မြန်နှုန်းအမြင့်ဆုံး ခရီးသည်တင် လေယာဉ်ကြီးများ (ထူးခြားသုတဆောင်းပါး)

 838

ဝတီ (NP News) - ဇန်နဝါရီ ၁၅

ကမ္ဘာပေါ်မှာ လက်ရှိ ပျံသန်းပြေးဆွဲနေတဲ့ ခရီးသည်တင်လေယာဉ်တွေ မရေမတွက်နိုင်လောက်အောင်များပြားနေပေမယ့် မြန်နှုန်းအမြင့်ဆုံး လေယာဉ်တွေကတော့ အနည်းစုပဲရှိပါသေးတယ်။

မြန်နှုန်းအမြင့်ဆုံး ခရီးသည်တင် လေယာဉ်တွေထဲမှာ ဗိုလ်စွဲနေတာကတော့ ဘိုးဝင်းဆဲဗင်းဖိုးဆဲဗင်းအိတ် (Boeing 747-8) ဖြစ်ပြီး သူက တစ်နာရီကို (၆၅၆)မိုင်နှုန်းနဲ့ ပျံသန်းနိုင်တာပါ။ သူဟာ ခရီးသည်ပေါင်း ၄၆၇ ယောက် တင်ဆောင်နိုင်ပါတယ်။ ဒီလေယာဉ်ကြီးဟာ ၂ဝ၁ဝ ခုနှစ်၊မတ်လမှာ ပထမဦးဆုံးအကြိမ် စတင်ပျံသန်းခဲ့ပါတယ်။ လက်ရှိအချိန်မှာ ကမ္ဘာ့အမြန်ဆုံး ခရီးသည်တင်လေယာဉ်အဖြစ် စံချိန်တင်ထားတဲ့ အဲဒီလေယာဉ်ကြီးကို စီးဖူးချင်တယ်ဆိုရင်တော့ လုဖ်သန်ဇာ လေကြောင်းလိုင်း (Lufthansa) ၊ ကိုရီးယားလေကြောင်းလိုင်း (Korean Air) နဲ့ တရုတ်လေကြောင်းလိုင်း (Air China) ကို ရွေးချယ်လိုက်ပါ။

လုဖ်သန်ဇာ လေကြောင်းလိုင်းမှာ အဲဒီလေယာဉ်ပေါင်း (၁၉) စင်းရှိပြီး ကိုရီးယားလေကြောင်းလိုင်းမှာ (၁ဝ) စင်း၊ တရုတ်လေကြောင်းလိုင်းမှာ (၇) စင်းရှိတယ်လေ။ အော်ဒါမှာထားတဲ့ ကျန်တဲ့ အမျိုးအစားတူ (၁၂)စင်းကိုတော့ အမေရိကန်လေတပ်အတွက် ဒါမှမဟုတ် အထူးသီးသန့်သုံးဖို့အတွက် ထားသွားမှာပါ။

ထိပ်သီး လုပ်ငန်းရှင်ကြီးတွေဟာ စီးပွားရေးကိစ္စ ခရီးထွက်ဖို့အတွက် ကိုယ်ပိုင်ဂျက်လေယာဉ်တွေ သုံးလေ့ရှိပြီး ကိုယ်ပိုင်ဂျက်လေယာဉ်တွေထဲမှာ မြန်နှုန်းအမြင့်ဆုံးကတော့ ဆက်စ်နာ ဆိုက်တေးရှင်းတန်င်းပလပ်စ် (Cessna Citation X+) ပဲ ဖြစ်ပါတယ်။ အဲဒီဂျက်လေယာဉ်ဟာတစ်နာရီကို မိုင် (၇ဝဝ) နှုန်းနဲ့ ပျံသန်းနိုင်ပါတယ်။ ခရီးသည် (၁၂)ယောက် ဆန့်တဲ့ အဲဒီလေယာဉ်ဟာ ၂ဝ၁၂ ခုနှစ်မှာ ပထမဦးဆုံးအကြိမ် ပျံသန်းခဲ့ပါတယ်။

အခုတင်ဆက်သွားတာကတော့ လက်ရှိ ပြေးဆွဲနေတဲ့ ခရီးသည်တင် လေယာဉ်ကြီးတွေထဲမှာ မြန်နှုန်းအမြင့်ဆုံး လေယာဉ်နဲ့မြန်နှုန်းအမြင့်ဆုံး သီးသန့်ဂျက်လေယာဉ် ဖြစ်ပါတယ်။

ဆက်လက်ပြီးတော့ လေကြောင်းသမိုင်းတလျှောက် မြန်နှုန်းအမြင့်ဆုံး ခရီးသည်တင် လေယာဉ်နှစ်စင်းအကြောင်းကို တင်ဆက်သွားပါဦးမယ်။ အဲဒီနှစ်စင်းက ဘယ် လောက်အထိတောင် မြန်သလဲဆိုရင် အသံထက်တောင် မြန်တာပါ။ အသံထက်တောင်မြန်တဲ့ ပထမဦးဆုံး ခရီးသည်တင်လေယာဉ်ကတော့ တူပိုလက်ဖ်ဝမ်းဖိုးဖိုး (Tupolev Tu-144) ဆိုတဲ့ ရုရှားလေယာဉ်ပဲဖြစ်ပါတယ်။ အဲဒီလေယာဉ်က တစ်နာရီ မိုင် (၁၃၇ဝ) နှုန်းနဲ့ပျံသန်းနိုင်ပါတယ်။

သူဟာ အသံထက်တောင်မြန်တဲ့ ကမ္ဘာ့ပထမဦးဆုံးခရီးသည်တင် လေယာဉ်ဖြစ်ပြီး ကွန်ကော့ဒ် (Concorde)ဆိုတဲ့လေယာဉ်ထက် နှစ်လစောပြီး ပျံသန်းနိုင်ခဲ့ပါတယ်။ Concorde ဆိုတာကတော့ ပြင်သစ်နဲ့ ဗြိတိသျှ ပူးပေါင်းထုတ်လုပ်တဲ့အသံထက်မြန်တဲ့ ခရီးသည်တင်လေယာဉ် (Franco-British supersonic passenger plane) ဖြစ်ပါတယ်။ ဒီလေယာဉ်ကြီးနှစ်စင်းဟာ ၁၉၇ဝ ခုနှစ်နဲ့ ၂ဝဝဝ ခုနှစ်အတွင်းမှာလေကြောင်း သယ်ယူပို့ဆောင်ရေးလောကကို တစ်ခေတ်ဆန်းသွားစေခဲ့ပါတယ်။ ကွန်ကော့ဒ် (Concorde) ဆိုတဲ့လေယာဉ်ဟာ တစ်နာရီကို (၁၃၄၁)မိုင်နှုန်းအထိ ပျံသန်းနိုင်ပါတယ်။

ဒါပေမဲ့ ဒီနေ့ခေတ်မှာတော့ အသံထက်မြန်တဲ့ အဲဒီလေယာဉ်ကြီးတွေနဲ့ခရီးထွက်လို့ မရတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့နှစ်စင်းလုံး အနားပေးခံလိုက်ရပြီမို့လို့ပါပဲ။ ရုရှားလေယာဉ်ကြီးဟာ ၁၉၇၈ ခုနှစ်မှာ ခရီးသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းကနေ အနားပေးခံလိုက်ရပါတယ်။ ပထမဦးဆုံးအကြိမ် ပျံသန်းအပြီး သုံးနှစ် အကြာမှာပဲ တစ်ခန်းရပ်သွားခဲ့တာဖြစ်ပါတယ်။

ဆိုဗီယက်ယူနီယံ (Soviet Union) ဟာ အသံထက်မြန်တဲ့ ပထမဦးဆုံး လေယာဉ်ကို ထုတ်လုပ်နိုင်သူအဖြစ်ပဲဂုဏ်လုပ်ချင်ပြီး အရည်အသွေးပိုင်းကိုတော့ သိပ်ဂရုစိုက်ခဲ့ပုံမပေါ်ပါဘူး။ ဆီစားနှုန်း မတန်တဆများတော့ လေယာဉ်က သိပ်အဝေးကြီး မပျံသန်းနိုင်ခဲ့ပါဘူး။ ပြီးတော့ အင်ဂျင်သံကလည်း နားကွဲမတတ် ဆူညံလွန်းတော့ ခရီးသည်တွေဟာ လေယာဉ်ပေါ်မှာဆိုရင် တစ်ယောက်ပြောတာတစ်ယောက် မကြားရလို့ စာရေးပြီး ပြောဆိုဆက်သွယ်ကြရပါတယ်။ ဆိုဗီယက် အာကာသ အစီအစဉ် (Soviet space program) နဲ့ နာဆာ (NASA) က သူတို့ လေယာဉ်မှူးတွေကို လေ့ကျင့်သင်ကြားပေးတဲ့ နေရာမှာ အဲဒီလေယာဉ်ကို ဆက်သုံးခဲ့သေးပေမယ့် ၁၉၉၉ ခုနှစ်မှာတော့ အနားပေးလိုက်ပါတော့တယ်။

ဒါပေမဲ့ ကွန်ကော့ဒ် (Concorde) ကတော့ အဲဒီရုရှားလေယာဉ်ထက်အများကြီး ပိုကောင်းပါတယ်။ ကွန်ကော့ဒ် (Concorde)မှာ သုံးထားတဲ့အင်ဂျင်တွေက အင်မတန် အားကောင်းပေမယ့် လေယာဉ်ထဲမှာဆိုရင် အင်ဂျင်သံကို မကြားရပါဘူး။ ပြီးတော့ ဆီစားနှုန်းလည်း အများကြီး သက်သာတဲ့အပြင် မြန်နှုန်းကလည်း အဆမတန်မြင့်တယ်လေ။ ဒါပေမဲ့ ဈေးနှုန်းကလည်း မြန်နှုန်းနဲ့အပြိုင် အဆမတန်မြင့်နေပါတော့တယ်။ လေယာဉ်လက်မှတ် တစ်စောင်ကို ဒီနေ့ခေတ်ဈေးနဲ့ဆို ဒေါ်လာ ၁၂ဝဝဝ လောက် ဖြစ်နေပါတယ်။ မတော်တဆမှုတွေလည်း ရှိ၊ လက်မှတ်ဈေးနှုန်းကလည်း လူအများစုလက်လှမ်း မမီနိုင်လောက်အောင်များနေတော့ ၂ဝဝ၃ ခုနှစ်မှာပဲအဲဒီ လေယာဉ်လည်း အနားပေး ခံလိုက်ရပါတော့တယ်။

ကဲ..ဒါကတော့ လက်ရှိ ပြေးဆွဲနေတဲ့ ခရီးသည်တင် လေယာဉ်တွေထဲမှာ မြန်နှုန်းအမြင့်ဆုံးလေယာဉ်တွေနဲ့ သမိုင်းတလျှောက် ပေါ်ခဲ့ဖူးသမျှခရီးသည်တင် လေယာဉ်တွေထဲမှာ မြန်နှုန်းအမြင့်ဆုံး လေယာဉ်တွေအကြောင်းပဲ ဖြစ်ပါတယ်။

zawgyi version
ျမန္ႏႈန္းအျမင့္ဆုံး ခရီးသည္တင္ ေလယာဥ္ႀကီးမ်ား (ထူးျခားသုတေဆာင္းပါး)
ဝတီ (NP News) - ဇန္နဝါရီ ၁၅

ကမာၻေပၚမွာ လက္ရွိ ပ်ံသန္းေျပးဆြဲေနတဲ့ ခရီးသည္တင္ေလယာဥ္ေတြ မေရမတြက္ႏိုင္ေလာက္ေအာင္မ်ားျပားေနေပမယ့္ ျမန္ႏႈန္းအျမင့္ဆုံး ေလယာဥ္ေတြကေတာ့ အနည္းစုပဲရွိပါေသးတယ္။

ျမန္ႏႈန္းအျမင့္ဆုံး ခရီးသည္တင္ ေလယာဥ္ေတြထဲမွာ ဗိုလ္စြဲေနတာကေတာ့ ဘိုးဝင္းဆဲဗင္းဖိုးဆဲဗင္းအိတ္ (Boeing 747-8) ျဖစ္ၿပီး သူက တစ္နာရီကို (၆၅၆)မိုင္ႏႈန္းနဲ႔ ပ်ံသန္းႏိုင္တာပါ။ သူဟာ ခရီးသည္ေပါင္း ၄၆၇ ေယာက္ တင္ေဆာင္ႏိုင္ပါတယ္။ ဒီေလယာဥ္ႀကီးဟာ ၂ဝ၁ဝ ခုႏွစ္၊မတ္လမွာ ပထမဦးဆုံးအႀကိမ္ စတင္ပ်ံသန္းခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာ ကမာၻ႔အျမန္ဆုံး ခရီးသည္တင္ေလယာဥ္အျဖစ္ စံခ်ိန္တင္ထားတဲ့ အဲဒီေလယာဥ္ႀကီးကို စီးဖူးခ်င္တယ္ဆိုရင္ေတာ့ လုဖ္သန္ဇာ ေလေၾကာင္းလိုင္း (Lufthansa) ၊ ကိုရီးယားေလေၾကာင္းလိုင္း (Korean Air) နဲ႔ တ႐ုတ္ေလေၾကာင္းလိုင္း (Air China) ကို ေ႐ြးခ်ယ္လိုက္ပါ။

လုဖ္သန္ဇာ ေလေၾကာင္းလိုင္းမွာ အဲဒီေလယာဥ္ေပါင္း (၁၉) စင္းရွိၿပီး ကိုရီးယားေလေၾကာင္းလိုင္းမွာ (၁ဝ) စင္း၊ တ႐ုတ္ေလေၾကာင္းလိုင္းမွာ (၇) စင္းရွိတယ္ေလ။ ေအာ္ဒါမွာထားတဲ့ က်န္တဲ့ အမ်ိဳးအစားတူ (၁၂)စင္းကိုေတာ့ အေမရိကန္ေလတပ္အတြက္ ဒါမွမဟုတ္ အထူးသီးသန႔္သုံးဖို႔အတြက္ ထားသြားမွာပါ။

ထိပ္သီး လုပ္ငန္းရွင္ႀကီးေတြဟာ စီးပြားေရးကိစၥ ခရီးထြက္ဖို႔အတြက္ ကိုယ္ပိုင္ဂ်က္ေလယာဥ္ေတြ သုံးေလ့ရွိၿပီး ကိုယ္ပိုင္ဂ်က္ေလယာဥ္ေတြထဲမွာ ျမန္ႏႈန္းအျမင့္ဆုံးကေတာ့ ဆက္စ္နာ ဆိုက္ေတးရွင္းတန္င္းပလပ္စ္ (Cessna Citation X+) ပဲ ျဖစ္ပါတယ္။ အဲဒီဂ်က္ေလယာဥ္ဟာတစ္နာရီကို မိုင္ (၇ဝဝ) ႏႈန္းနဲ႔ ပ်ံသန္းႏိုင္ပါတယ္။ ခရီးသည္ (၁၂)ေယာက္ ဆန႔္တဲ့ အဲဒီေလယာဥ္ဟာ ၂ဝ၁၂ ခုႏွစ္မွာ ပထမဦးဆုံးအႀကိမ္ ပ်ံသန္းခဲ့ပါတယ္။

အခုတင္ဆက္သြားတာကေတာ့ လက္ရွိ ေျပးဆြဲေနတဲ့ ခရီးသည္တင္ ေလယာဥ္ႀကီးေတြထဲမွာ ျမန္ႏႈန္းအျမင့္ဆုံး ေလယာဥ္နဲ႔ျမန္ႏႈန္းအျမင့္ဆုံး သီးသန႔္ဂ်က္ေလယာဥ္ ျဖစ္ပါတယ္။

ဆက္လက္ၿပီးေတာ့ ေလေၾကာင္းသမိုင္းတေလွ်ာက္ ျမန္ႏႈန္းအျမင့္ဆုံး ခရီးသည္တင္ ေလယာဥ္ႏွစ္စင္းအေၾကာင္းကို တင္ဆက္သြားပါဦးမယ္။ အဲဒီႏွစ္စင္းက ဘယ္ ေလာက္အထိေတာင္ ျမန္သလဲဆိုရင္ အသံထက္ေတာင္ ျမန္တာပါ။ အသံထက္ေတာင္ျမန္တဲ့ ပထမဦးဆုံး ခရီးသည္တင္ေလယာဥ္ကေတာ့ တူပိုလက္ဖ္ဝမ္းဖိုးဖိုး (Tupolev Tu-144) ဆိုတဲ့ ႐ုရွားေလယာဥ္ပဲျဖစ္ပါတယ္။ အဲဒီေလယာဥ္က တစ္နာရီ မိုင္ (၁၃၇ဝ) ႏႈန္းနဲ႔ပ်ံသန္းႏိုင္ပါတယ္။ သူဟာ အသံထက္ေတာင္ ျမန္တဲ့ ကမာၻ႔ပထမဦးဆုံးခရီးသည္တင္ ေလယာဥ္ ျဖစ္ၿပီး ကြန္ေကာ့ဒ္ (Concorde)ဆိုတဲ့ေလယာဥ္ထက္ ႏွစ္လေစာၿပီး ပ်ံသန္းႏိုင္ခဲ့ပါတယ္။ Concorde ဆိုတာကေတာ့ ျပင္သစ္နဲ႔ ၿဗိတိသွ် ပူးေပါင္းထုတ္လုပ္တဲ့အသံထက္ျမန္တဲ့ ခရီးသည္တင္ေလယာဥ္ (Franco-British supersonic passenger plane) ျဖစ္ပါတယ္။ ဒီေလယာဥ္ႀကီးႏွစ္စင္းဟာ ၁၉၇ဝ ခုႏွစ္နဲ႔ ၂ဝဝဝ ခုႏွစ္အတြင္းမွာေလေၾကာင္း သယ္ယူပို႔ေဆာင္ေရးေလာကကို တစ္ေခတ္ဆန္းသြားေစခဲ့ပါတယ္။ ကြန္ေကာ့ဒ္ (Concorde) ဆိုတဲ့ေလယာဥ္ဟာ တစ္နာရီကို (၁၃၄၁)မိုင္ႏႈန္းအထိ ပ်ံသန္းႏိုင္ပါတယ္။

ဒါေပမဲ့ ဒီေန႔ေခတ္မွာေတာ့ အသံထက္ျမန္တဲ့ အဲဒီေလယာဥ္ႀကီးေတြနဲ႔ခရီးထြက္လို႔ မရေတာ့ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ႏွစ္စင္းလုံး အနားေပးခံလိုက္ရၿပီမို႔လို႔ပါပဲ။ ႐ုရွားေလယာဥ္ႀကီးဟာ ၁၉၇၈ ခုႏွစ္မွာ ခရီးသည္ သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းကေန အနားေပးခံလိုက္ရပါတယ္။ ပထမဦးဆုံးအႀကိမ္ ပ်ံသန္းအၿပီး သုံးႏွစ္ အၾကာမွာပဲ တစ္ခန္းရပ္သြားခဲ့တာျဖစ္ပါတယ္။

ဆိုဗီယက္ယူနီယံ (Soviet Union) ဟာ အသံထက္ျမန္တဲ့ ပထမဦးဆုံး ေလယာဥ္ကို ထုတ္လုပ္ႏိုင္သူအျဖစ္ပဲဂုဏ္လုပ္ခ်င္ၿပီး အရည္အေသြးပိုင္းကိုေတာ့ သိပ္ဂ႐ုစိုက္ခဲ့ပုံမေပၚပါဘူး။ ဆီစားႏႈန္း မတန္တဆမ်ားေတာ့ ေလယာဥ္က သိပ္အေဝးႀကီး မပ်ံသန္းႏိုင္ခဲ့ပါဘူး။ ၿပီးေတာ့ အင္ဂ်င္သံကလည္း နားကြဲမတတ္ ဆူညံလြန္းေတာ့ ခရီးသည္ေတြဟာ ေလယာဥ္ေပၚမွာဆိုရင္ တစ္ေယာက္ေျပာတာတစ္ေယာက္ မၾကားရလို႔ စာေရးၿပီး ေျပာဆိုဆက္သြယ္ၾကရပါတယ္။ ဆိုဗီယက္ အာကာသ အစီအစဥ္ (Soviet space program) နဲ႔ နာဆာ (NASA) က သူတို႔ ေလယာဥ္မႉးေတြကို ေလ့က်င့္သင္ၾကားေပးတဲ့ ေနရာမွာ အဲဒီေလယာဥ္ကို ဆက္သုံးခဲ့ေသးေပမယ့္ ၁၉၉၉ ခုႏွစ္မွာေတာ့ အနားေပးလိုက္ပါေတာ့တယ္။

ဒါေပမဲ့ ကြန္ေကာ့ဒ္ (Concorde) ကေတာ့ အဲဒီ႐ုရွားေလယာဥ္ထက္အမ်ားႀကီး ပိုေကာင္းပါတယ္။ ကြန္ေကာ့ဒ္ (Concorde)မွာ သုံးထားတဲ့အင္ဂ်င္ေတြက အင္မတန္ အားေကာင္းေပမယ့္ ေလယာဥ္ထဲမွာဆိုရင္ အင္ဂ်င္သံကို မၾကားရပါဘူး။ ၿပီးေတာ့ ဆီစားႏႈန္းလည္း အမ်ားႀကီး သက္သာတဲ့အျပင္ ျမန္ႏႈန္းကလည္း အဆမတန္ျမင့္တယ္ေလ။ ဒါေပမဲ့ ေဈးႏႈန္းကလည္း ျမန္ႏႈန္းနဲ႔အၿပိဳင္ အဆမတန္ျမင့္ေနပါေတာ့တယ္။ ေလယာဥ္လက္မွတ္ တစ္ေစာင္ကို ဒီေန႔ေခတ္ေဈးနဲ႔ဆို ေဒၚလာ ၁၂ဝဝဝ ေလာက္ ျဖစ္ေနပါတယ္။ မေတာ္တဆမႈေတြလည္း ရွိ၊ လက္မွတ္ေဈးႏႈန္းကလည္း လူအမ်ားစုလက္လွမ္း မမီႏိုင္ေလာက္ေအာင္မ်ားေနေတာ့ ၂ဝဝ၃ ခုႏွစ္မွာပဲအဲဒီ ေလယာဥ္လည္း အနားေပး ခံလိုက္ရပါေတာ့တယ္။

ကဲ..ဒါကေတာ့ လက္ရွိ ေျပးဆြဲေနတဲ့ ခရီးသည္တင္ ေလယာဥ္ေတြထဲမွာ ျမန္ႏႈန္းအျမင့္ဆုံးေလယာဥ္ေတြနဲ႔ သမိုင္းတေလွ်ာက္ ေပၚခဲ့ဖူးသမွ်ခရီးသည္တင္ ေလယာဥ္ေတြထဲမွာ ျမန္ႏႈန္းအျမင့္ဆုံး ေလယာဥ္ေတြအေၾကာင္းပဲ ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.