"တော့ဇီလာ" လို့ နာမည်ပြောင်ပေးရလောက်တဲ့ ဧရာမဖားပြုတ်ကြီး သြစတြေးလျမှာ တွေ့ရှိ

 6529

ရောင်နီ (NP News) - ဇန်နဝါရီ ၂၁

သြစတြေးလျနိုင်ငံ၊ မြောက်ကွင်းစလန်းရှိ Conway အမျိုးသားဥယျာဉ်မှာ မွေးကင်းစ ကလေးငယ်တစ်ဦး အရွက်ရှိ တဲ့ ဖားပြုတ်ကြီးတစ်ကောင်ကို သစ်တောရိန်းဂျားတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

"တော့ဇီလာ" လို့ အမည်ပေးထားတဲ့ ဧရာမ ဖားပြုတ်ကြီးဟာ အလေးချိန် ၂.၇ ကီလိုဂရမ် (၆ ပေါင်နီးပါး) အလေးချိန်ရှိပြီး ကမ္ဘာ့စံချိန်သစ် ဖြစ်လာနိုင်တယ်လို့ ကွင်းစလန်း သဘာဝပတ်ဝန်းကျင်နဲ့ သိပ္ပံဌာနက ဇန်နဝါရီ ၂ဝ ရက်၊ သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။ အဆိုပါ ဧရာမဖားပြုတ်ကြီးကို ရိမ်းဂျားကီလီဂရေးက ရှာဖွေတွေ့ရှိခဲ့ တာဖြစ်ပြီး ၎င်းကို "တော့ဇီလာ" လို့ အမည်ပေးကာ တောရိုင်းထဲမှ ဖယ်ရှားဖို့အတွက် ကွန်တိန်နာထဲထည့်ပြီး ထိန်းသိမ်းခဲ့တယ်လို့ သူမက ဆိုပါတယ်။

“ဒီအရွယ်အစားရှိတဲ့ ဖားပြုတ်တစ်ကောင်ဟာ ၎င်းရဲ့ပါးစပ်နဲ့ဆန့်သမျှ အင်းဆက်တွေ၊ တွားသွားသတ္တဝါတွေနဲ့ နို့တိုက်သတ္တဝါငယ်တွေ အပါအဝင် ဘယ်အရာကိုမဆို စားသောက်နိုင်လိမ့်မယ်” လို့ ဂရေး က ပြောကြားပြီး "တော့ဇီလာ" ဟာ အမ ဖြစ်နိုင်တယ်လို့ ယူဆရကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။ တော့ဇီလာရဲ့ အသက်ကိုတော့ မသိရသေးပေမယ့် ကမ္ဘာ့စံချိန်တင် အကြီးဆုံးဖားပြုတ်ကြီး ဖြစ်လာနိုင်တယ်လို့ ရိမ်းဂျားတွေက ဆိုပါတယ်။

သို့ပေမယ့် သြစတြေးလျနိုင်ငံရဲ့ သီးနှံဖျက်ပိုးများအပေါ်ချမှတ်ထားတဲ့ဥပဒေအရ ဖားပြုတ်ကြီးကို ဆေးထိုး သတ်လိုက်ရပြီး ရုပ်ကြွင်းကိုတော့ ကွင်းလန်းပြတိုက်မှာ ပြသထားမယ်လို့ သိရပါတယ်။

Zawgyi Version;
"ေတာ့ဇီလာ" လို႔ နာမည္ေျပာင္ေပးရေလာက္တဲ့ ဧရာမဖားျပဳတ္ႀကီး ၾသစေၾတးလ်မွာ ေတြ႕ရွိ
ေရာင္နီ (NP News) - ဇန္နဝါရီ ၂၁

ၾသစေၾတးလ်ႏိုင္ငံ၊ ေျမာက္ကြင္းစလန္းရွိ Conway အမ်ိဳးသားဥယ်ာဥ္မွာ ေမြးကင္းစ ကေလးငယ္တစ္ဦး အ႐ြက္ရွိ တဲ့ ဖားျပဳတ္ႀကီးတစ္ေကာင္ကို သစ္ေတာရိန္းဂ်ားေတြက ရွာေဖြေတြ႕ရွိခဲ့ပါတယ္။

"ေတာ့ဇီလာ" လို႔ အမည္ေပးထားတဲ့ ဧရာမ ဖားျပဳတ္ႀကီးဟာ အေလးခ်ိန္ ၂.၇ ကီလိုဂရမ္ (၆ ေပါင္နီးပါး) အေလးခ်ိန္ရွိၿပီး ကမာၻ႔စံခ်ိန္သစ္ ျဖစ္လာႏိုင္တယ္လို႔ ကြင္းစလန္း သဘာဝပတ္ဝန္းက်င္နဲ႔ သိပၸံဌာနက ဇန္နဝါရီ ၂ဝ ရက္၊ ေသာၾကာေန႔မွာ ေျပာၾကားခဲ့ပါတယ္။ အဆိုပါ ဧရာမဖားျပဳတ္ႀကီးကို ရိမ္းဂ်ားကီလီဂေရးက ရွာေဖြေတြ႕ရွိခဲ့ တာျဖစ္ၿပီး ၎ကို "ေတာ့ဇီလာ" လို႔ အမည္ေပးကာ ေတာ႐ိုင္းထဲမွ ဖယ္ရွားဖို႔အတြက္ ကြန္တိန္နာထဲထည့္ၿပီး ထိန္းသိမ္းခဲ့တယ္လို႔ သူမက ဆိုပါတယ္။

“ဒီအ႐ြယ္အစားရွိတဲ့ ဖားျပဳတ္တစ္ေကာင္ဟာ ၎ရဲ႕ပါးစပ္နဲ႔ဆန႔္သမွ် အင္းဆက္ေတြ၊ တြားသြားသတၱဝါေတြနဲ႔ ႏို႔တိုက္သတၱဝါငယ္ေတြ အပါအဝင္ ဘယ္အရာကိုမဆို စားေသာက္ႏိုင္လိမ့္မယ္” လို႔ ဂေရး က ေျပာၾကားၿပီး "ေတာ့ဇီလာ" ဟာ အမ ျဖစ္ႏိုင္တယ္လို႔ ယူဆရေၾကာင္း ၎က ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။ ေတာ့ဇီလာရဲ႕ အသက္ကိုေတာ့ မသိရေသးေပမယ့္ ကမာၻ႔စံခ်ိန္တင္ အႀကီးဆုံးဖားျပဳတ္ႀကီး ျဖစ္လာႏိုင္တယ္လို႔ ရိမ္းဂ်ားေတြက ဆိုပါတယ္။

သို႔ေပမယ့္ ၾသစေၾတးလ်ႏိုင္ငံရဲ႕ သီးႏွံဖ်က္ပိုးမ်ားအေပၚခ်မွတ္ထားတဲ့ဥပေဒအရ ဖားျပဳတ္ႀကီးကို ေဆးထိုး သတ္လိုက္ရၿပီး ႐ုပ္ႂကြင္းကိုေတာ့ ကြင္းလန္းျပတိုက္မွာ ျပသထားမယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.