မြန်မာစစ်တပ်ရဲ့စစ်လက်နက်ပစ္စည်းများ ပြည်တွင်းမှာ ထုတ်လုပ်မှု ပိုမိုဖွံ့ဖြိုးလာနေ

 5800

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁၆

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းဟာ ပိုမိုဖွံ့ဖြိုးတိုးတက်လာ ပြီး အနည်းဆုံးနိုင်ငံပေါင်း ၁၃ နိုင်ငံက ကုမ္ပဏီများက မြန်မာစစ်တပ်ကို ပြည်တွင်းမှာ ကိုယ်ပိုင်လက်နက်များ ထုတ်လုပ်နိုင်အောင် ကူညီပံ့ပိုးပေးခဲ့ကြောင်း၊ လွတ်လပ်တဲ့ နိုင်ငံတကာစုံစမ်းစစ်ရေးအဖွဲ့ ကျွမ်းကျင်သူများ က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂ဝ၂၁ ခုနှစ်က အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့စစ်လက်နက်ပစ္စည်း ထုတ်လုပ်မှု အခြေအနေများနဲ့ပတ်သက်ပြီး မြန်မာအရေး အထူးအကြံပေးကောင်စီ Special Advisory Council for Myanmar က သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့များဟာ ဆန္ဒပြသူများနဲ့ နစကကို လက်နက်ကိုင်ဆန့်ကျင်သူအုပ်စုများကို ဖြိုခွင်းရာမှာ ပြည်တွင်း ထုတ်လက်နက်များကို အသုံးပြုခဲ့ကြောင်း၊ မြန်မာအရေးအထူးအကြံပေးကောင်စီ က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း လူပေါင်း ၂၇ဝဝ ကျော် သေဆုံးခဲ့သလို လူပေါင်း ၁၃ဝဝဝ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း၊ မြန်မာနိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေး အဖွဲ့က ပြောပါ တယ်။ Special Advisory Council for Myanmar အဖွဲ့ က အမေရိကန်၊ ဥရောပ၊ အာရှနဲ့ အရှေ့အလယ်ပိုင်းဒေသရှိ စစ်လက်နက်ပစ္စည်းကုမ္ပဏီများဟာ မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းများ ရရှိအောင် ထောက်ပံ့ပေးနေ ကြောင်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအချို့ဟာ မြန်မာစစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး ဒါမှမဟုတ် လက်နက်ကုန်သွယ်ရေးမှာ ပါဝင်တဲ့ ကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များကို ပစ်မှတ်ထားပြီး ပိတ်ဆို့မှုချမှတ်ခဲ့တဲ့အတွက် မြန်မာစစ်တပ်ရဲ့ပြည်တွင်းစစ်လက်နက်ပစ္စည်း ထုတ်လုပ်မှု ပိုမိုဖွံ့ဖြိုးလာခြင်းဖြစ်ကြောင်း ဆိုပါတယ်။

မြန်မာစစ်တပ်ဟာ လက်ရှိအချိန်မှာ လက်နက်ငယ်များ၊ အပေါ့စားလက်နက်များကို ပြည်တွင်းမှာ ကိုယ်ပိုင် ထုတ်လုပ်နေသလို ရိုင်ဖယ်များ၊ မော်တာများ၊ တင့်ကားဖျက်ဒုံးများ၊ လေယာဉ်ပစ်လက်နက်များ၊ ဒုံးကျည် လောင်ချာများ၊ အမြှောက်များနဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ထုတ်လုပ်လျက်ရှိနေကြောင်း Special Advisory Council for Myanmar က ဆိုပါတယ်။

Zawgyi Version;
ျမန္မာစစ္တပ္ရဲ႕ စစ္လက္နက္ပစၥည္းမ်ား ျပည္တြင္းမွာ ထုတ္လုပ္မႈ ပိုမိုဖြံ႕ၿဖိဳးလာေန
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၁၆

အာဏာသိမ္းၿပီးေနာက္ပိုင္း ျမန္မာႏိုင္ငံရဲ႕ စစ္လက္နက္ပစၥည္းထုတ္လုပ္ေရးလုပ္ငန္းဟာ ပိုမိုဖြံ႕ၿဖိဳးတိုးတက္လာ ၿပီး အနည္းဆုံးႏိုင္ငံေပါင္း ၁၃ ႏိုင္ငံက ကုမၸဏီမ်ားက ျမန္မာစစ္တပ္ကို ျပည္တြင္းမွာ ကိုယ္ပိုင္လက္နက္မ်ား ထုတ္လုပ္ႏိုင္ေအာင္ ကူညီပံ့ပိုးေပးခဲ့ေၾကာင္း၊ လြတ္လပ္တဲ့ ႏိုင္ငံတကာစုံစမ္းစစ္ေရးအဖြဲ႕ ကြၽမ္းက်င္သူမ်ား က ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ ၂ဝ၂၁ ခုႏွစ္က အာဏာသိမ္းမႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း ျမန္မာႏိုင္ငံရဲ႕စစ္လက္နက္ပစၥည္း ထုတ္လုပ္မႈ အေျခအေနမ်ားနဲ႔ပတ္သက္ၿပီး ျမန္မာအေရး အထူးအႀကံေပးေကာင္စီ Special Advisory Council for Myanmar က သတင္းထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။

လုံၿခဳံေရးတပ္ဖြဲ႕မ်ားဟာ ဆႏၵျပသူမ်ားနဲ႔ နစကကို လက္နက္ကိုင္ဆန႔္က်င္သူအုပ္စုမ်ားကို ၿဖိဳခြင္းရာမွာ ျပည္တြင္း ထုတ္လက္နက္မ်ားကို အသုံးျပဳခဲ့ေၾကာင္း၊ ျမန္မာအေရးအထူးအႀကံေပးေကာင္စီ က ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ အာဏာသိမ္းမႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း လူေပါင္း ၂၇ဝဝ ေက်ာ္ ေသဆုံးခဲ့သလို လူေပါင္း ၁၃ဝဝဝ ေက်ာ္ကို ဖမ္းဆီးထိန္းသိမ္းထားေၾကာင္း၊ ျမန္မာႏိုင္ငံေရးအက်ဥ္းသားကူညီေစာင့္ေရွာက္ေရး အဖြဲ႕က ေျပာပါ တယ္။ Special Advisory Council for Myanmar အဖြဲ႕ က အေမရိကန္၊ ဥေရာပ၊ အာရွနဲ႔ အေရွ႕အလယ္ပိုင္းေဒသရွိ စစ္လက္နက္ပစၥည္းကုမၸဏီမ်ားဟာ ျမန္မာစစ္တပ္ကို စစ္လက္နက္ပစၥည္းမ်ား ရရွိေအာင္ ေထာက္ပံ့ေပးေန ေၾကာင္း ဆိုပါတယ္။

ျမန္မာႏိုင္ငံမွာ အာဏာသိမ္းၿပီးေနာက္ပိုင္း ႏိုင္ငံအခ်ိဳ႕ဟာ ျမန္မာစစ္လက္နက္ပစၥည္း ထုတ္လုပ္ေရး ဒါမွမဟုတ္ လက္နက္ကုန္သြယ္ေရးမွာ ပါဝင္တဲ့ ကုမၸဏီမ်ား၊ လူပုဂၢိဳလ္မ်ားကို ပစ္မွတ္ထားၿပီး ပိတ္ဆို႔မႈခ်မွတ္ခဲ့တဲ့အတြက္ ျမန္မာစစ္တပ္ရဲ႕ျပည္တြင္းစစ္လက္နက္ပစၥည္း ထုတ္လုပ္မႈ ပိုမိုဖြံ႕ၿဖိဳးလာျခင္းျဖစ္ေၾကာင္း ဆိုပါတယ္။

ျမန္မာစစ္တပ္ဟာ လက္ရွိအခ်ိန္မွာ လက္နက္ငယ္မ်ား၊ အေပါ့စားလက္နက္မ်ားကို ျပည္တြင္းမွာ ကိုယ္ပိုင္ ထုတ္လုပ္ေနသလို ႐ိုင္ဖယ္မ်ား၊ ေမာ္တာမ်ား၊ တင့္ကားဖ်က္ဒုံးမ်ား၊ ေလယာဥ္ပစ္လက္နက္မ်ား၊ ဒုံးက်ည္ ေလာင္ခ်ာမ်ား၊ အေျမႇာက္မ်ားနဲ႔ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္မ်ားကို ထုတ္လုပ္လ်က္ရွိေနေၾကာင္း Special Advisory Council for Myanmar က ဆိုပါတယ္။

Picture

MgThetlin

16/01/2023 17:44

လေးစားနေပါတယ်

Picture

Khun Aung

16/01/2023 22:12

ပြည်သူကိုသတ်ဖို့

Picture

09785342208

16/01/2023 23:46

အကြမ်းဖက်တွေကို သတ်ရမှာ

Related news

© 2021. All rights reserved.