ကရင်ပြည်နယ်အတွင်းရှိ ယောက်တဝချောင်းကူးတံတား မိုင်းထောင်ဖောက်ခွဲခံရ

 811

NP News - ဇန်နဝါရီ ၁၈

ကရင်ပြည်နယ်အတွင်းရှိ ယောက်တဝချောင်းကူးတံတား မိုင်းထောင်ဖောက်ခွဲခံခဲ့ရကြောင်း နစကမှ ထုတ်ပြန်ထားသည်။

နစကမှ ပြီးခဲ့သည့် ဇန်နဝါရီလ(၁၇)ရက်၊ ညပိုင်းတွင် အထက်ပါကဲ့သို့ အသိပေး ထုတ်ပြန်ထားခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ(၁၇)ရက်၊ နံနက်(၁ဝ)နာရီ အချိန်ခန့်တွင် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်အတွင်းရှိ သပြေညွန့်- မုတ္တိမြောင်- ဇင်းတိုင် ကျေးရွာများသို့ ဆက်သွယ်ထားသည့် ယောက်တဝ ချောင်းကူးတံတားအား အကြမ်းဖက်အဖွဲ့က မိုင်းထောင်ဖောက်ခွဲခံခြင်းဖြစ်ကြောင်း နစကမှ ဆိုသည်။

ပေါက်ကွဲမှုကြောင့် အရှည် (၂၇ဝ) ပေ၊ အကျယ် (၁၂)ပေ၊ အမြင့် (၁၅) ပေ ရှိသော ယောက်တဝ ချောင်းကူးတံတားမှာ ပြိုကျပျက်စီးခဲ့ပြီး လူနှင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာ၍ မရကြောင်း နစကမှ သိရသည်။

လက်ရှိတွင် ဖောက်ခွဲဖျက်ဆီးခံရမှုကြောင့် ပျက်စီးခဲ့သည့် တံတားအား ပြန်လည်သွားလာနိုင်ရေးအတွက် ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ဆိုသည်။

အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ ဖောက်ခွဲဖျက်ဆီးမှု ကျူးလွန်ခဲ့သည့် အကြမ်းဖက်များအား ဖော်ထုတ်ဖမ်းဆီးနိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။

zawgyi version
ကရင္ျပည္နယ္အတြင္းရွိ ေယာက္တဝေခ်ာင္းကူးတံတား မိုင္းေထာင္ေဖာက္ခြဲခံရ
NP News - ဇန္နဝါရီ ၁၈

ကရင္ျပည္နယ္အတြင္းရွိ ေယာက္တဝေခ်ာင္းကူးတံတား မိုင္းေထာင္ေဖာက္ခြဲခံခဲ့ရေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

နစကမွ ၿပီးခဲ့သည့္ ဇန္နဝါရီလ(၁၇)ရက္၊ ညပိုင္းတြင္ အထက္ပါကဲ့သို႔ အသိေပး ထုတ္ျပန္ထားျခင္းျဖစ္သည္။

ျဖစ္စဥ္မွာ ဇန္နဝါရီလ(၁၇)ရက္၊ နံနက္(၁ဝ)နာရီ အခ်ိန္ခန႔္တြင္ ကရင္ျပည္နယ္၊ သံေတာင္ႀကီးၿမိဳ႕နယ္ တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

သံေတာင္ႀကီးၿမိဳ႕နယ္အတြင္းရွိ သေျပၫြန႔္- မုတၱိေျမာင္- ဇင္းတိုင္ ေက်း႐ြာမ်ားသို႔ ဆက္သြယ္ထားသည့္ ေယာက္တဝ ေခ်ာင္းကူးတံတားအား အၾကမ္းဖက္အဖြဲ႕က မိုင္းေထာင္ေဖာက္ခြဲခံျခင္းျဖစ္ေၾကာင္း နစကမွ ဆိုသည္။

ေပါက္ကြဲမႈေၾကာင့္ အရွည္ (၂၇ဝ) ေပ၊ အက်ယ္ (၁၂)ေပ၊ အျမင့္ (၁၅) ေပ ရွိေသာ ေယာက္တဝ ေခ်ာင္းကူးတံတားမွာ ၿပိဳက်ပ်က္စီးခဲ့ၿပီး လူႏွင့္ ေမာ္ေတာ္ယာဥ္မ်ား ျဖတ္သန္းသြားလာ၍ မရေၾကာင္း နစကမွ သိရသည္။

လက္ရွိတြင္ ေဖာက္ခြဲဖ်က္ဆီးခံရမႈေၾကာင့္ ပ်က္စီးခဲ့သည့္ တံတားအား ျပန္လည္သြားလာႏိုင္ေရးအတြက္ ျပင္ဆင္ျခင္းလုပ္ငန္းမ်ားကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစကမွ ဆိုသည္။

အထက္ပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေဖာက္ခြဲဖ်က္ဆီးမႈ က်ဴးလြန္ခဲ့သည့္ အၾကမ္းဖက္မ်ားအား ေဖာ္ထုတ္ဖမ္းဆီးႏိုင္ရန္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္ ႐ြက္လ်က္ရွိေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.