ကုသရေးဦးစီးဌာန၌ ဆရာဝန်(၂ဝဝ) လိုအပ်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာန အသိပေး

 871

ယွန်း၊ စော (NP News) - ဇန်နဝါရီ ၁၃

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦစီးဌာနတွင် လစ်လပ်လျက်ရှိသော ရာထူးနေရာ (၂ဝဝ) အတွက် ဆရာဝန်များ ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ယနေ့ (ဇန်နဝါရီ ၁၃ ရက်) ညနေပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနတွင် လစ်လပ်နေသော ဆရာဝန်(သစ်လွင်) (၁၈ဝ) နေရာအတွက် ဆေးပညာဘွဲ့ (M.B.,B.S) များကို ခေါ်ယူသွားမည်ဖြစ်ပြီး သွားနှင့် ခံတွင်းနေရာ (၂ဝ) အတွက် သွားဘက်ဆိုင်ရာဆေးပညာဘွဲ့ (B.D.S) များကို ခေါ်ယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

လျှောက်ထားသူများအနေဖြင့် ဇန်နဝါရီ(၂၇) ရက်တွင် အသက်(၃၅)နှစ်ထက် မကျော်လွန်သူဖြစ်ရန်လိုကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် လျှောက်ထားသူများသည် မိမိတို့ရရှိထားသည့် (M.B.,B.S) ဘွဲ့ နှင့် (B.D.S) ဘွဲ့တို့အပြင် မြန်မာနိုင်ငံ ဆေးကောင်စီမှ အသိအမှတ်ပြုထားသော သက်တမ်းမကုန်သေးသည့် အထွေထွေဆေးကုသခွင့် လိုင်စင် (ဆမ/သခ) ကိုင်ဆောင်ထားသူ (သို့မဟုတ်) အလုပ်သင်ဆရာဝန်ဖြစ်ပါက လျှောက်ထားချိန်တွင် အလုပ်သင် ဆရာဝန်ပြီးမြောက်ကြောင်း ထောက်ခံစာတင်ပြနိုင်သူဖြစ်ရန်လိုကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ဆိုထားသည်။

၎င်းတို့အနေဖြင့် ရာထူးရွေးချယ်ခြင်းခံရပါက လက်တလောတွင် နိုင်ငံဝန်ထမ်းတက္ကသိုလ်များ၌ ဖွင့်လှစ်သည့် အရာထမ်းလောင်းအခြေခံသင်တန်းများသို့ မတက်ခိုင်းသေးဘဲ ဝန်ကြီးဌာနမှ နိုင်ငံဝန်ထမ်းသစ်များအဖြစ် ခန့်အပ် သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လျှောက်ထားသူမျာသည် စာမေးပွဲဝင်ကြေးကို online banking (သို့မဟုတ်) Manual နည်းလမ်း(၂) မျိုးဖြင့် ပေးသွင်းနိုင်ပြီး online banking စနစ်ဖြင့် ပေးသွင်းရာတွင် payment method (၅) မျိုးဖြင့် ပေးသွင်းနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ နည်းဥပဒေ(၁၅)ကို ကျင့်သုံး၍ ရေးဖြေစာမေးပွဲ မပြုလုပ်ဘဲ စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးခြင်းကိုသာ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဖြေဆိုရမည့်ရက်ကို တစ်ဦးချင်းစီ စာဖြင့်အကြောင်းကြားသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

Zawgyi Version;
ကုသေရးဦးစီးဌာန၌ ဆရာဝန္(၂ဝဝ) လိုအပ္ေနေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန အသိေပး
ယြန္း၊ ေစာ (NP News) - ဇန္နဝါရီ ၁၃

က်န္းမာေရးဝန္ႀကီးဌာန၊ ကုသေရးဦစီးဌာနတြင္ လစ္လပ္လ်က္ရွိေသာ ရာထူးေနရာ (၂ဝဝ) အတြက္ ဆရာဝန္မ်ား ေခၚယူသြားမည္ျဖစ္ေၾကာင္း သိရသည္။

က်န္းမာေရးဝန္ႀကီးဌာနမွ ယေန႔ (ဇန္နဝါရီ ၁၃ ရက္) ညေနပိုင္းတြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္း ျဖစ္သည္။

က်န္းမာေရးဝန္ႀကီးဌာနတြင္ လစ္လပ္ေနေသာ ဆရာဝန္(သစ္လြင္) (၁၈ဝ) ေနရာအတြက္ ေဆးပညာဘြဲ႕ (M.B.,B.S) မ်ားကို ေခၚယူသြားမည္ျဖစ္ၿပီး သြားႏွင့္ ခံတြင္းေနရာ (၂ဝ) အတြက္ သြားဘက္ဆိုင္ရာေဆးပညာဘြဲ႕ (B.D.S) မ်ားကို ေခၚယူသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

ေလွ်ာက္ထားသူမ်ားအေနျဖင့္ ဇန္နဝါရီ(၂၇) ရက္တြင္ အသက္(၃၅)ႏွစ္ထက္ မေက်ာ္လြန္သူျဖစ္ရန္လိုေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

ထို႔ျပင္ ေလွ်ာက္ထားသူမ်ားသည္ မိမိတို႔ရရွိထားသည့္ (M.B.,B.S) ဘြဲ႕ ႏွင့္ (B.D.S) ဘြဲ႕တို႔အျပင္ ျမန္မာႏိုင္ငံ ေဆးေကာင္စီမွ အသိအမွတ္ျပဳထားေသာ သက္တမ္းမကုန္ေသးသည့္ အေထြေထြေဆးကုသခြင့္ လိုင္စင္ (ဆမ/သခ) ကိုင္ေဆာင္ထားသူ (သို႔မဟုတ္) အလုပ္သင္ဆရာဝန္ျဖစ္ပါက ေလွ်ာက္ထားခ်ိန္တြင္ အလုပ္သင္ ဆရာဝန္ၿပီးေျမာက္ေၾကာင္း ေထာက္ခံစာတင္ျပႏိုင္သူျဖစ္ရန္လိုေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနမွ ဆိုထားသည္။

၎တို႔အေနျဖင့္ ရာထူးေ႐ြးခ်ယ္ျခင္းခံရပါက လက္တေလာတြင္ ႏိုင္ငံဝန္ထမ္းတကၠသိုလ္မ်ား၌ ဖြင့္လွစ္သည့္ အရာထမ္းေလာင္းအေျခခံသင္တန္းမ်ားသို႔ မတက္ခိုင္းေသးဘဲ ဝန္ႀကီးဌာနမွ ႏိုင္ငံဝန္ထမ္းသစ္မ်ားအျဖစ္ ခန႔္အပ္ သြားမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ေလွ်ာက္ထားသူမ်ာသည္ စာေမးပြဲဝင္ေၾကးကို online banking (သို႔မဟုတ္) Manual နည္းလမ္း(၂) မ်ိဳးျဖင့္ ေပးသြင္းႏိုင္ၿပီး online banking စနစ္ျဖင့္ ေပးသြင္းရာတြင္ payment method (၅) မ်ိဳးျဖင့္ ေပးသြင္းႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ဝန္ႀကီးဌာနအေနျဖင့္ ျပည္ေထာင္စုရာထူးဝန္အဖြဲ႕ နည္းဥပေဒ(၁၅)ကို က်င့္သုံး၍ ေရးေျဖစာေမးပြဲ မျပဳလုပ္ဘဲ စိတ္အေျခအေနႏွင့္ လူေတြ႕စစ္ေဆးျခင္းကိုသာ ေဆာင္႐ြက္ေပးသြားမည္ျဖစ္ၿပီး ေျဖဆိုရမည့္ရက္ကို တစ္ဦးခ်င္းစီ စာျဖင့္အေၾကာင္းၾကားသြားမည္ျဖစ္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနမွ အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.