နှင်းမုန်တိုင်းတိုက်ခတ်မှုများကြောင့် အမေရိကန်နိုင်ငံကယ်လီဖိုးနိးယားပြည်နယ်မှာ အရေးပေါ်အခြေနေ ထုတ်ပြန်

558

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁၅
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ဆောင်းရာသီကာလအတွင်းတိုက်ခတ်လျက်ရှိနေတဲ့ နှင်းမုန်တိုင်းများကြောင့် ကယ်လီဖိုးနီးယားပြည်နယ်ကို ဇန်နဝါရီ ၁၄ ရက်၊ ညပိုင်းက အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာလိုက် တယ်လို့ သိရပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့ကတည်းက နှင်းမုန်တိုင်းများ ဆက်တိုက် တိုက်ခတ်ခဲ့ပြီး အနည်းဆုံး ၁၉ ဦးသေဆုံးခဲ့သလို ရေကြီးမှုများ၊ လျှပ်စစ်မီးပြတ်တောက်မှုများ ဆက်တိုက်ဖြစ်ပွား လျက်ရှိနေပါတယ်။ ဒါ့အပြင် နှင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ကယ်လီဖိုးနီးယားပြည်နယ်အတွင်း ရှာဖွေ ကယ်ဆယ်မှုများကို အရှိန်မြင့်လုပ်ဆောင်နေရသလို လမ်းများပိတ်ထားရမှုတွေလည်း ရှိနေပါတယ်။
အမေရိကန်သမ္မတဟာ နှင်းမုန်တိုင်း၊ တိုက်ခတ်မှု၊ ရေကြီးမြေပြိုမှုဖြစ်ပွားတဲ့သက်ရောက်မှုများကို တွေ့ကြုံခဲ့ရတဲ့ နေရာများမှာ ရှာဖွေကယ်ဆယ်ရေးများ ပိုမိုလုပ်ဆောင်နိုင်ဖို့အတွက်လိုအပ်တာများ ကူညီထောက်ပံ့ပေးဖို့ ကယ်လီ ဖိုးနီးယားပြည်နယ်အစိုးရကို ညွှန်ကြားထားကြောင်း အမေရိကန်အစိုးရက ပြောပါတယ်။
ဒါ့အပြင် အမေရိကန်သမ္မတဟာ နှင်းမုန်းတိုင်းတိုက်ခတ်မှုဒဏ်ကို အဆိုးရွားဆုံးတွေ့ကြုံခဲ့ရတဲ့ Merced ကောင်တီ အပြင် Sacramento နဲ့ Santa Cruz ကောင်တီတို့ရှိ လူတိုင်းကိုလည်း ပြည်နယ်အစိုးရ ရန်ပုံငွေထဲမှ ကူညီ ထောက်ပံ့ငွေများပေးဖို့ အမိန့်ပေးထားတယ်လို့ သိရပါတယ်။

Zawgyi Version;
ႏွင္းမုန္တိုင္းတိုက္ခတ္မႈမ်ားေၾကာင့္ အေမရိကန္ႏိုင္ငံကယ္လီဖိုးနိးယားျပည္နယ္မွာ အေရးေပၚအေျခေန ထုတ္ျပန္
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၁၅
အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ဟာ ေဆာင္းရာသီကာလအတြင္းတိုက္ခတ္လ်က္ရွိေနတဲ့ ႏွင္းမုန္တိုင္းမ်ားေၾကာင့္ ကယ္လီဖိုးနီးယားျပည္နယ္ကို ဇန္နဝါရီ ၁၄ ရက္၊ ညပိုင္းက အေရးေပၚအေျခအေန ထုတ္ျပန္ေၾကညာလိုက္ တယ္လို႔ သိရပါတယ္။
ကယ္လီဖိုးနီးယားျပည္နယ္မွာ ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလ ၂၆ ရက္ေန႔ကတည္းက ႏွင္းမုန္တိုင္းမ်ား ဆက္တိုက္ တိုက္ခတ္ခဲ့ၿပီး အနည္းဆုံး ၁၉ ဦးေသဆုံးခဲ့သလို ေရႀကီးမႈမ်ား၊ လွ်ပ္စစ္မီးျပတ္ေတာက္မႈမ်ား ဆက္တိုက္ျဖစ္ပြား လ်က္ရွိေနပါတယ္။ ဒါ့အျပင္ ႏွင္းမုန္တိုင္းတိုက္ခတ္မႈေၾကာင့္ ကယ္လီဖိုးနီးယားျပည္နယ္အတြင္း ရွာေဖြ ကယ္ဆယ္မႈမ်ားကို အရွိန္ျမင့္လုပ္ေဆာင္ေနရသလို လမ္းမ်ားပိတ္ထားရမႈေတြလည္း ရွိေနပါတယ္။
အေမရိကန္သမၼတဟာ ႏွင္းမုန္တိုင္း၊ တိုက္ခတ္မႈ၊ ေရႀကီးေျမၿပိဳမႈျဖစ္ပြားတဲ့သက္ေရာက္မႈမ်ားကို ေတြ႕ႀကဳံခဲ့ရတဲ့ ေနရာမ်ားမွာ ရွာေဖြကယ္ဆယ္ေရးမ်ား ပိုမိုလုပ္ေဆာင္ႏိုင္ဖို႔အတြက္လိုအပ္တာမ်ား ကူညီေထာက္ပံ့ေပးဖို႔ ကယ္လီ ဖိုးနီးယားျပည္နယ္အစိုးရကို ၫႊန္ၾကားထားေၾကာင္း အေမရိကန္အစိုးရက ေျပာပါတယ္။
ဒါ့အျပင္ အေမရိကန္သမၼတဟာ ႏွင္းမုန္းတိုင္းတိုက္ခတ္မႈဒဏ္ကို အဆိုး႐ြားဆုံးေတြ႕ႀကဳံခဲ့ရတဲ့ Merced ေကာင္တီ အျပင္ Sacramento နဲ႔ Santa Cruz ေကာင္တီတို႔ရွိ လူတိုင္းကိုလည္း ျပည္နယ္အစိုးရ ရန္ပုံေငြထဲမွ ကူညီ ေထာက္ပံ့ေငြမ်ားေပးဖို႔ အမိန႔္ေပးထားတယ္လို႔ သိရပါတယ္။