၂ဝ၂၂ ခုနှစ်မှာ စင်ကာပူရေလက်ကြားအတွင်း ပင်လယ်ဓားပြမှုဖြစ်စဉ်များ မြင့်တက်လာ

1002

ရောင်နီ (NP News) - ဇန်နဝါရီ ၁၈
၂ဝ၂၂ ခုနှစ်မှာ စင်ကာပူရေလက်ကြားရှိ သင်္ဘောများပေါ်မှာ လက်နက်ကိုင် ဓားပြတိုက်မှုအရေအတွက် မြင့်တက် လာခဲ့ပြီး ယခုအခါ အဆိုပါ ရေလက်ကြားဟာ အာရှတိုက်ရှိ ဖြစ်စဉ်စုစုပေါင်းရဲ့ ၆၅ ရာခိုင်နှုန်းအထိ ရှိလာခဲ့ပါတယ်။
စင်္ကာပူရေလက်ကြားမှာ ပြီးခဲ့တဲ့နှစ်က ယင်းကဲ့သို့ ဖြစ်ရပ်ငါးဆယ့်ငါးခုကို အစီရင်ခံခဲ့ပြီး၊ ၂ဝ၂၁ ခုနှစ်က ဖြစ်ပျက် ခဲ့တဲ့ ဖြစ်စဉ် ၄၉ မှုထက် မြင့်တက်လာခဲ့ကြောင်း၊ ၂ဝ၂၂ ခုနှစ်မှာ ပင်လယ်ကူးဓားပြမှုဆိုင်ရာ ဒေသတွင်း ပူးပေါင်း ဆောင်ရွက်ရေးသဘောတူညီချက် (ReCAAP) ရဲ့ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် (ReCAAP) မှ အချက်အလက်မျှဝေခြင်း စင်တာ (ISC) က ပြောကြားခဲ့ပါတယ်။
ISC၊ ရေကြောင်းနဲ့ ဆိပ်ကမ်းအာဏာပိုင် (MPA) နဲ့ Singapore Shipping Association (SSA) တို့မှ ပူးပေါင်းစီစဉ်တဲ့ ဖိုရမ်တစ်ခုမှာ ISC အမှုဆောင်ဒါရိုက်တာ ခရစ်နာစဝေးနာတာရာဂျန် က စင်ကာပူ ရေလက်ကြားဟာ စိုးရိမ်စရာ ဧရိယာအဖြစ် ကျန်ရှိနေသေးကြောင်း ပြောကြားခဲ့ပါတယ်။
အစီရင်ခံတင်ပြတဲ့ဖြစ်ရပ်အများစုမှာ ချက်ချင်းဆိုသလို ထွက်ပြေးလွတ်မြောက်သွားတဲ့ ခိုးမှုကျူးလွန်သူများ ပါဝင် တဲ့ အသေးအဖွဲ့ ခိုးယူမှုဖြစ်ရပ်များဖြစ်ကြောင်း စင်တာရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
“ကျူးလွန်သူတွေဟာ လက်နက်ကိုင်ဆောင်တာ မဟုတ်သလို အမှုထမ်းတွေလည်း ထိခိုက်ဒဏ်ရာရတာမရှိပါဘူး။ ဒါပေမယ့် ကျူးလွန်သူတွေကို ဖမ်းဆီးမမိတဲ့အတွက် ဖြစ်စဉ်တွေ ဆက်လက်ဖြစ်ပွားနိုင်ပါတယ်” လို့ ၄င်းက မှတ်ချက်ပြုခဲ့ပါတယ်။ မစ္စတာ နာတာရာဂျန်က အခြေအနေထိန်းချုပ်နိုင်ဖို့ ကမ်းရိုးတန်းပြည်နယ်တွေကို ညှိနှိုင်း စောင့်ကြည့်မှုတွေ ဆက်လက်လုပ်ဆောင်ဖို့ တောင်းဆိုထားပါတယ်။
သင်္ဘောပိုင်ရှင်များကို သတိရှိရှိဆောင်ရွက်ရန်၊ ဖြစ်စဉ်အားလုံးကို အချိန်မီ သတင်းပို့ဖို့နဲ့ ဆိပ်ကမ်းများနဲ့ ကျောက်ချ ရပ်နားစခန်းများမှာ ဖြတ်သန်းသွားလာစဉ် ပင်လယ်ကူးမှုတိုက်ဖျက်ရေး စောင့်ကြည့်မှုပြုလုပ်ဖို့ စင်တာက တိုက်တွန်းထားပါတယ်။ ဖြစ်ရပ်အများစုဟာ အစုလိုက်တင် သင်္ဘောများနဲ့ ရေနံတင် သင်္ဘောများအပါအဝင် သင်္ဘောကြီးများမှာ ဖြစ်ပွားခဲ့ကြောင်း နှစ်စဉ်အစီရင်ခံစာမှာ လေ့လာတွေ့ရှိရပါတယ်။
ဖြစ်စဉ် ၁၈ မှုမှာ ကျူးလွန်သူတို့ဟာ ပစ္စတိုမှ ဓားများအထိ လက်နက်များ ကိုင်ဆောင်ထားတယ်လို့ သိရပါတယ်။ သို့ပေမယ့် အမှုထမ်းများကို အကြမ်းဖက်တဲ့ ဖြစ်ရပ် ၂ ကြိမ်သာရှိခဲ့ကာ အဖြစ်အပျက်အများစုဟာ အမှောင်ထု အတွင်း ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
၂ဝ၂၂ ခုနှစ်မှာ စင်္ကာပူရေလက်ကြားသာမက ဘင်္ဂလားဒေ့ရှ်၊ မလေးရှားနဲ့ တောင်တရုတ်ပင်လယ်တို့မှာလည်း ဓားပြမှု မြင့်တက်လာခဲ့ကာ အိန္ဒိယနဲ့ ဗီယက်နမ်မှာတော့ ဖြစ်ပွားမှုအရေအတွက်မှာ တည်ငြိမ်နေပြီး အင်ဒိုနီးရှား၊ ဖိလစ်ပိုင်ရှိ Sulu-Celebes ပင်လယ်များမှာ ဓါးပြမှုများ လျော့နည်းသွားတယ်လို့ သိရပါတယ်။

Zawgyi Version;
၂ဝ၂၂ ခုႏွစ္မွာ စင္ကာပူေရလက္ၾကားအတြင္း ပင္လယ္ဓားျပမႈျဖစ္စဥ္မ်ား ျမင့္တက္လာ
ေရာင္နီ (NP News) - ဇန္နဝါရီ ၁၈
၂ဝ၂၂ ခုႏွစ္မွာ စင္ကာပူေရလက္ၾကားရွိ သေဘၤာမ်ားေပၚမွာ လက္နက္ကိုင္ ဓားျပတိုက္မႈအေရအတြက္ ျမင့္တက္ လာခဲ့ၿပီး ယခုအခါ အဆိုပါ ေရလက္ၾကားဟာ အာရွတိုက္ရွိ ျဖစ္စဥ္စုစုေပါင္းရဲ႕ ၆၅ ရာခိုင္ႏႈန္းအထိ ရွိလာခဲ့ပါတယ္။
စကၤာပူေရလက္ၾကားမွာ ၿပီးခဲ့တဲ့ႏွစ္က ယင္းကဲ့သို႔ ျဖစ္ရပ္ငါးဆယ့္ငါးခုကို အစီရင္ခံခဲ့ၿပီး၊ ၂ဝ၂၁ ခုႏွစ္က ျဖစ္ပ်က္ ခဲ့တဲ့ ျဖစ္စဥ္ ၄၉ မႈထက္ ျမင့္တက္လာခဲ့ေၾကာင္း၊ ၂ဝ၂၂ ခုႏွစ္မွာ ပင္လယ္ကူးဓားျပမႈဆိုင္ရာ ေဒသတြင္း ပူးေပါင္း ေဆာင္႐ြက္ေရးသေဘာတူညီခ်က္ (ReCAAP) ရဲ႕ ေဒသတြင္း ပူးေပါင္းေဆာင္႐ြက္ေရး သေဘာတူစာခ်ဳပ္ (ReCAAP) မွ အခ်က္အလက္မွ်ေဝျခင္း စင္တာ (ISC) က ေျပာၾကားခဲ့ပါတယ္။
ISC၊ ေရေၾကာင္းနဲ႔ ဆိပ္ကမ္းအာဏာပိုင္ (MPA) နဲ႔ Singapore Shipping Association (SSA) တို႔မွ ပူးေပါင္းစီစဥ္တဲ့ ဖိုရမ္တစ္ခုမွာ ISC အမႈေဆာင္ဒါ႐ိုက္တာ ခရစ္နာစေဝးနာတာရာဂ်န္ က စင္ကာပူ ေရလက္ၾကားဟာ စိုးရိမ္စရာ ဧရိယာအျဖစ္ က်န္ရွိေနေသးေၾကာင္း ေျပာၾကားခဲ့ပါတယ္။
အစီရင္ခံတင္ျပတဲ့ျဖစ္ရပ္အမ်ားစုမွာ ခ်က္ခ်င္းဆိုသလို ထြက္ေျပးလြတ္ေျမာက္သြားတဲ့ ခိုးမႈက်ဴးလြန္သူမ်ား ပါဝင္ တဲ့ အေသးအဖြဲ႕ ခိုးယူမႈျဖစ္ရပ္မ်ားျဖစ္ေၾကာင္း စင္တာရဲ႕အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။
“က်ဴးလြန္သူေတြဟာ လက္နက္ကိုင္ေဆာင္တာ မဟုတ္သလို အမႈထမ္းေတြလည္း ထိခိုက္ဒဏ္ရာရတာမရွိပါဘူး။ ဒါေပမယ့္ က်ဴးလြန္သူေတြကို ဖမ္းဆီးမမိတဲ့အတြက္ ျဖစ္စဥ္ေတြ ဆက္လက္ျဖစ္ပြားႏိုင္ပါတယ္” လို႔ ၄င္းက မွတ္ခ်က္ျပဳခဲ့ပါတယ္။ မစၥတာ နာတာရာဂ်န္က အေျခအေနထိန္းခ်ဳပ္ႏိုင္ဖို႔ ကမ္း႐ိုးတန္းျပည္နယ္ေတြကို ညႇိႏႈိင္း ေစာင့္ၾကည့္မႈေတြ ဆက္လက္လုပ္ေဆာင္ဖို႔ ေတာင္းဆိုထားပါတယ္။
သေဘၤာပိုင္ရွင္မ်ားကို သတိရွိရွိေဆာင္႐ြက္ရန္၊ ျဖစ္စဥ္အားလုံးကို အခ်ိန္မီ သတင္းပို႔ဖို႔နဲ႔ ဆိပ္ကမ္းမ်ားနဲ႔ ေက်ာက္ခ် ရပ္နားစခန္းမ်ားမွာ ျဖတ္သန္းသြားလာစဥ္ ပင္လယ္ကူးမႈတိုက္ဖ်က္ေရး ေစာင့္ၾကည့္မႈျပဳလုပ္ဖို႔ စင္တာက တိုက္တြန္းထားပါတယ္။ ျဖစ္ရပ္အမ်ားစုဟာ အစုလိုက္တင္ သေဘၤာမ်ားနဲ႔ ေရနံတင္ သေဘၤာမ်ားအပါအဝင္ သေဘၤာႀကီးမ်ားမွာ ျဖစ္ပြားခဲ့ေၾကာင္း ႏွစ္စဥ္အစီရင္ခံစာမွာ ေလ့လာေတြ႕ရွိရပါတယ္။
ျဖစ္စဥ္ ၁၈ မႈမွာ က်ဴးလြန္သူတို႔ဟာ ပစၥတိုမွ ဓားမ်ားအထိ လက္နက္မ်ား ကိုင္ေဆာင္ထားတယ္လို႔ သိရပါတယ္။ သို႔ေပမယ့္ အမႈထမ္းမ်ားကို အၾကမ္းဖက္တဲ့ ျဖစ္ရပ္ ၂ ႀကိမ္သာရွိခဲ့ကာ အျဖစ္အပ်က္အမ်ားစုဟာ အေမွာင္ထု အတြင္း ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။
၂ဝ၂၂ ခုႏွစ္မွာ စကၤာပူေရလက္ၾကားသာမက ဘဂၤလားေဒ့ရွ္၊ မေလးရွားနဲ႔ ေတာင္တ႐ုတ္ပင္လယ္တို႔မွာလည္း ဓားျပမႈ ျမင့္တက္လာခဲ့ကာ အိႏၵိယနဲ႔ ဗီယက္နမ္မွာေတာ့ ျဖစ္ပြားမႈအေရအတြက္မွာ တည္ၿငိမ္ေနၿပီး အင္ဒိုနီးရွား၊ ဖိလစ္ပိုင္ရွိ Sulu-Celebes ပင္လယ္မ်ားမွာ ဓါးျပမႈမ်ား ေလ်ာ့နည္းသြားတယ္လို႔ သိရပါတယ္။