ဂန္တဝင် ဂီတပညာရှင်ကြီး အဲဗစ်ပရက်စလေရဲ့တစ်ဦးတည်းသောသမီး အဆိုတော် လီဆာမာရစ်ပရက်စလေ အသက် ၅၄ နှစ်မှာ ကွယ်လွန်

 792

ရောင်နီ (NP News) - ဇန်နဝါရီ ၁၃

ကမ္ဘာကျော် ဂန္တဝင် ဂီတပညာရှင်ကြီး အဲဗစ်ပရက်စလေရဲ့ တစ်ဦးတည်းသောသမီးဖြစ်သူ လီဆာမာရစ် ပရက်စလေ ဟာ အသက် ၅၄ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

ဒီသတင်းကို မိခင်ဖြစ်သူ ပရစ်စီလာပရက်စလေက ကြသပတေးနေ့ ညနေပိုင်းမှာ ကြေညာပြောဆိုခဲ့တာဖြစ်ပါ တယ်။ လီဆာ ကို အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့ရှိ ဆေးရုံသို့ အမြန်ပို့ဆောင်ထားကြောင်း အတည်ပြုပြီး နောက် နာရီပိုင်းအကြာမှာ သူမကွယ်လွန်ကြောင်း သတင်းကြေညာခဲ့တာဖြစ်ပါတယ်။ လီဆာ ဟာ သူမရဲ့ ဖခင် အဲဗစ်ပရက်စလေကို ဂုဏ်ပြုတဲ့အနေနဲ့ ရိုက်ကူးထားတဲ့ Baz Luhrmann's Elvis ရုပ်ရှင်မှာ အကောင်းဆုံး သရုပ်ဆောင်ဆုကိုရရှိခဲ့ပြီး ဇန်နဝါရီလ ၁ဝ ရက်၊ အင်္ဂါနေ့က Golden Globes သို့ တက်ရောက်ခဲ့ပါတယ်။

အဲဒီမတိုင်ခင် ရက်ပိုင်းကပဲ သူမဟာ ဇန်နဝါရီလ ၈ ရက်နေ့မှာ ဖခင်ရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် ဖခင် နေထိုင်ခဲ့တဲ့ တန်နန်စီမြို့၊ မန်းဖစ်မှာ နေထိုင်ခဲ့ပါတယ်။

လီဆာဟာ ၁၉၆၈ ခုနှစ်မှာ မွေးဖွားခဲ့ပြီး သူမအသက် ၉ နှစ်အရွယ်၊ ၁၉၇၇ ခုနှစ်မှာ ဖခင် အဲဗစ် ဆုံးပါးသွားခဲ့ပါ တယ်။ သူမဟာ ဖခင် ကျတ်သရေရှိသော အသံကို အမွေရရှိထားပြီး နောက်ဆုံး ဂီတလောကထဲသို့ ရောက်ရှိခဲ့ကာ ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ "To Whom It May Concern" သီချင်းအယ်လ်ဘမ်နဲ့ ၂၀၀၅ ခုနှစ် "Noe What" အယ်လ်ဘမ် ဟာ Billboard 200 အယ်လ်ဘမ်ဇယားမှာ Top 10 စာရင်းဝင်ခဲ့ပါတယ်။

သူမဟာ သရုပ်ဆောင် နီကိုးလက်ကော့၊ အဆိုတော် မစ်ချယ်ဂျက်ဆန် အပါအဝင် လေးကြိမ်တိုင်တိုင် လက်ထပ်ခဲ့ပြီး သားသမီး လေးယောက် ထွန်းကားခဲ့ပါတယ်။

Zawgyi Version;
ဂႏၲဝင္ ဂီတပညာရွင္ႀကီး အဲဗစ္ပရက္စေလရဲ႕တစ္ဦးတည္းေသာသမီး အဆိုေတာ္ လီဆာမာရစ္ပရက္စေလ အသက္ ၅၄ ႏွစ္မွာ ကြယ္လြန္
ေရာင္နီ (NP News) - ဇန္နဝါရီ ၁၃

ကမာၻေက်ာ္ ဂႏၲဝင္ ဂီတပညာရွင္ႀကီး အဲဗစ္ပရက္စေလရဲ႕ တစ္ဦးတည္းေသာသမီးျဖစ္သူ လီဆာမာရစ္ ပရက္စေလ ဟာ အသက္ ၅၄ ႏွစ္အ႐ြယ္မွာ ကြယ္လြန္သြားခဲ့ၿပီျဖစ္တယ္လို႔ သိရပါတယ္။

ဒီသတင္းကို မိခင္ျဖစ္သူ ပရစ္စီလာပရက္စေလက ၾကသပေတးေန႔ ညေနပိုင္းမွာ ေၾကညာေျပာဆိုခဲ့တာျဖစ္ပါ တယ္။ လီဆာ ကို အေမရိကန္ႏိုင္ငံ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕ရွိ ေဆး႐ုံသို႔ အျမန္ပို႔ေဆာင္ထားေၾကာင္း အတည္ျပဳၿပီး ေနာက္ နာရီပိုင္းအၾကာမွာ သူမကြယ္လြန္ေၾကာင္း သတင္းေၾကညာခဲ့တာျဖစ္ပါတယ္။ လီဆာ ဟာ သူမရဲ႕ ဖခင္ အဲဗစ္ပရက္စေလကို ဂုဏ္ျပဳတဲ့အေနနဲ႔ ႐ိုက္ကူးထားတဲ့ Baz Luhrmann's Elvis ႐ုပ္ရွင္မွာ အေကာင္းဆုံး သ႐ုပ္ေဆာင္ဆုကိုရရွိခဲ့ၿပီး ဇန္နဝါရီလ ၁ဝ ရက္၊ အဂၤါေန႔က Golden Globes သို႔ တက္ေရာက္ခဲ့ပါတယ္။

အဲဒီမတိုင္ခင္ ရက္ပိုင္းကပဲ သူမဟာ ဇန္နဝါရီလ ၈ ရက္ေန႔မွာ ဖခင္ရဲ႕ ေမြးေန႔အထိမ္းအမွတ္အျဖစ္ ဖခင္ ေနထိုင္ခဲ့တဲ့ တန္နန္စီၿမိဳ႕၊ မန္းဖစ္မွာ ေနထိုင္ခဲ့ပါတယ္။

လီဆာဟာ ၁၉၆၈ ခုႏွစ္မွာ ေမြးဖြားခဲ့ၿပီး သူမအသက္ ၉ ႏွစ္အ႐ြယ္၊ ၁၉၇၇ ခုႏွစ္မွာ ဖခင္ အဲဗစ္ ဆုံးပါးသြားခဲ့ပါ တယ္။ သူမဟာ ဖခင္ က်တ္သေရရွိေသာ အသံကို အေမြရရွိထားၿပီး ေနာက္ဆုံး ဂီတေလာကထဲသို႔ ေရာက္ရွိခဲ့ကာ ၂၀၀၃ ခုႏွစ္က ထြက္ရွိခဲ့တဲ့ "To Whom It May Concern" သီခ်င္းအယ္လ္ဘမ္နဲ႔ ၂၀၀၅ ခုႏွစ္ "Noe What" အယ္လ္ဘမ္ ဟာ Billboard 200 အယ္လ္ဘမ္ဇယားမွာ Top 10 စာရင္းဝင္ခဲ့ပါတယ္။

သူမဟာ သ႐ုပ္ေဆာင္ နီကိုးလက္ေကာ့၊ အဆိုေတာ္ မစ္ခ်ယ္ဂ်က္ဆန္ အပါအဝင္ ေလးႀကိမ္တိုင္တိုင္ လက္ထပ္ခဲ့ၿပီး သားသမီး ေလးေယာက္ ထြန္းကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.