မြဝတီ-ကော့ကရိတ် အာရှလမ်း၌ ကား(၅)စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ လူ(၃)ဦးထက်မနည်း ဒဏ်ရာရရှိ

1060

NP News - ဇန်နဝါရီ ၁၉
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ်အာရှလမ်း၌ ကား(၅)စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ လူ(၃)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ (ဇန်နဝါရီလ ၁၉ ရက်) ၊ နေ့လည် ၂ နာရီကျော်အချိန်ခန့်တွင် အာရှလမ်း၊ ကော့ကရိတ်မြို့အပိုင်းရှိ နတ်စင်ကွေ့အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများက NP News ကို ပြောသည်။
အသီးအနှံများအပါအဝင် ကုန်ပစ္စည်းများ တင်ဆောင်လာသည့် ခြောက်ဘီးကား သည် ဘရိတ်ပေါက်ကာ ကားအဆင့်ဆင့်ကို ဝင်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လူမှုကူညီရေးအသင်းများက ဆိုသည်။
“အမြဲတမ်းအခင်းဖြစ်တဲ့နေရာမှာ နတ်စင်ကွေ့ရဲ့အပေါ်ဘက်မှာ ဖြစ်တာပေါ့။ အပေါ်ဘက်ဆိုပေမယ့် အဆင်းကြောရှိတယ်။ အဲဒီမှာ ခြောက်ဘီးကားက ဆင်းလာရင်းနဲ့ ဘရိတ်ပေါက်တော့ ပထမဦးဆုံး အံစာတုံးကားရဲ့ ခေါင်းပိုင်းကို ချိတ်တာဗျ။ ပြီးတော့ သူထပ်ဆင်းလာပြီး ခြောက်ဘီးကားရဲ့ နောက်ကို ထပ်ချိတ်တယ်။ ပြီး တော့ Probox ကားတစ်စီး ထပ်တိုက်တယ်။ အဲဒီ Probox ကားက နေ့လည်ကတည်းက မှောက်ထားတဲ့ မှန်လုံကားအောက်ကို ရောက်သွားတယ်။ အဲဒီမှာ အတက်ကြောမှာရှိတဲ့ GI မှန်လုံကားကြီးနဲ့ Lexus ကားတစ်စီးကို ထပ်တိုက်တာပေါ့။ အားလုံးသူတိုက်ခဲ့တာ (၅)စီးပေါ့” ဟု ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန် ရှိတစ်ဦးက ပြောသည်။
အဆိုပါ ယာဉ်ဆင့်တိုက်မှုဖြစ်စဉ်အတွင်း လူ(၃)ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး လက်ရှိတွင် ကော့ကရိတ်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ၎င်းယာဉ်တိုက်မှုဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် မြဝတီ-ကော့ကရိတ်အာရှလမ်း တွင် ယာဉ်ပိတ်ဆို့မှု နာရီပိုင်းမျှ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။
အလားတူ ယနေ့ နံနက်ပိုင်းတွင်လည်း အာရှလမ်းရှိ နတ်စင်ကွေ့အနီးတွင် မှန်လုံကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ၎င်းတိမ်းမှောက်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိခဲ့မှု မရှိကြောင်း သိရသည်။

zawgyi version
ျမဝတီ-ေကာ့ကရိတ္ အာရွလမ္း၌ ကား(၅)စီးဆင့္တိုက္မႈျဖစ္ပြားခဲ့ရာ လူ(၃)ဦးထက္မနည္း ဒဏ္ရာရရွိ
NP News - ဇန္နဝါရီ ၁၉
ကရင္ျပည္နယ္၊ ျမဝတီ-ေကာ့ကရိတ္အာရွလမ္း၌ ကား(၅)စီးဆင့္တိုက္မႈျဖစ္ပြားခဲ့ရာ လူ(၃)ဦးထက္မနည္း ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔ (ဇန္နဝါရီလ ၁၉ ရက္) ၊ ေန႔လည္ ၂ နာရီေက်ာ္အခ်ိန္ခန႔္တြင္ အာရွလမ္း၊ ေကာ့ကရိတ္ၿမိဳ႕အပိုင္းရွိ နတ္စင္ေကြ႕အနီးတြင္ ယာဥ္တိုက္မႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ေဒသခံလူမႈကူညီေရးအသင္းမ်ားက NP News ကို ေျပာသည္။
အသီးအႏွံမ်ားအပါအဝင္ ကုန္ပစၥည္းမ်ား တင္ေဆာင္လာသည့္ ေျခာက္ဘီးကား သည္ ဘရိတ္ေပါက္ကာ ကားအဆင့္ဆင့္ကို ဝင္တိုက္မႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း လူမႈကူညီေရးအသင္းမ်ားက ဆိုသည္။
“အၿမဲတမ္းအခင္းျဖစ္တဲ့ေနရာမွာ နတ္စင္ေကြ႕ရဲ႕အေပၚဘက္မွာ ျဖစ္တာေပါ့။ အေပၚဘက္ဆိုေပမယ့္ အဆင္းေၾကာရွိတယ္။ အဲဒီမွာ ေျခာက္ဘီးကားက ဆင္းလာရင္းနဲ႔ ဘရိတ္ေပါက္ေတာ့ ပထမဦးဆုံး အံစာတုံးကားရဲ႕ ေခါင္းပိုင္းကို ခ်ိတ္တာဗ်။ ၿပီးေတာ့ သူထပ္ဆင္းလာၿပီး ေျခာက္ဘီးကားရဲ႕ ေနာက္ကို ထပ္ခ်ိတ္တယ္။ ၿပီး ေတာ့ Probox ကားတစ္စီး ထပ္တိုက္တယ္။ အဲဒီ Probox ကားက ေန႔လည္ကတည္းက ေမွာက္ထားတဲ့ မွန္လုံကားေအာက္ကို ေရာက္သြားတယ္။ အဲဒီမွာ အတက္ေၾကာမွာရွိတဲ့ GI မွန္လုံကားႀကီးနဲ႔ Lexus ကားတစ္စီးကို ထပ္တိုက္တာေပါ့။ အားလုံးသူတိုက္ခဲ့တာ (၅)စီးေပါ့” ဟု ေဒသခံလူမႈကူညီေရးအသင္းမွ တာဝန္ ရွိတစ္ဦးက ေျပာသည္။
အဆိုပါ ယာဥ္ဆင့္တိုက္မႈျဖစ္စဥ္အတြင္း လူ(၃)ဦးထက္မနည္း ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ၿပီး လက္ရွိတြင္ ေကာ့ကရိတ္ၿမိဳ႕ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ၎ယာဥ္တိုက္မႈျဖစ္စဥ္ ျဖစ္ပြားခဲ့ၿပီးေနာက္ ျမဝတီ-ေကာ့ကရိတ္အာရွလမ္း တြင္ ယာဥ္ပိတ္ဆို႔မႈ နာရီပိုင္းမွ် ျဖစ္ေပၚခဲ့ေၾကာင္း သိရွိရသည္။
အလားတူ ယေန႔ နံနက္ပိုင္းတြင္လည္း အာရွလမ္းရွိ နတ္စင္ေကြ႕အနီးတြင္ မွန္လုံကားတစ္စီး တိမ္းေမွာက္မႈျဖစ္ပြားခဲ့ၿပီး ၎တိမ္းေမွာက္မႈေၾကာင့္ လူထိခိုက္ဒဏ္ရာရရွိခဲ့မႈ မရွိေၾကာင္း သိရသည္။