မြင်းမူမြို့နယ် လဝကရုံး မီးရှို့ဖျက်ဆီးစဉ်အချိန် အပြန်အလှန်ပစ်ခတ်မှုဖြစ်

 1350

NP News - ဇန်နဝါရီ ၂ဝ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးအား လက်နက်ကိုင် အဖွဲ့က မီးရှို့ဖျက်ဆီးစဉ်အချိန် လုံခြုံရေးအဖွဲ့နှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၉ ရက် ည ၈ နာရီဝန်းကျင်အချိန်ခန့်တွင် မြင်းမူမြို့၊ အောင်ဇေယျရပ်ကွက်တွင် ရှိသော မြို့နယ်လဝကရုံး တွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မဲစာရင်းများပြုစုနေချိန် မဲစာရင်းစာရွက်စာတမ်းနှင့် ကွန်ပျူတာများကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း အာဏာရှင်စနစ် တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD) က ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။

“ဟုတ်တယ် မီးရှို့ခံရတာဗျ။ စဖြစ်တာက ၇ နာရီ ၄ဝ မိနစ်လောက်က ဖြစ်တယ်။ စရှို့တယ်ပေါ့။ အဲဒီမှာ ပစ်ခတ်မှု တွေရှိတဲ့အခါကျတော့ ကျွန်တော်တို့ကလည်း မထွက်နိုင်ဘူးလေ။ သွားမငြှိမ်းနိုင်ဘူးဖြစ်တာ။ ကျွန်တော်တို့ ၈ နာရီ လောက်မှာစပြီး ငြှိမ်းတာပေါ့။ ၈ နာရီ ၄ဝ မိနစ်မှာတော့ မီးထိန်းနိုင်တာပေါ့။ ၈ နာရီ ၅ဝ မိနစ်မှာတော့ လုံးဝ မီးငြိမ်း သွားပါတယ်” ဟု မြင်းမူမီးသတ်ရုံးမှ တာဝန်ရှိသူတစ်ဦးက NP News ကို အတည်ပြုပြောဆိုထားသည်။

ထိုသို့ မီးရှို့ဖျက်ဆီးခံရမှုကြောင့် လဝကရုံးအဆောက်အဦးအတွင်းရှိ ကွန်ပျူတာ၊ ရုံးစာရေးစားပွဲနှင့် စာရွက်စာတမ်း များ ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

အဆိုပါဖြစ်စဉ်များအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့မှုမရှိခဲ့ကြောင်းလည်း မြင်းမူမီးသတ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောသည်။

အလားတူ စစ်ကိုင်းတိုင်း၊ တမူးမြို့ရှိ ရွေးကောက်ပွဲကော်မရှင်ရုံးမှာလည်း ဇန်နဝါရီ ၁၉ ရက်တွင် မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရပြီး အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ကြောင်း သိရသည်။

နစကမှ ရွေးကောက်ပွဲကျင်းပရန် ကြိုတင်ပြင်ဆင်နေသည့်အချိန်တွင် မဲစာရင်းပြုစုရန်အတွက် မြေပြင်လူဦးရေ စာရင်းများကို လဝကရုံးများအနေဖြင့် ကွင်းဆင်းကောက်ယူလျက်ရှိပြီး ယခုရက်ပိုင်းအတွင်း လဝကရုံး (၃)ရုံး ထက်မနည်း မီးရှို့ဖျက်ဆီးခြင်း ခံထားရသည်။

Zawgyi Version;
ျမင္းမူၿမိဳ႕နယ္ လဝက႐ုံး မီးရႈိ႕ဖ်က္ဆီးစဥ္အခ်ိန္ အျပန္အလွန္ပစ္ခတ္မႈျဖစ္
NP News - ဇန္နဝါရီ ၂ဝ

စစ္ကိုင္းတိုင္း၊ ျမင္းမူၿမိဳ႕နယ္ရွိ ၿမိဳ႕နယ္လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဦးစီးဌာန႐ုံးအား လက္နက္ကိုင္ အဖြဲ႕က မီးရႈိ႕ဖ်က္ဆီးစဥ္အခ်ိန္ လုံၿခဳံေရးအဖြဲ႕ႏွင့္ အျပန္အလွန္ပစ္ခတ္မႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ဇန္နဝါရီ ၁၉ ရက္ ည ၈ နာရီဝန္းက်င္အခ်ိန္ခန႔္တြင္ ျမင္းမူၿမိဳ႕၊ ေအာင္ေဇယ်ရပ္ကြက္တြင္ ရွိေသာ ၿမိဳ႕နယ္လဝက႐ုံး တြင္ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မဲစာရင္းမ်ားျပဳစုေနခ်ိန္ မဲစာရင္းစာ႐ြက္စာတမ္းႏွင့္ ကြန္ပ်ဴတာမ်ားကို မီးရႈိ႕ဖ်က္ဆီးႏိုင္ခဲ့ေၾကာင္း အာဏာရွင္စနစ္ တိုက္ဖ်က္ေရးျပည္သူ႔တပ္ဖြဲ႕(PAFD) က ထုတ္ျပန္ထားသည္ကို ေတြ႕ရွိရသည္။

“ဟုတ္တယ္ မီးရႈိ႕ခံရတာဗ်။ စျဖစ္တာက ၇ နာရီ ၄ဝ မိနစ္ေလာက္က ျဖစ္တယ္။ စရႈိ႕တယ္ေပါ့။ အဲဒီမွာ ပစ္ခတ္မႈ ေတြရွိတဲ့အခါက်ေတာ့ ကြၽန္ေတာ္တို႔ကလည္း မထြက္ႏိုင္ဘူးေလ။ သြားမျငႇိမ္းႏိုင္ဘူးျဖစ္တာ။ ကြၽန္ေတာ္တို႔ ၈ နာရီ ေလာက္မွာစၿပီး ျငႇိမ္းတာေပါ့။ ၈ နာရီ ၄ဝ မိနစ္မွာေတာ့ မီးထိန္းႏိုင္တာေပါ့။ ၈ နာရီ ၅ဝ မိနစ္မွာေတာ့ လုံးဝ မီးၿငိမ္း သြားပါတယ္” ဟု ျမင္းမူမီးသတ္႐ုံးမွ တာဝန္ရွိသူတစ္ဦးက NP News ကို အတည္ျပဳေျပာဆိုထားသည္။

ထိုသို႔ မီးရႈိ႕ဖ်က္ဆီးခံရမႈေၾကာင့္ လဝက႐ုံးအေဆာက္အဦးအတြင္းရွိ ကြန္ပ်ဴတာ၊ ႐ုံးစာေရးစားပြဲႏွင့္ စာ႐ြက္စာတမ္း မ်ား ပ်က္စီးဆုံးရႈံးသြားခဲ့ေၾကာင္း ၎က ဆက္လက္ေျပာသည္။

အဆိုပါျဖစ္စဥ္မ်ားအတြင္း ထိခိုက္ဒဏ္ရာရရွိခဲ့မႈမရွိခဲ့ေၾကာင္းလည္း ျမင္းမူမီးသတ္႐ုံးမွ တာဝန္ရွိသူတစ္ဦးက ဆက္လက္ေျပာသည္။

အလားတူ စစ္ကိုင္းတိုင္း၊ တမူးၿမိဳ႕ရွိ ေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံးမွာလည္း ဇန္နဝါရီ ၁၉ ရက္တြင္ မီးရႈိ႕ဖ်က္ဆီးျခင္း ခံခဲ့ရၿပီး အျပန္အလွန္ပစ္ခတ္မႈမ်ားရွိခဲ့ေၾကာင္း သိရသည္။

နစကမွ ေ႐ြးေကာက္ပြဲက်င္းပရန္ ႀကိဳတင္ျပင္ဆင္ေနသည့္အခ်ိန္တြင္ မဲစာရင္းျပဳစုရန္အတြက္ ေျမျပင္လူဦးေရ စာရင္းမ်ားကို လဝက႐ုံးမ်ားအေနျဖင့္ ကြင္းဆင္းေကာက္ယူလ်က္ရွိၿပီး ယခုရက္ပိုင္းအတြင္း လဝက႐ုံး (၃)႐ုံး ထက္မနည္း မီးရႈိ႕ဖ်က္ဆီးျခင္း ခံထားရသည္။

Related news

© 2021. All rights reserved.