ဆေးလိပ်သောက်သုံးမှုအများဆုံး ထိပ်ဆုံး ၁ဝ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံ ပါဝင်နေ

 806

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁၃

မြန်မာနိုင်ငံသည် ကမ္ဘာတဝန်းတွင် ဆေးလိပ်သောက်သုံးမှုအများဆုံး ထိပ်ဆုံး ၁၀ နိုင်ငံထဲတွင် ပါဝင်လျက်ရှိနေ ကြောင်း World Atlas အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါအဖွဲ့၏ထုတ်ပြန်ချက်အရ ကမ္ဘာတဝန်းရှိ နိုင်ငံများထဲ ဆေးလိပ်သောက်သုံးမှုအများဆုံး ထိပ်ဆုံး ၁၀ နိုင်ငံ ထဲတွင် မြန်မာအပြင် ဆားဘီးယား၊ လက်ဘနွန်၊ ချီလီ၊ ဘင်္ဂလားဒေရှ့်၊ ဂရိ၊ ဘူဂေးရီးယားနိုင်ငံတို့ ပါဝင်လျက်ရှိနေ ကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် နိုင်ငံလူဦးရေ၏ ၄၅ ဒသမ ၅၀ ရာခိုင်နှုန်း ဆေးလိပ်သောက်သုံးလျက် ရှိနေသည်ဟု World Atlas အဖွဲ့က ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် လူဦးရေ ၅၇ ဒသမ ၅ ရာခိုင်နှုန်းရှိနေပြီး ဆေးလိပ်သောက်သုံးခြင်းကို လူသိရှင်ကြား တားမြစ် ထားသော်လည်း ဆေးလိပ်သောက်သုံးသူအရေအတွက် မြင့်တက်နေခြင်းက အံ့အားသင့်စရာဖြစ်စေခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ဆေးလိပ်သောက်သုံးခြင်းကို လူသိရှင်ကြားတားမြစ်ထားသော်လည်း အိမ်တွင်းသောက်သုံးခြင်း နှင့် အများပြည်သူနှင့်သက်ဆိုင်သောနေရာများတွင် ဆေးလိပ်သောက်သုံးခြင်းကို တားမြစ်ထားခြင်း မရှိကြောင်း သိရသည်။

အရှေ့တောင်အာရှနိုင်ငံများထဲတွင် မြန်မာနိုင်ငံသည် ဆေးလိပ်သောက်သုံးမှုအများဆုံးနိုင်ငံအဖြစ် ရပ်တည်နေပြီး အင်ဒိုနီးရှားနိုင်ငံက ဆေးလိပ်သောက်သုံးမှု ဒုတိယအများဆုံးဖြစ်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံတွင် ဆေးလိပ် သောက်သုံးသူအရေအတွက် ၃၇ ဒသမ ၉၀ ရာခိုင်နှုန်းရှိနေကြောင်းသိရသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ ဖြစ်သော ဘင်္ဂလားဒေရှ့်နိုင်ငံတွင်လည်း ဆေးလိပ်သောက်သုံးသူ အရေအတွက်မြင့်တက်နေပြီး၊ ဆေးလိပ် သောက်သုံးသူအရေအတွက်သည်နိုင်ငံလူဦးရေ၏ ၃၉ ဒသမ ၁၀ရာခိုင်နှုန်းရှိကြောင်းworld Atlas အဖွဲ့က ဆိုသည်။

အဆိုပါအဖွဲ့၏ဖော်ပြချက်အရ ကမ္ဘာပေါ်တွင် ဆေးလိပ်သောက်သုံးမှုအများဆုံးနိုင်ငံသည် ပစိဖိတ်သမုဒ္ဒရာ အတွင်းရှိ ကျွန်းနိုင်ငံဖြစ်သော Nauru နိုင်ငံဖြစ်ကြောင်း၊ အဆိုပါနိုင်ငံရှိ နိုင်ငံလူဦးရေ၏ တစ်ဝက်ကျော် ဆေးလိပ်သောက်သုံးကြောင်း သိရသည်။

Zawgyi Version;
ေဆးလိပ္ေသာက္သုံးမႈအမ်ားဆုံး ထိပ္ဆုံး ၁ဝ ႏိုင္ငံစာရင္းတြင္ ျမန္မာႏိုင္ငံ ပါဝင္ေန
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၁၃

ျမန္မာႏိုင္ငံသည္ ကမာၻတဝန္းတြင္ ေဆးလိပ္ေသာက္သုံးမႈအမ်ားဆုံး ထိပ္ဆုံး ၁၀ ႏိုင္ငံထဲတြင္ ပါဝင္လ်က္ရွိေန ေၾကာင္း World Atlas အဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။

အဆိုပါအဖြဲ႕၏ထုတ္ျပန္ခ်က္အရ ကမာၻတဝန္းရွိ ႏိုင္ငံမ်ားထဲ ေဆးလိပ္ေသာက္သုံးမႈအမ်ားဆုံး ထိပ္ဆုံး ၁၀ ႏိုင္ငံ ထဲတြင္ ျမန္မာအျပင္ ဆားဘီးယား၊ လက္ဘႏြန္၊ ခ်ီလီ၊ ဘဂၤလားေဒရွ႕္၊ ဂရိ၊ ဘူေဂးရီးယားႏိုင္ငံတို႔ ပါဝင္လ်က္ရွိေန ေၾကာင္းသိရသည္။ ျမန္မာႏိုင္ငံတြင္ ႏိုင္ငံလူဦးေရ၏ ၄၅ ဒသမ ၅၀ ရာခိုင္ႏႈန္း ေဆးလိပ္ေသာက္သုံးလ်က္ ရွိေနသည္ဟု World Atlas အဖြဲ႕က ေဖာ္ျပထားသည္။

ျမန္မာႏိုင္ငံတြင္ လူဦးေရ ၅၇ ဒသမ ၅ ရာခိုင္ႏႈန္းရွိေနၿပီး ေဆးလိပ္ေသာက္သုံးျခင္းကို လူသိရွင္ၾကား တားျမစ္ ထားေသာ္လည္း ေဆးလိပ္ေသာက္သုံးသူအေရအတြက္ ျမင့္တက္ေနျခင္းက အံ့အားသင့္စရာျဖစ္ေစခဲ့ေၾကာင္း၊ ျမန္မာႏိုင္ငံတြင္ ေဆးလိပ္ေသာက္သုံးျခင္းကို လူသိရွင္ၾကားတားျမစ္ထားေသာ္လည္း အိမ္တြင္းေသာက္သုံးျခင္း ႏွင့္ အမ်ားျပည္သူႏွင့္သက္ဆိုင္ေသာေနရာမ်ားတြင္ ေဆးလိပ္ေသာက္သုံးျခင္းကို တားျမစ္ထားျခင္း မရွိေၾကာင္း သိရသည္။

အေရွ႕ေတာင္အာရွႏိုင္ငံမ်ားထဲတြင္ ျမန္မာႏိုင္ငံသည္ ေဆးလိပ္ေသာက္သုံးမႈအမ်ားဆုံးႏိုင္ငံအျဖစ္ ရပ္တည္ေနၿပီး အင္ဒိုနီးရွားႏိုင္ငံက ေဆးလိပ္ေသာက္သုံးမႈ ဒုတိယအမ်ားဆုံးျဖစ္ေၾကာင္း၊ အင္ဒိုနီးရွားႏိုင္ငံတြင္ ေဆးလိပ္ ေသာက္သုံးသူအေရအတြက္ ၃၇ ဒသမ ၉၀ ရာခိုင္ႏႈန္းရွိေနေၾကာင္းသိရသည္။ ျမန္မာႏိုင္ငံ၏ အိမ္နီးခ်င္းႏိုင္ငံ ျဖစ္ေသာ ဘဂၤလားေဒရွ႕္ႏိုင္ငံတြင္လည္း ေဆးလိပ္ေသာက္သုံးသူ အေရအတြက္ျမင့္တက္ေနၿပီး၊ ေဆးလိပ္ ေသာက္သုံးသူအေရအတြက္သည္ႏိုင္ငံလူဦးေရ၏ ၃၉ ဒသမ ၁၀ရာခိုင္ႏႈန္းရွိေၾကာင္းworld Atlas အဖြဲ႕က ဆိုသည္။

အဆိုပါအဖြဲ႕၏ေဖာ္ျပခ်က္အရ ကမာၻေပၚတြင္ ေဆးလိပ္ေသာက္သုံးမႈအမ်ားဆုံးႏိုင္ငံသည္ ပစိဖိတ္သမုဒၵရာ အတြင္းရွိ ကြၽန္းႏိုင္ငံျဖစ္ေသာ Nauru ႏိုင္ငံျဖစ္ေၾကာင္း၊ အဆိုပါႏိုင္ငံရွိ ႏိုင္ငံလူဦးေရ၏ တစ္ဝက္ေက်ာ္ ေဆးလိပ္ေသာက္သုံးေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.