ) ချက်နှင့် ပို့ကုန်မြှင့်တင်ရေးနှင့်ကုန်သွယ်မှုကဏ္ဍအတွက် (၁၈) ချက် စုစုပေါင်း ၄၃ ချက်ဖြင့် လုပ်ငန်းစီမံချက်ကို ငါးနှစ်တာကာလအတွက်(မူကြမ်း)ရေးဆွဲပြုစုထားခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် အဆိုပါ လုပ်ငန်းစီမံချက်ကိုအားလုံးအတည်ပြုချက်ရရှိပြီးသည့် အချိန်တွင် မြန်မာနိုင်ငံ၏ ဆန်စပါးသီးနှံဈေးကွက်တိုးချဲ့နိုင်ရေး၊ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းတိုးတက်ရေးနှင့် စဉ်ဆက်မပြတ်တည်ရှိစေရေး ၊ အရည်အသွေးသတ်မှတ်ချက် နိုင်ငံတကာအဆင့်ဝင်သည့် ပို့ကုန်များကို ထုတ်လုပ်တင်ပို့နိုင်ရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းက ကုမ္ပဏီ (၄၂)ခုက ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲ မက်ထရစ်တန် ၂၂၈၄၄၅ တန် တင်ပို့ခဲ့ကြောင်း သိရသည်။

zawgyi version
ျမန္မာ့ဆန္စပါးပို႔ကုန္တိုးျမႇင့္တင္ပို႔ႏိုင္ေရးအတြက္ (၅)ႏွစ္တာကာလ လုပ္ငန္းစီမံခ်က္ မူၾကမ္း ေရးဆြဲၿပီးဟုဆို
ဖူးျပည့္ (NP News) - ဇန္နဝါရီ ၁၂

ျမန္မာ့ဆန္စပါးပို႔ကုန္တိုးျမႇင့္တင္ပို႔ႏိုင္ေရးအတြက္ (၅)ႏွစ္တာကာလ လုပ္ငန္းစီမံခ်က္ မူၾကမ္း ေရးဆြဲထားၿပီးျဖစ္ေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ ႀကီးဌာနမွ သိရသည္။

အဆိုပါ လုပ္ငန္းစီမံခ်က္မ်ားသည္ ၿပီးခဲ့သည့္ႏွစ္အတြင္းက က်င္းပခဲ့သည့္ ျမန္မာ့ဆန္စပါးညီလာခံ-၂ဝ၂၂ မွ ထြက္ေပၚလာျခင္းျဖစ္ေၾကာင္းသိရသည္။

ျမန္မာ့ဆန္စပါးညီလာခံ-၂ဝ၂၂ ကို ၂ဝ၂၂ ခုႏွစ္ ေအာက္တိုဘာလ ၆ ရက္မွ ၇ ရက္အထိ ေနျပည္ေတာ္ရွိ ျမန္မာအျပည္ျပည္ဆိုင္ရာကြန္ဗင္းရွင္းဗဟိုဌာန(၂)၌ က်င္းပခဲ့ျခင္းျဖစ္သည္။

ျမန္မာ့ဆန္စပါးညီလာခံ-၂ဝ၂၂ ၏ သုံးသပ္ေဖာ္ထုတ္ခ်က္မ်ားႏွင့္ စပ္လ်ဥ္း၍ ဆက္ လက္အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရန္ ေရးဆြဲလ်ာထားသည့္ လုပ္ငန္းစီမံခ်က္မ်ားႏွင့္ပတ္သက္သည့္ ညႇိႏႈိင္းအစည္းအေဝးကို ဇန္နဝါရီလ ၁၁ ရက္ကက်င္းပခဲ့ေၾကာင္းသိရသည္။

စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးၫြန႔္ေအာင္က “ျမန္မာႏိုင္ငံရဲ႕ ဆန္စပါးထုတ္ လုပ္တင္ပို႔မႈကို အရည္အေသြးအားျဖင့္ ပိုမိုေကာင္း မြန္ဖို႔၊ အေရအတြက္အားျဖင့္တိုးျမႇင့္ထုတ္လုပ္တင္ပို႔ႏိုင္ေရးကို ဆက္လက္အ ေကာင္အထည္ေဖာ္ႏိုင္ဖို႔အတြက္ ညီလာခံမွ ေဖာ္ထုတ္ခ်က္ေတြကို ငါးႏွစ္တာကာလအတြက္ (မူၾကမ္း)ေရးဆြဲျပဳစုထားၿပီးျဖစ္ပါတယ္”ဟု ေျပာသည္။

အဆိုပါ ညီလာခံမွ ရရွိသည့္ စိုက္ပ်ိဳးထုတ္လုပ္မႈက႑အတြက္ ေဖာ္ထုတ္ခ်က္ (၁၅) ခ်က္၊ ႀကိတ္ခြဲထုတ္လုပ္မႈက႑အတြက္ (၁ဝ) ခ်က္ႏွင့္ ပို႔ကုန္ျမႇင့္တင္ေရးႏွင့္ကုန္သြယ္မႈက႑အတြက္ (၁၈) ခ်က္ စုစုေပါင္း ၄၃ ခ်က္ျဖင့္ လုပ္ငန္းစီမံခ်က္ကို ငါးႏွစ္တာကာလအတြက္(မူၾကမ္း)ေရးဆြဲျပဳစုထားျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ အဆိုပါ လုပ္ငန္းစီမံခ်က္ကိုအားလုံးအတည္ျပဳခ်က္ရရွိၿပီးသည့္ အခ်ိန္တြင္ ျမန္မာႏိုင္ငံ၏ ဆန္စပါးသီးႏွံေဈးကြက္တိုးခ်ဲ႕ႏိုင္ေရး၊ ေဈးကြက္ယွဥ္ၿပိဳင္ႏိုင္စြမ္းတိုးတက္ေရးႏွင့္ စဥ္ဆက္မျပတ္တည္ရွိေစေရး ၊ အရည္အေသြးသတ္မွတ္ခ်က္ ႏိုင္ငံတကာအဆင့္ဝင္သည့္ ပို႔ကုန္မ်ားကို ထုတ္လုပ္တင္ပို႔ႏိုင္ေရးတို႔ကို ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းသိရသည္။

ၿပီးခဲ့သည့္ ၂ဝ၂၂ ခုႏွစ္ ဒီဇင္ဘာလအတြင္းက ကုမၸဏီ (၄၂)ခုက ျပည္ပႏိုင္ငံမ်ားသို႔ ဆန္ႏွင့္ဆန္ကြဲ မက္ထရစ္တန္ ၂၂၈၄၄၅ တန္ တင္ပို႔ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.