Global Fire Power ရဲ့ ၂ဝ၂၃ ခုနှစ်အတွက် စစ်အင်အား အဆင့်သတ်မှတ်ချက်အညွှန်းကိန်းမှာ မြန်မာနိုင်ငံက အဆင့် ၃၈ မှာ ရပ်တည်

 4965

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁၅

ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးရဲ့စစ်အင်အားအခြေအနေများကို လေ့လာနေတဲ့ Global Fire Power အဖွဲ့က ထုတ်ပြန် တဲ့ ၂ဝ၂၃ ခုနှစ်အတွက် စစ်အင်အား အဆင့်သတ်မှတ်ချက်အညွှန်းကိန်းမှာ မြန်မာနိုင်ငံက အဆင့် ၃၈ မှာ ရပ်တည် လျက်ရှိနေတယ်လို့ သိရပါတယ်။

အဆိုပါ Global Fire Power အဖွဲ့ဟာ နိုင်ငံပေါင်း ၁၄၅ နိုင်ငံရဲ့ နှစ်စဉ်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများကို သုံးသပ်ပြီးနောက် အညွှန်းကိန်း ထုတ်ပြန်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံတစ်နိုင်ငံ ချင်းစီကို ကာကွယ်ရေးစစ်ရေးလှုပ်ရှားမှု၊၊ စစ်အင်အား ပမာဏ၊ ထောက်ပံ့ပို့ဆောင်ရေးနဲ့ပတ်သက်ပြီး ဘဏ္ဍာရေး ကာကွယ်ရေးအသုံးစရိတ်အသုံးပြုမှု၊ စစ်လက်နက်ပစ္စည်းပိုင်ဆိုင်မှု၊ သဘာဝအရင်းမြစ် ပထဝီဝင် စတဲ့ အခြေအနေ များကို အခြေခံကာ တွက်ချက်ပြီး အညွှန်းကိန်းအဆင့် သတ်မှတ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ Global Fire Power အဖွဲ့က ထုတ်ပြန်တဲ့ ၂ဝ၂၃ ခုနှစ်အတွက် အညွှန်းကိန်း ထိပ်ဆုံး ငါးနိုင်ငံထဲမှာ အမေရိကန်၊ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ဗြိတိန်တို့ ရပ်တည်လျက်ရှိနေတယ်လို့ သိရပါတယ်။

Global Fire Power အဖွဲ့ရဲ့အညွှန်းကိန်းအဆင့်သတ်မှတ်ချက် ထိပ်ဆုံး နိုင်ငံ ၂ဝ စာရင်းမှာ အာဆီယံဒေသနိုင်ငံ များဖြစ်တဲ့ အင်ဒိုနီးရှား၊ ဗီယက်နမ်တို့ပါဝင်နေပြီး အင်ဒိုနီးရှားက အဆင့် ၁၃၊ ဗီယက်နမ်က အဆင့် ၁၉ မှာ ရပ်တည်လျက်ရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံက အဆင့် ၂၄၊ စင်ကာပူနိုင်ငံက အဆင့် ၂၉ နေရာမှာ ရပ်တည်နေသလို ဖိလစ်ပိုင်နိုင်ငံက အဆင့် ၃၂ တို့မှာ ရပ်တည်လျက်ရှိနေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံက အညွှန်းကိန်းအဆင့် သတ်မှတ်ချက်မှာ ၄ဝ မှာ ရပ်တည်လျက်ရှိနေ တယ်လို့ သိရပါတယ်။

Zawgyi Version;
Global Fire Power ရဲ႕ ၂ဝ၂၃ ခုႏွစ္အတြက္ စစ္အင္အား အဆင့္သတ္မွတ္ခ်က္အၫႊန္းကိန္းမွာ ျမန္မာႏိုင္ငံက အဆင့္ ၃၈ မွာ ရပ္တည္
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၁၅

ကမာၻေပၚရွိ ႏိုင္ငံအသီးသီးရဲ႕စစ္အင္အားအေျခအေနမ်ားကို ေလ့လာေနတဲ့ Global Fire Power အဖြဲ႕က ထုတ္ျပန္ တဲ့ ၂ဝ၂၃ ခုႏွစ္အတြက္ စစ္အင္အား အဆင့္သတ္မွတ္ခ်က္အၫႊန္းကိန္းမွာ ျမန္မာႏိုင္ငံက အဆင့္ ၃၈ မွာ ရပ္တည္ လ်က္ရွိေနတယ္လို႔ သိရပါတယ္။

အဆိုပါ Global Fire Power အဖြဲ႕ဟာ ႏိုင္ငံေပါင္း ၁၄၅ ႏိုင္ငံရဲ႕ ႏွစ္စဥ္ကာကြယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္မႈ အေျခအေနမ်ားကို သုံးသပ္ၿပီးေနာက္ အၫႊန္းကိန္း ထုတ္ျပန္ခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။ ႏိုင္ငံတစ္ႏိုင္ငံ ခ်င္းစီကို ကာကြယ္ေရးစစ္ေရးလႈပ္ရွားမႈ၊၊ စစ္အင္အား ပမာဏ၊ ေထာက္ပံ့ပို႔ေဆာင္ေရးနဲ႔ပတ္သက္ၿပီး ဘ႑ာေရး ကာကြယ္ေရးအသုံးစရိတ္အသုံးျပဳမႈ၊ စစ္လက္နက္ပစၥည္းပိုင္ဆိုင္မႈ၊ သဘာဝအရင္းျမစ္ ပထဝီဝင္ စတဲ့ အေျခအေန မ်ားကို အေျခခံကာ တြက္ခ်က္ၿပီး အၫႊန္းကိန္းအဆင့္ သတ္မွတ္ခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ျပန္ခဲ့တဲ့ Global Fire Power အဖြဲ႕က ထုတ္ျပန္တဲ့ ၂ဝ၂၃ ခုႏွစ္အတြက္ အၫႊန္းကိန္း ထိပ္ဆုံး ငါးႏိုင္ငံထဲမွာ အေမရိကန္၊ ႐ုရွား၊ တ႐ုတ္၊ အိႏၵိယ၊ ၿဗိတိန္တို႔ ရပ္တည္လ်က္ရွိေနတယ္လို႔ သိရပါတယ္။

Global Fire Power အဖြဲ႕ရဲ႕အၫႊန္းကိန္းအဆင့္သတ္မွတ္ခ်က္ ထိပ္ဆုံး ႏိုင္ငံ ၂ဝ စာရင္းမွာ အာဆီယံေဒသႏိုင္ငံ မ်ားျဖစ္တဲ့ အင္ဒိုနီးရွား၊ ဗီယက္နမ္တို႔ပါဝင္ေနၿပီး အင္ဒိုနီးရွားက အဆင့္ ၁၃၊ ဗီယက္နမ္က အဆင့္ ၁၉ မွာ ရပ္တည္လ်က္ရွိေနတယ္လို႔ သိရပါတယ္။

ဒါ့အျပင္ ျမန္မာႏိုင္ငံရဲ႕အိမ္နီးခ်င္းႏိုင္ငံျဖစ္တဲ့ ထိုင္းႏိုင္ငံက အဆင့္ ၂၄၊ စင္ကာပူႏိုင္ငံက အဆင့္ ၂၉ ေနရာမွာ ရပ္တည္ေနသလို ဖိလစ္ပိုင္ႏိုင္ငံက အဆင့္ ၃၂ တို႔မွာ ရပ္တည္လ်က္ရွိေနတယ္လို႔ သိရပါတယ္။ ျမန္မာႏိုင္ငံရဲ႕ အိမ္နီးခ်င္းႏိုင္ငံျဖစ္တဲ့ ဘဂၤလားေဒရွ႕္ႏိုင္ငံက အၫႊန္းကိန္းအဆင့္ သတ္မွတ္ခ်က္မွာ ၄ဝ မွာ ရပ္တည္လ်က္ရွိေန တယ္လို႔ သိရပါတယ္။

Picture

WaiYanTun Myanmar

16/01/2023 07:54

မြန်မာက ကမ္ဘာအဆင့်10အတွင်းဝင်စေချင်ပါတယ်ဗျာ

Related news

© 2021. All rights reserved.