လက်ပြန်ကြိုးတုပ်လျက် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသား(၂)ဦး၏ အလောင်းများအား ရေဖြူ- သပြေဇွန်းသွား ကားလမ်းဘေးတွင် တွေ့ရှိ

 1012

NP News - ဇန်နဝါရီ ၁၂

ရေဖြူ- သပြေဇွန်းသွား ကားလမ်းဘေးတွင် လက်ပြန်ကြိုးတုပ်လျက် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသား(၂)ဦး၏ အလောင်းများ တွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇန်နဝါရီလ(၁၁)ရက်၊ နံနက်(၁၁)နာရီခွဲ အချိန်ခန့်တွင် ရေဖြူမြို့နယ်၊ သပြေဇွန်းကျေးရွာအနီးရှိ ရေဖြူ- သပြေဇွန်းသွား ကားလမ်းဘေးတွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသား(၂)ဦး၏ အလောင်းများ တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စစ်ဆေးမှုအရ အသက်(၅ဝ)နှစ်အရွယ် အမျိုးသား(၂)ဦးသည် လက်နောက်ပြန်ကြိုးတုပ်လျက် သေနတ်ထိမှန်ဒဏ်ရာများဖြင့် လဲကျသေဆုံးနေခြင်းဖြစ်ပြီး ၎င်းတို့အား ရေဖြူမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း မြန် မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

အလားတူ နေ့လည်(၁)နာရီခွဲအချိန်တွင် တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာဈေးအနီးတွင် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရကာသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆက်လက်ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ဝေဒီကျေးရွာတွင် နေထိုင်သူ ဒေါ်တင်သန်း(၆၂)နှစ်သည် နေအိမ်ဈေးဆိုင်၌ ဈေးရောင်းနေစဉ် အကြမ်းဖက်(၂)ဦးက ဆိုင်ကယ်ဖြင့် ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်ခံရမှုကြောင့် ဒေါ်တင်သန်းသည် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

zawgyi version
လက္ျပန္ႀကိဳးတုပ္လ်က္ ေသနတ္ဒဏ္ရာမ်ားျဖင့္ ေသဆုံးေနသည့္ အမ်ိဳးသား(၂)ဦး၏ အေလာင္းမ်ားအား ေရျဖဴ- သေျပဇြန္းသြား ကားလမ္းေဘးတြင္ ေတြ႕ရွိ
NP News - ဇန္နဝါရီ ၁၂

ေရျဖဴ- သေျပဇြန္းသြား ကားလမ္းေဘးတြင္ လက္ျပန္ႀကိဳးတုပ္လ်က္ ေသနတ္ဒဏ္ရာမ်ားျဖင့္ ေသဆုံးေနသည့္ အမ်ိဳးသား(၂)ဦး၏ အေလာင္းမ်ား ေတြ႕ရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဇန္နဝါရီလ(၁၁)ရက္၊ နံနက္(၁၁)နာရီခြဲ အခ်ိန္ခန႔္တြင္ ေရျဖဴၿမိဳ႕နယ္၊ သေျပဇြန္းေက်း႐ြာအနီးရွိ ေရျဖဴ- သေျပဇြန္းသြား ကားလမ္းေဘးတြင္ ေသနတ္ဒဏ္ရာမ်ားျဖင့္ ေသဆုံးေနသည့္ အမ်ိဳးသား(၂)ဦး၏ အေလာင္းမ်ား ေတြ႕ရွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုသည္။

လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား၏ စစ္ေဆးမႈအရ အသက္(၅ဝ)ႏွစ္အ႐ြယ္ အမ်ိဳးသား(၂)ဦးသည္ လက္ေနာက္ျပန္ႀကိဳးတုပ္လ်က္ ေသနတ္ထိမွန္ဒဏ္ရာမ်ားျဖင့္ လဲက်ေသဆုံးေနျခင္းျဖစ္ၿပီး ၎တို႔အား ေရျဖဴၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း ျမန္ မာႏိုင္ငံ ရဲတပ္ဖြဲ႕မွ သိရသည္။

အလားတူ ေန႔လည္(၁)နာရီခြဲအခ်ိန္တြင္ တနသၤာရီတိုင္း၊ ေလာင္းလုံးၿမိဳ႕နယ္၊ ေဝဒီေက်း႐ြာေဈးအနီးတြင္ အမ်ိဳးသမီးတစ္ဦး ေသနတ္ျဖင့္ ပစ္ခတ္ခံရကာေသဆုံးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆက္လက္ထုတ္ျပန္ထားသည္။

ျဖစ္စဥ္မွာ ေဝဒီေက်း႐ြာတြင္ ေနထိုင္သူ ေဒၚတင္သန္း(၆၂)ႏွစ္သည္ ေနအိမ္ေဈးဆိုင္၌ ေဈးေရာင္းေနစဥ္ အၾကမ္းဖက္(၂)ဦးက ဆိုင္ကယ္ျဖင့္ ေရာက္လာၿပီး ေသနတ္ျဖင့္ ပစ္ခတ္ထြက္ေျပးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ပစ္ခတ္ခံရမႈေၾကာင့္ ေဒၚတင္သန္းသည္ အခင္းျဖစ္ပြားရာေနရာတြင္ ေသဆုံးသြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

Picture

Thiha Tgi

12/01/2023 20:00

we r agree

Related news

© 2021. All rights reserved.