လှိုင်မြို့နယ်၊ အုတ်ကျင်းဘူတာရုံလမ်းပေါ်ရှိ ရေခဲစက်ရုံမှ အမိုးနီးယားဓါတ်ငွေ့ယိုစိမ့်မှုကြောင့် အသက်ရှုကြပ်မေ့လဲသူ (၂ဝ) ဦးထက်မနည်း ရှိလာ

 879

NP News - ဇန်နဝါရီ ၁၂

ယနေ့ ဇန်နဝါရီလ ၁၂ ရက်၊ ညပိုင်းတွင် စတင်၍ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ အမှတ် (၁၃)ရပ်ကွက်၊ အုတ်ကျင်းဘူတာရုံလမ်းပေါ်ရှိ ရေခဲစက်ရုံမှ အမိုးနီးယားဂတ်စ်အိုးယိုစိမ့်မှုကြောင့် အဆိုပါစက်ရုံပတ်ဝန်းကျင်အနီးတွင် နေထိုင်သော သူများသည် အနံ့ဆိုးများ စတင်ရရှိခဲ့ကြပြီး နောက်ပိုင်းတွင် အသက်ရှုကြပ်ခြင်း၊ မျက်လုံး စပ်ခြင်းများနှင့် အချို့ဆိုလျှင် မေ့လဲသည်အထိ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်အား မြန်မာနိုင်ငံမီးသတ်ဌာနသည် ည ၉ နာရီ ၁ဝ မိနစ်အချိန်ခန့်က သတင်းရရှိခဲ့သဖြင့်လှိုင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး ၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ LUF 60 မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သူနာတင်ယာဉ် (၁)စီး တို့လည်း တို့ဖြင့် ထွက်ခွာခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ LUF 60 မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သူနာတင်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီးတို့ဖြင့် သွားရောက်ကာ ကူညီပေးလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် အင်းစိန်ဆေးရုံသို့ အမျိုးသား(၇) ဦးနှင့် အမျိုးသမီး(၉) ဦး၊ ပေါင်း(၁၆) ဦး နှင့် မြောက်ဥက္ကလာဆေးရုံသို့ အမျိုးသမီး(၁) ဦးအား ဆေးကုသရန် ပို့ဆောင်ထားပြီး စိုးရိမ်ရသည့်အခြေအနေမျိုး မရှိတော့ကြောင်း သိရသည်။

သက်ဆိုင်ရာတာဝန်ရှိသူများမှလည်း ပတ်ဝန်းကျင်ရှိ အမိုးနီးယားဓါတ်ငွေ့များကို (LUF 60) ရေငွေ့ဖြန်းစက် ယာဥ်များဖြင့် ဓါတ်ငွေ့ရှင်းလင်းရေး လုပ်ငန်းစဥ်များကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လႈိင္ၿမိဳ႕နယ္၊ အုတ္က်င္းဘူတာ႐ုံလမ္းေပၚရွိ ေရခဲစက္႐ုံမွ အမိုးနီးယားဓါတ္ေငြ႕ယိုစိမ့္မႈေၾကာင့္ အသက္ရႈၾကပ္ေမ့လဲသူ (၂ဝ) ဦးထက္မနည္း ရွိလာ
NP News - ဇန္နဝါရီ ၁၂

ယေန႔ ဇန္နဝါရီလ ၁၂ ရက္၊ ညပိုင္းတြင္ စတင္၍ ရန္ကုန္တိုင္း၊ လႈိင္ၿမိဳ႕နယ္၊ အမွတ္ (၁၃)ရပ္ကြက္၊ အုတ္က်င္းဘူတာ႐ုံလမ္းေပၚရွိ ေရခဲစက္႐ုံမွ အမိုးနီးယားဂတ္စ္အိုးယိုစိမ့္မႈေၾကာင့္ အဆိုပါစက္႐ုံပတ္ဝန္းက်င္အနီးတြင္ ေနထိုင္ေသာ သူမ်ားသည္ အနံ႔ဆိုးမ်ား စတင္ရရွိခဲ့ၾကၿပီး ေနာက္ပိုင္းတြင္ အသက္ရႈၾကပ္ျခင္း၊ မ်က္လုံး စပ္ျခင္းမ်ားႏွင့္ အခ်ိဳ႕ဆိုလွ်င္ ေမ့လဲသည္အထိ ျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္အား ျမန္မာႏိုင္ငံမီးသတ္ဌာနသည္ ည ၉ နာရီ ၁ဝ မိနစ္အခ်ိန္ခန႔္က သတင္းရရွိခဲ့သျဖင့္လႈိင္ၿမိဳ႕နယ္မီးသတ္စခန္းမွ မီးျငႇိမ္းသတ္ယာဥ္(၁)စီး၊ မရမ္းကုန္းၿမိဳ႕နယ္မီးသတ္စခန္းမွ မီးျငႇိမ္းသတ္ယာဥ္(၁)စီး ၊ မီးသတ္ေရသယ္ယာဥ္(၁)စီး၊ ေက်ာက္တံတားၿမိဳ႕နယ္မီးသတ္စခန္းမွ LUF 60 မီးျငႇိမ္းသတ္ယာဥ္(၁)စီး၊ မီးျငႇိမ္းသတ္ယာဥ္(၁)စီး၊ သူနာတင္ယာဥ္ (၁)စီး တို႔လည္း တို႔ျဖင့္ ထြက္ခြာခဲ့ေၾကာင္း သိရသည္။

ဆက္လက္၍ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ဌာနခ်ဳပ္မွ အုပ္ခ်ဳပ္မႈယာဥ္(၁)စီး၊ LUF 60 မီးျငႇိမ္းသတ္ယာဥ္(၁)စီး၊ မီးျငႇိမ္းသတ္ယာဥ္(၁)စီး၊ ရွာေဖြကယ္ဆယ္ေရးယာဥ္(၁)စီး၊ သူနာတင္ယာဥ္(၂)စီး၊ မီးသတ္ေရသယ္ယာဥ္(၁)စီးတို႔ျဖင့္ သြားေရာက္ကာ ကူညီေပးလ်က္ရွိေၾကာင္း သိရသည္။

လက္ရွိတြင္ အင္းစိန္ေဆး႐ုံသို႔ အမ်ိဳးသား(၇) ဦးႏွင့္ အမ်ိဳးသမီး(၉) ဦး၊ ေပါင္း(၁၆) ဦး ႏွင့္ ေျမာက္ဥကၠလာေဆး႐ုံသို႔ အမ်ိဳးသမီး(၁) ဦးအား ေဆးကုသရန္ ပို႔ေဆာင္ထားၿပီး စိုးရိမ္ရသည့္အေျခအေနမ်ိဳး မရွိေတာ့ေၾကာင္း သိရသည္။

သက္ဆိုင္ရာတာဝန္ရွိသူမ်ားမွလည္း ပတ္ဝန္းက်င္ရွိ အမိုးနီးယားဓါတ္ေငြ႕မ်ားကို (LUF 60) ေရေငြ႕ျဖန္းစက္ ယာဥ္မ်ားျဖင့္ ဓါတ္ေငြ႕ရွင္းလင္းေရး လုပ္ငန္းစဥ္မ်ားကို ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.