တရုတ်နိုင်ငံမှ ထပ်မံထောက်ပံ့ပေးသော ကိုဗစ်ကာကွယ်ဆေး (၃)သန်းကို နာတာရှည် ရောဂါအခံရှိသူများအား ဦးစားပေးထိုးနှံသွားမည်

 392

ယွန်း၊ စော (NP News) - ဇန်နဝါရီ ၂၁

တရုတ်နိုင်ငံမှ ထပ်မံထောက်ပံ့ပေးသော ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေး Sinopharm (၃)သန်း doses နှင့် ဆေးထိုးအပ်(၃)သန်းကို နာတာရှည်ရောဂါ အခံရှိသူများအား ထပ်ဆောင်းထိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပြုလုပ်သော ကိုဗစ် ကာကွယ်ဆေး ထောက်ပံ့သည့် အခမ်းအနား၌ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်ကပ်ရောဂါ အပါအဝင် အခြားကူးစက်ရောဂါများကို တိုက်ဖျက်နိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံဖြစ်သော တရုတ်နိုင်ငံနှင့် ဆက်လက်ပူးပေါင်းသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက အသိပေးပြောဆိုခဲ့သည်။

လက်ရှိ တရုတ်မှ လှူဒါန်းထားသည့် ကိုဗစ်ကာကွယ်ဆေး(၃)သန်းကို ကျောင်းနေအရွယ်ကလေးငယ်များ အပါအဝင် နာတာရှည်ရောဂါအခံရှိသည့် သက်ကြီးရွယ်အိုများကို ဦးစားပေး၍ ထပ်ဆောင်းထိုးနှံသွားမည်ဖြစ်ကြောင်း ၎င်းမှ အသိပေး ပြော ဆိုထားသည်။

မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံအနေဖြင့် ကိုဗစ်ကာကွယ်ဆေး စုစုပေါင်း ၄၆ သန်းကျော်ကို ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်အထိ ထောက်ပံ့ပေးထားပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် တရုတ်နိုင်ငံမှ ထောက်ပံ့ပေးမှုဖြင့် ဆောင်ရွက်နေသော မြန်မာ့ကူးစက်ရော ဂါ တိုက်ဖျက်ရေးဗဟိုဌာနနှင့် ကျန်းမာရေးဝန်ထမ်း သင်တန်းပို့ချရေးစင်တာများကို (၂ဝ၂၃)ခုနှစ်အကုန်တွင် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ အဆိုပါစင်တာများ ဆောက်လုပ်ပြီးစီးပါက မြန်မာနိုင်ငံ၏ ဇီဝလုံခြုံမှုဆိုင်ရာ သုတေသန ပြုမှုကို အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပြီး ပြည်သူ့ကျန်းမာရေးလုပ်ငန်းများအတွက် များစွာအထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း တရုတ်သံအမတ်ကြီး Mr. Chen Hai က အသိပေးပြောဆိုခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် လက်ရှိအချိန်ထိ လူဦးရေ (၃၇)သန်းခွဲကျော်ကို ကိုဗစ် ကာကွယ်ဆေးထိုး နှံပေးထားပြီးဖြစ်ကြောင်းသိရသည်။

zawgyi version
တ႐ုတ္ႏိုင္ငံမွ ထပ္မံေထာက္ပံ့ေပးေသာ ကိုဗစ္ကာကြယ္ေဆး (၃)သန္းကို နာတာရွည္ ေရာဂါအခံရွိသူမ်ားအား ဦးစားေပးထိုးႏွံသြားမည္
ယြန္း၊ ေစာ (NP News) - ဇန္နဝါရီ ၂၁

တ႐ုတ္ႏိုင္ငံမွ ထပ္မံေထာက္ပံ့ေပးေသာ ကိုဗစ္(၁၉)ေရာဂါ ကာကြယ္ေဆး Sinopharm (၃)သန္း doses ႏွင့္ ေဆးထိုးအပ္(၃)သန္းကို နာတာရွည္ေရာဂါ အခံရွိသူမ်ားအား ထပ္ေဆာင္းထိုးေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ယခုရက္ပိုင္းအတြင္း ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္၌ ျပဳလုပ္ေသာ ကိုဗစ္ ကာကြယ္ေဆး ေထာက္ပံ့သည့္ အခမ္းအနား၌ က်န္းမာေရးဝန္ႀကီး ေဒါက္တာသက္ခိုင္ဝင္းက အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ဝန္ႀကီးဌာနအေနျဖင့္ ကိုဗစ္ကပ္ေရာဂါ အပါအဝင္ အျခားကူးစက္ေရာဂါမ်ားကို တိုက္ဖ်က္ႏိုင္ေရးအတြက္ အိမ္နီးခ်င္းႏိုင္ငံျဖစ္ေသာ တ႐ုတ္ႏိုင္ငံႏွင့္ ဆက္လက္ပူးေပါင္းသြားမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက အသိေပးေျပာဆိုခဲ့သည္။

လက္ရွိ တ႐ုတ္မွ လႉဒါန္းထားသည့္ ကိုဗစ္ကာကြယ္ေဆး(၃)သန္းကို ေက်ာင္းေနအ႐ြယ္ကေလးငယ္မ်ား အပါအဝင္ နာတာရွည္ေရာဂါအခံရွိသည့္ သက္ႀကီး႐ြယ္အိုမ်ားကို ဦးစားေပး၍ ထပ္ေဆာင္းထိုးႏွံသြားမည္ျဖစ္ေၾကာင္း ၎မွ အသိေပး ေျပာ ဆိုထားသည္။

ျမန္မာႏိုင္ငံသို႔ တ႐ုတ္ႏိုင္ငံအေနျဖင့္ ကိုဗစ္ကာကြယ္ေဆး စုစုေပါင္း ၄၆ သန္းေက်ာ္ကို ၿပီးခဲ့သည့္ ၂ဝ၂၂ ခုႏွစ္အထိ ေထာက္ပံ့ေပးထားၿပီးျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ တ႐ုတ္ႏိုင္ငံမွ ေထာက္ပံ့ေပးမႈျဖင့္ ေဆာင္႐ြက္ေနေသာ ျမန္မာ့ကူးစက္ေရာ ဂါ တိုက္ဖ်က္ေရးဗဟိုဌာနႏွင့္ က်န္းမာေရးဝန္ထမ္း သင္တန္းပို႔ခ်ေရးစင္တာမ်ားကို (၂ဝ၂၃)ခုႏွစ္အကုန္တြင္ ဖြင့္လွစ္ႏိုင္ရန္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အလားတူ အဆိုပါစင္တာမ်ား ေဆာက္လုပ္ၿပီးစီးပါက ျမန္မာႏိုင္ငံ၏ ဇီဝလုံၿခဳံမႈဆိုင္ရာ သုေတသန ျပဳမႈကို အဆင့္ျမႇင့္တင္ ေဆာင္႐ြက္ေပးႏိုင္မည္ျဖစ္ၿပီး ျပည္သူ႔က်န္းမာေရးလုပ္ငန္းမ်ားအတြက္ မ်ားစြာအေထာက္အကူ ျပဳႏိုင္မည္ျဖစ္ေၾကာင္း တ႐ုတ္သံအမတ္ႀကီး Mr. Chen Hai က အသိေပးေျပာဆိုခဲ့သည္။

ျမန္မာႏိုင္ငံအေနျဖင့္ လက္ရွိအခ်ိန္ထိ လူဦးေရ (၃၇)သန္းခြဲေက်ာ္ကို ကိုဗစ္ ကာကြယ္ေဆးထိုး ႏွံေပးထားၿပီးျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.