ရွာသား(၆)ဦးကို ဖမ်းဆီးကာ ရွာလယ်လမ်းဆုံနှင့် နေအိမ်ရှေ့တို့တွင် သတ်ဖြတ်မှု မြင်းခြံမြို့တွင် ဖြစ်ပွား

 3047

NP News - ဇန်နဝါရီ ၁၅

မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် ရွာသား(၆)ဦးကို အကြမ်းဖက်များမှ ဖမ်း ဆီးခေါ်ဆောင်၍ သတ်ဖြတ်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

အဆိုပါဖြစ်စဉ်အား ဇန်နဝါရီလ(၁၄)ရက်တွင် သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ဆေးမှုအရ သေဆုံးသူများထဲမှ (၃)ဦးကို မြင်းခြံမြို့၊ ထိန်းပန်းကျေး ရွာ၊ ရွာလယ်လမ်းဆုံရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအနီးတွင် တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှဆိုသည်။

ဖြစ်စဉ်တွင် ထိန်းပင်ကျေးရွာတွင် နေထိုင်သူများဖြစ်သည့် ကိုဝင်းလှိုင်ဦးနှင့် မောင်ဇော်တွင် နဖူးကျည်ဖောက်ဝင်ဒဏ်ရာ၊ မဝေလှိုင်မြင့်တွင် ဦးခေါင်းနောက်စေ့ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် ရွာလယ်လမ်းဆုံတွင် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရွာသစ်ကျေးရွာ၊ ဇရပ်အနီးတွင် မစံပယ်နှင့် ခင်ပွန်းဖြစ်သူ ဦးတင်ငွေဦးတို့(၂)ဦးကို လည်ပင်းပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေခဲ့ကြောင်း တွေ့ရှိခဲ့ပြီး ဦးချမ်းအေးကိုလည်း နေအိမ်ရှေ့တွင် လည်ပင်းပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသည်ကို ထပ်မံတွေ့ရှိ ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုထားသည်။

ဖြစ်စဉ်အရ ၎င်းတို့(၆)ဦးကို အကြမ်းဖက်များမှ ဖမ်းဆီးခေါ်ဆောင်ကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

အထက်ပါဖြစ်စဉ်တွင် လုပ်ကြံသတ်ဖြတ်ခဲ့သည့် အကြမ်းဖက်များအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ထို့ပြင် ပြီးခဲ့သည့် ဇန်နဝါရီလ(၁၄)ရက်တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၌ အသက်(၅)နှစ်အရွယ် ကလေးငယ် အပါအဝင် မိသားစုလိုက်(၈)လောင်းပြိုင် သတ်ဖြတ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

zawgyi version
႐ြာသား(၆)ဦးကို ဖမ္းဆီးကာ ႐ြာလယ္လမ္းဆုံႏွင့္ ေနအိမ္ေရွ႕တို႔တြင္ သတ္ျဖတ္မႈ ျမင္းၿခံၿမိဳ႕တြင္ ျဖစ္ပြား
NP News - ဇန္နဝါရီ ၁၅

မႏၲေလးတိုင္း၊ ျမင္းၿခံၿမိဳ႕တြင္ ႐ြာသား(၆)ဦးကို အၾကမ္းဖက္မ်ားမွ ဖမ္း ဆီးေခၚေဆာင္၍ သတ္ျဖတ္မႈျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။

အဆိုပါျဖစ္စဥ္အား ဇန္နဝါရီလ(၁၄)ရက္တြင္ သတင္းအရ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက သြားေရာက္စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

စစ္ေဆးမႈအရ ေသဆုံးသူမ်ားထဲမွ (၃)ဦးကို ျမင္းၿခံၿမိဳ႕၊ ထိန္းပန္းေက်း ႐ြာ၊ ႐ြာလယ္လမ္းဆုံရွိ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး႐ုံးအနီးတြင္ ေတြ႕ရွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွဆိုသည္။

ျဖစ္စဥ္တြင္ ထိန္းပင္ေက်း႐ြာတြင္ ေနထိုင္သူမ်ားျဖစ္သည့္ ကိုဝင္းလႈိင္ဦးႏွင့္ ေမာင္ေဇာ္တြင္ နဖူးက်ည္ေဖာက္ဝင္ဒဏ္ရာ၊ မေဝလႈိင္ျမင့္တြင္ ဦးေခါင္းေနာက္ေစ့က်ည္ေဖာက္ဝင္ဒဏ္ရာျဖင့္ ႐ြာလယ္လမ္းဆုံတြင္ သတ္ျဖတ္ခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ႐ြာသစ္ေက်း႐ြာ၊ ဇရပ္အနီးတြင္ မစံပယ္ႏွင့္ ခင္ပြန္းျဖစ္သူ ဦးတင္ေငြဦးတို႔(၂)ဦးကို လည္ပင္းျပတ္ရွဒဏ္ရာမ်ားျဖင့္ ေသဆုံးေနခဲ့ေၾကာင္း ေတြ႕ရွိခဲ့ၿပီး ဦးခ်မ္းေအးကိုလည္း ေနအိမ္ေရွ႕တြင္ လည္ပင္းျပတ္ရွဒဏ္ရာမ်ားျဖင့္ ေသဆုံးေနသည္ကို ထပ္မံေတြ႕ရွိ ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုထားသည္။

ျဖစ္စဥ္အရ ၎တို႔(၆)ဦးကို အၾကမ္းဖက္မ်ားမွ ဖမ္းဆီးေခၚေဆာင္ကာ သတ္ျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

အထက္ပါျဖစ္စဥ္တြင္ လုပ္ႀကံသတ္ျဖတ္ခဲ့သည့္ အၾကမ္းဖက္မ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီ အျပစ္ေပးအေရးယူႏိုင္ရန္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

ထို႔ျပင္ ၿပီးခဲ့သည့္ ဇန္နဝါရီလ(၁၄)ရက္တြင္ စစ္ကိုင္းတိုင္း၊ ကန႔္ဘလူၿမိဳ႕နယ္၌ အသက္(၅)ႏွစ္အ႐ြယ္ ကေလးငယ္ အပါအဝင္ မိသားစုလိုက္(၈)ေလာင္းၿပိဳင္ သတ္ျဖတ္ခံရမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

Picture

Gni Ndhjs

16/01/2023 17:07

ဗုဒ္ဓဘာသာယဉ္ကျေးသောတိုင်းပြည် ဒီဂုဏ်ပုဒ်တော့မြောင်းထဲရောက်အောင်လုပ်နေပြီကမ္ဘာလှည့်ခရီးသွားတွေတောင်လာရဲပါတော့မလားလူ့့အသက်တွေတန်ဖိုးမဲ့စွာရည်ရွယ်ချက်ရိှရိှရက်ရက်စက်စက်သတ်နေကြတာ

Related news

© 2021. All rights reserved.