ဘရာဇီးနာမည်ကျော်တိုက်ခိုက်ရေးသမားကို တစ်မိနစ်ကျော်နဲ့ အလဲထိုးအနိုင်ယူပြလိုက်တဲ့ အောင်လအန်ဆန်

 908

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁၄

ကချင်တိုင်းရင်းသား အောင်လအန်ဆန်ဟာ ထိုင်းနိုင်ငံမှာ ဇန်နဝါရီလ ၁၄ ရက်နံနက်ပိုင်းကကျင်းပတဲ့ ONE Fight Night 6 ပွဲစဉ်မှာ ဘရာဇီးတိုက်ခိုက်ရေးသမား ဂယ်ဗာအိုကို အလဲထိုးအနိုင်ယူနိုင်ခဲ့ကြောင်းသိရပါတယ်။

အသက် ၃၇ နှစ်အရွယ်အောင်လအန်ဆန်ဟာ ပွဲစစချင်းမှာ ခံစစ်အသွင်ဖြစ်နေခဲ့ပေမယ့် တစ်မိနစ်ကျော်ကြာချိန်မှာ အသက် ၄ဝ အရွယ်ရှိ ဂယ်ဗာအိုကို အသာစီးနဲ့ထိုးသတ်ကာ အလဲထိုးနိုင်ခဲ့တာဖြစ်ပါတယ်။

အောင်လအန်ဆန်ဟာ ပုံမှန်အားဖြင့် မစ်ဒယ်ဝိတ်တန်းမှာထိုးသတ်ခဲ့ပေမယ့် ဒီပွဲစဉ်ကို ပုံမှန်ထိုးနေကျ ဝိတ်တန်းမဟုတ်ဘဲ catchweight ဝိတ်တန်းမှာထိုးသတ်ပြီး ဘရာဇီးနာမည်ကျော်နပန်းသမားကို အလဲထိုးအနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဂယ်ဗာအိုဟာ ၂ဝ၁၉ ခုနှစ်နောက်ပိုင်းကတည်းက ONE Championship ပွဲစဉ်ကို ထိုးသတ်ယှဉ်ပြိုင်ခြင်းမရှိဘဲ (၂)နှစ်ကျော်ကြာချိန်မှာ ပထမဆုံးအကြိမ်ပြန်လည်ထိုးသတ်ခဲ့တာလည်းဖြစ်ပါတယ်။

ONE Championship မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံဟောင်းဖြစ်သူ အောင်လအန်ဆန်ဟာ ဂယ်ဗာအိုကို အနိုင်ရရှိခဲ့ခြင်းကြောင့် နောက်ဆုံးယှဉ်ပြိုင်တဲ့ သုံးပွဲမှာ နှစ်ပွဲအနိုင်ယူနိုင်ခဲ့ကြောင်းသိရပါတယ်။ အောင်လအန်ဆန်ဟာ ၂ဝ၂ဝ ခုနှစ်အတွင်း ထိုးသတ်ခဲ့တဲ့ ONE Championship ပွဲစဉ်တွေမှာ တစ်ပွဲနိုင်၊ တစ်ပွဲရှုံးရလဒ်ထွက်ခဲ့သလို ၂ဝ၂၁ ခုနှစ်အတွင်းထိုးသတ်ခဲ့တဲ့ ONE Championship ပွဲစဉ်တွေမှာ တစ်ပွဲနိုင်၊ တစ်ပွဲရှုံးရလဒ်ထွက်ခဲ့ပြီး ၂ဝ၂၃ ခုနှစ်နှစ်စပိုင်းမှာတော့ အနိုင်ရလဒ်နဲ့စတင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

zawgyi version
ဘရာဇီးနာမည္ေက်ာ္တိုက္ခိုက္ေရးသမားကို တစ္မိနစ္ေက်ာ္နဲ႔ အလဲထိုးအႏိုင္ယူျပလိုက္တဲ့ ေအာင္လအန္ဆန္
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၁၄

ကခ်င္တိုင္းရင္းသား ေအာင္လအန္ဆန္ဟာ ထိုင္းႏိုင္ငံမွာ ဇန္နဝါရီလ ၁၄ ရက္နံနက္ပိုင္းကက်င္းပတဲ့ ONE Fight Night 6 ပြဲစဥ္မွာ ဘရာဇီးတိုက္ခိုက္ေရးသမား ဂယ္ဗာအိုကို အလဲထိုးအႏိုင္ယူႏိုင္ခဲ့ေၾကာင္းသိရပါတယ္။

အသက္ ၃၇ ႏွစ္အ႐ြယ္ေအာင္လအန္ဆန္ဟာ ပြဲစစခ်င္းမွာ ခံစစ္အသြင္ျဖစ္ေနခဲ့ေပမယ့္ တစ္မိနစ္ေက်ာ္ၾကာခ်ိန္မွာ အသက္ ၄ဝ အ႐ြယ္ရွိ ဂယ္ဗာအိုကို အသာစီးနဲ႔ထိုးသတ္ကာ အလဲထိုးႏိုင္ခဲ့တာျဖစ္ပါတယ္။

ေအာင္လအန္ဆန္ဟာ ပုံမွန္အားျဖင့္ မစ္ဒယ္ဝိတ္တန္းမွာထိုးသတ္ခဲ့ေပမယ့္ ဒီပြဲစဥ္ကို ပုံမွန္ထိုးေနက် ဝိတ္တန္းမဟုတ္ဘဲ catchweight ဝိတ္တန္းမွာထိုးသတ္ၿပီး ဘရာဇီးနာမည္ေက်ာ္နပန္းသမားကို အလဲထိုးအႏိုင္ယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ဂယ္ဗာအိုဟာ ၂ဝ၁၉ ခုႏွစ္ေနာက္ပိုင္းကတည္းက ONE Championship ပြဲစဥ္ကို ထိုးသတ္ယွဥ္ၿပိဳင္ျခင္းမရွိဘဲ (၂)ႏွစ္ေက်ာ္ၾကာခ်ိန္မွာ ပထမဆုံးအႀကိမ္ျပန္လည္ထိုးသတ္ခဲ့တာလည္းျဖစ္ပါတယ္။

ONE Championship မစ္ဒယ္ဝိတ္တန္းနဲ႔ လိုက္ဟဲဗီးဝိတ္တန္းခ်န္ပီယံေဟာင္းျဖစ္သူ ေအာင္လအန္ဆန္ဟာ ဂယ္ဗာအိုကို အႏိုင္ရရွိခဲ့ျခင္းေၾကာင့္ ေနာက္ဆုံးယွဥ္ၿပိဳင္တဲ့ သုံးပြဲမွာ ႏွစ္ပြဲအႏိုင္ယူႏိုင္ခဲ့ေၾကာင္းသိရပါတယ္။ ေအာင္လအန္ဆန္ဟာ ၂ဝ၂ဝ ခုႏွစ္အတြင္း ထိုးသတ္ခဲ့တဲ့ ONE Championship ပြဲစဥ္ေတြမွာ တစ္ပြဲႏိုင္၊ တစ္ပြဲရႈံးရလဒ္ထြက္ခဲ့သလို ၂ဝ၂၁ ခုႏွစ္အတြင္းထိုးသတ္ခဲ့တဲ့ ONE Championship ပြဲစဥ္ေတြမွာ တစ္ပြဲႏိုင္၊ တစ္ပြဲရႈံးရလဒ္ထြက္ခဲ့ၿပီး ၂ဝ၂၃ ခုႏွစ္ႏွစ္စပိုင္းမွာေတာ့ အႏိုင္ရလဒ္နဲ႔စတင္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

Related news

© 2021. All rights reserved.