ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးရှိ နှင်းလျှောစီး အပန်းဖြေစခန်းအနီးမှာ နှင်းထုပြိုကျမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံး

604

ရောင်နီ (NP News)- ဇန်နဝါရီ ၁၄
ဂျပန်နိုင်ငံ မြောက်ဘက်စွန်း ဟော့ကိုင်းဒိုးကျွန်းရှိ ရေပန်းစားတဲ့ နှင်းလျှောစီး အပန်းဖြေစခန်း တစ်ခုအနီး ယော့တိုင်း တောင်မှာ နှင်းထုပြိုကျမှုဖြစ်ပွားခဲ့ရာ နိုင်ငံခြား အမျိုးသမီးတစ်ဦး နှင်းထုပိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းမီဒီယာများက ဇန်နဝါရီလ (၁၃)ရက်မှာ ဖော်ပြခဲ့ပါတယ်။
တောင်ရဲ့ ပဉ္စမနဲ့ ဆဋ္ဌမ ဂိတ်ကြားမှာ မွန်းလွဲ ၂ နာရီ ၃ဝ ခန့်မှာ နှင်းပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း ဂျပန်ရုပ်သံ Asahi News မှ မီးသတ်ဦးစီးဌာနကို ကိုးကားပြီး ပြောကြားထားပါတယ်။ အစီရင်ခံစာအရ သူမရဲ့ အဖွဲ့က အမျိုးသမီးကို နှင်းတွေထဲကနေ ဆွဲထုတ်ပြီး ရဟတ်ယာဉ်နဲ့ ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ သူမရဲ့ သေဆုံးမှုကို နောက်ပိုင်းမှာ အတည်ပြုခဲ့ကြောင်း TV Asahi က ပြောကြားပါတယ်။
၄င်းတို့အဖွဲ့ထဲမှာ ချက်သမ္မတနိုင်ငံ၊ သြစတြီးယားနဲ့ ဂျာမနီတို့မှ ဥရောပနိုင်ငံသား ၁ဝ ဦး ပါဝင်တယ်လို့ ယုံကြည်ရကြောင်း ဆိုပါတယ်။ ယင်းကြောင့် ကြာသပတေးနေ့ကတည်းက တောင်တန်းတည်ရှိရာ ရှီရီဘီရှီ ဧရိယာမှာ နှင်းပြိုကျမှု သတိပေးချက် ထုတ်ပြန်ခဲ့ကြောင်း TV Asahi မှ ပြောကြားခဲ့ပါတယ်။ ယိုတိုင်တောင်ဟာ ဟော့ကိုင်းဒိုးရဲ့ အကျော်ကြားဆုံး တောင်များထဲမှ တစ်ခုဖြစ်ပြီး လူကြိုက်များတဲ့ ခရီးသွား အပန်းဖြေ နေရာတစ်ခုဖြစ်ပါတယ်။
ဂျပန်နိုင်ငံ၊ အဓိကကျွန်းစုများရဲ့ မြောက်ဘက်စွန်းဖြစ်တဲ့ ဟော့ကိုင်းဒိုးဟာ ၎င်းရဲ့ မီးတောင်များ၊ သဘာဝရေပူစမ်းများနဲ့ နှင်းလျှောစီးနေရာများကြောင့် လူသိများပါတယ်။

zawgyi version
ဂ်ပန္ႏိုင္ငံ ေဟာ့ကိုင္းဒိုးရွိ ႏွင္းေလွ်ာစီး အပန္းေျဖစခန္းအနီးမွာ ႏွင္းထုၿပိဳက်မႈေၾကာင့္ အမ်ိဳးသမီးတစ္ဦး ေသဆုံး
ေရာင္နီ (NP News)- ဇန္နဝါရီ ၁၄
ဂ်ပန္ႏိုင္ငံ ေျမာက္ဘက္စြန္း ေဟာ့ကိုင္းဒိုးကြၽန္းရွိ ေရပန္းစားတဲ့ ႏွင္းေလွ်ာစီး အပန္းေျဖစခန္း တစ္ခုအနီး ေယာ့တိုင္း ေတာင္မွာ ႏွင္းထုၿပိဳက်မႈျဖစ္ပြားခဲ့ရာ ႏိုင္ငံျခား အမ်ိဳးသမီးတစ္ဦး ႏွင္းထုပိၿပီး ေသဆုံးခဲ့ေၾကာင္း ေဒသတြင္းမီဒီယာမ်ားက ဇန္နဝါရီလ (၁၃)ရက္မွာ ေဖာ္ျပခဲ့ပါတယ္။
ေတာင္ရဲ႕ ပၪၥမနဲ႔ ဆ႒မ ဂိတ္ၾကားမွာ မြန္းလြဲ ၂ နာရီ ၃ဝ ခန႔္မွာ ႏွင္းၿပိဳက်မႈ ျဖစ္ပြားခဲ့ေၾကာင္း ဂ်ပန္႐ုပ္သံ Asahi News မွ မီးသတ္ဦးစီးဌာနကို ကိုးကားၿပီး ေျပာၾကားထားပါတယ္။ အစီရင္ခံစာအရ သူမရဲ႕ အဖြဲ႕က အမ်ိဳးသမီးကို ႏွင္းေတြထဲကေန ဆြဲထုတ္ၿပီး ရဟတ္ယာဥ္နဲ႔ ေဆး႐ုံကို ပို႔ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။ သူမရဲ႕ ေသဆုံးမႈကို ေနာက္ပိုင္းမွာ အတည္ျပဳခဲ့ေၾကာင္း TV Asahi က ေျပာၾကားပါတယ္။
၄င္းတို႔အဖြဲ႕ထဲမွာ ခ်က္သမၼတႏိုင္ငံ၊ ၾသစႀတီးယားနဲ႔ ဂ်ာမနီတို႔မွ ဥေရာပႏိုင္ငံသား ၁ဝ ဦး ပါဝင္တယ္လို႔ ယုံၾကည္ရေၾကာင္း ဆိုပါတယ္။ ယင္းေၾကာင့္ ၾကာသပေတးေန႔ကတည္းက ေတာင္တန္းတည္ရွိရာ ရွီရီဘီရွီ ဧရိယာမွာ ႏွင္းၿပိဳက်မႈ သတိေပးခ်က္ ထုတ္ျပန္ခဲ့ေၾကာင္း TV Asahi မွ ေျပာၾကားခဲ့ပါတယ္။ ယိုတိုင္ေတာင္ဟာ ေဟာ့ကိုင္းဒိုးရဲ႕ အေက်ာ္ၾကားဆုံး ေတာင္မ်ားထဲမွ တစ္ခုျဖစ္ၿပီး လူႀကိဳက္မ်ားတဲ့ ခရီးသြား အပန္းေျဖ ေနရာတစ္ခုျဖစ္ပါတယ္။
ဂ်ပန္ႏိုင္ငံ၊ အဓိကကြၽန္းစုမ်ားရဲ႕ ေျမာက္ဘက္စြန္းျဖစ္တဲ့ ေဟာ့ကိုင္းဒိုးဟာ ၎ရဲ႕ မီးေတာင္မ်ား၊ သဘာဝေရပူစမ္းမ်ားနဲ႔ ႏွင္းေလွ်ာစီးေနရာမ်ားေၾကာင့္ လူသိမ်ားပါတယ္။