ကမ္ဘာ့ဘီလျံနာ ဂျော့ချ်ဆိုးရော့စ့်ထံမှ အမေရိကန် မီဒီယာလောကမှထင်ရှားသော လူပုဂ္ဂိုလ်ပေါင်း(၅ဝ)ကျော် ကူညီထောက်ပံ့မှုများရယူနေဟုဆို

 754

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၂

အမေရိကန်မီဒီယာလောကမှ ထင်ရှားသော လူပုဂ္ဂိုလ်ပေါင်း အနည်းဆုံး (၅ဝ) ကျော်သည် ကမ္ဘာကျော်ဘီလျံနာသူဋ္ဌေးကြီး ဂျော့ချ်ဆိုးရောစ့်၏ ကူညီထောက်ပံ့ပေးမှုနှင့်မကင်းကြောင်းသိရသည်။

ဟန်ဂေရီဖွား ဘီလျံနာ ဂျော့ချ်ဆိုးရော့စ်သည် အမေရိကန်အခြေစိုက် Open Society Foundations ကိုဖွဲ့စည်းတည်ထောင်ခဲ့ပြီး ကမ္ဘာတဝှမ်းတွင်အဆိုပါဖောင်းဒေးရှင်းလက်အောက်ခံ NGOs အဖွဲ့များကို ဖွဲ့စည်းတည်ထောင်ကာ အစိုးရဆန့်ကျင့်ရေး ဆန္ဒပြပွဲများကို အားပေးကူညီလျက်ရှိနေကြောင်း သိရသည်။ အမေရိကန်မီဒီယာလောကမှလူသိများထင်ရှားသော သတင်းစာဆရာ၊ အယ်ဒီတာ နှင့် လူပုဂ္ဂိုလ်ပေါင်း ၅ဝ ကျော်သည် ဂျော့ချ်ဆိုးရော့ ကူညီထောက်ပံ့ကာ တည်ထောင်ထားသော ဖောင်ဒေးရှင်းကွန်ရက်နှင့်ဆက်နွယ်လျက်ရှိနေကြောင်း၊ MRC Business ကထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဂျော့ဆိုးရောစ် တည်ထောင်ထားသော Open Society Foundations နှင့်ဆက်နွယ်ပြီးအကူညီများရရှိနေသော အမေရိကန်မီဒီယာလောကမှထင်ရှားသူများထဲတွင် CNN international သတင်းဌာနမှ ရုပ်သံသတင်းကြေညာသူ Christiane Amanpour၊ NBC's Night သတင်းဌာန၏ Lester Holt၊ Washington Post သတင်းဌာန၏အမှုဆောင်အယ်ဒီတာ Sally Buzbee၊ Bloomberg သတင်းဌာနပူးတွဲတည်ထောင်သူ Matthew Winkler တို့ပါဝင်လျက်ရှိနေကြောင်းသိရသည်။

ထို့ပြင် ABC၊ CBS၊ NPR၊ New York Times ၊ ကနေဒါအခြေစိုက် ရိုက်တာသတင်းဌာနတို့၏ ကော်လံစားများ၊ အယ်ဒီတာများ၊ သတင်းဌာနအုပ်ချုပ်ရေးတာဝန်ရှိသူ များလည်း Open Society Foundations အထောက်အပံ့နှင့် မကင်းကြောင်း MRC Business ကဆိုသည်။

Open Society Foundations ကို တည်ထောင်သူ ဂျော့ချ်ဆိုးရော့စ်သည် အမေရိကန် နှင့် ကမ္ဘာတဝှမ်းရှိ မီဒီယာများ၊ သတင်းဌာနကြီးများနှင့် ဆက်ဆံရေးထူထောင်ပြီး အကူအညီများပေးလျက်ရှိနေကြောင်း၊ အဆိုပါမီဒီယာများသည် ဂျော့ချ်ဆိုးရော့၏အမြင်အယူများကို နေ့စဉ်ဝါဒမှိုင်းတိုက်စေရန်ကူညီပေးလျက်ရှိနေကြောင်းသိရသည်။ Open Society Foundations အထောက်ပံ့နှင့်မကင်းသော မီဒီယာသတင်းဌာနများကဖော်ပြတဲ့ သတင်း stories များတွင် ဂျော့ချ်ဆိုးရော့စ့်၏ သြဇာလွှမ်းမိုးမှုများကို ထိန်းသိမ်းနိုင်အောင် ခွင့်ပြုပေးထားကြောင်း၊ လေ့လာသုံးသပ်သူနှစ်ဦးဖြစ်သော Joseph Vazquez နှင့် Daniel Schneider တို့ကပြောသည်။

၎င်းတို့နှစ်ဦးက "လက်ဝဲအယူအဆရှိတဲ့ ဘီလျံနာ ဂျော့ချ်ဆိုးရော့စ်ဟာ LGBT၊ အရေး၊ လှုပ်ရှားမှုတွေ၊ ရဲတပ်ဖွဲ့ကိုအကာကွယ်ပေးရေး၊ မက်စ်စီးပွားရေး၊ ကိုယ်ဝန်ဖျက်ချရေးဆိုင်ရာကိစ္စများ၊ အစွန်းရောက်အယူဆများ နဲ့ပတ်သက်ပြီးကမ္ဘာတဝှမ်းပျံ့နှံအောင် သူရဲ့ဖောင်ဒေးရှင်းကို အမေရိကန်ဒေါ်လာ ၃၂ ဘီလျံပံ့ပိုးထားတယ်" ဟုဆိုသည်။

zawgyi version
ကမ္ဘာ့ဘီလျံနာ ဂျော့ခ်ျဆိုးရော့စ့်ထံမှ အမေရိကန် မီဒီယာလောကမှထင်ရှားသော လူပုဂ္ဂိုလ်ပေါင်း(၅ဝ)ကျော် ကူညီထောက်ပံ့မှုများရယူနေဟုဆို

အမေရိကန်မီဒီယာလောကမှ ထင်ရှားသော လူပုဂ္ဂိုလ်ပေါင်း အနည်းဆုံး (၅ဝ) ကျော်သည် ကမ္ဘာကျော်ဘီလျံနာသူဋ္ဌေးကြီး ဂျော့ခ်ျဆိုးရောစ့်၏ ကူညီထောက်ပံ့ပေးမှုနှင့်မကင်းကြောင်းသိရသည်။

ဟန်ဂေရီဖွား ဘီလျံနာ ဂျော့ခ်ျဆိုးရော့စ်သည် အမေရိကန်အခြေစိုက် Open Society Foundations ကိုဖွဲ့စည်းတည်ထောင်ခဲ့ပြီး ကမ္ဘာတဝှမ်းတွင်အဆိုပါဖောင်းဒေးရှင်းလက်အောက်ခံ NGOs အဖွဲ့များကို ဖွဲ့စည်းတည်ထောင်ကာ အစိုးရဆန့်ကျင့်ရေး ဆန္ဒပြပွဲများကို အားပေးကူညီလျက်ရှိနေကြောင်း သိရသည်။ အမေရိကန်မီဒီယာလောကမှလူသိများထင်ရှားသော သတင်းစာဆရာ၊ အယ်ဒီတာ နှင့် လူပုဂ္ဂိုလ်ပေါင်း ၅ဝ ကျော်သည် ဂျော့ခ်ျဆိုးရော့ ကူညီထောက်ပံ့ကာ တည်ထောင်ထားသော ဖောင်ဒေးရှင်းကွန်ရက်နှင့်ဆက်နွယ်လျက်ရှိနေကြောင်း၊ MRC Business ကထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။



Open Society Foundations ကို တည်ထောင်သူ ဂျော့ခ်ျဆိုးရော့စ်သည် အမေရိကန် နှင့် ကမ္ဘာတဝှမ်းရှိ မီဒီယာများ၊ သတင်းဌာနကြီးများနှင့် ဆက်ဆံရေးထူထောင်ပြီး အကူအညီများပေးလျက်ရှိနေကြောင်း၊ အဆိုပါမီဒီယာများသည် ဂျော့ခ်ျဆိုးရော့၏အမြင်အယူများကို နေ့စဉ်ဝါဒမှိုင်းတိုက်စေရန်ကူညီပေးလျက်ရှိနေကြောင်းသိရသည်။ Open Society Foundations အထောက်ပံ့နှင့်မကင်းသော မီဒီယာသတင်းဌာနများကဖော်ပြတဲ့ သတင်း stories များတွင် ဂျော့ခ်ျဆိုးရော့စ့်၏ သြဇာလွှမ်းမိုးမှုများကို ထိန်းသိမ်းနိုင်အောင် ခွင့်ပြုပေးထားကြောင်း၊ လေ့လာသုံးသပ်သူနှစ်ဦးဖြစ်သော Joseph Vazquez နှင့် Daniel Schneider တို့ကပြောသည်။

၎င်းတို့နှစ်ဦးက "လက်ဝဲအယူအဆရှိတဲ့ ဘီလျံနာ ဂျော့ခ်ျဆိုးရော့စ်ဟာ LGBT၊ အရေး၊ လှုပ်ရှားမှုတွေ၊ ရဲတပ်ဖွဲ့ကိုအကာကွယ်ပေးရေး၊ မက်စ်စီးပွားရေး၊ ကိုယ်ဝန်ဖျက်ချရေးဆိုင်ရာကိစ္စများ၊ အစွန်းရောက်အယူဆများ နဲ့ပတ်သက်ပြီးကမ္ဘာတဝှမ်းပျံ့နှံအောင် သူရဲ့ဖောင်ဒေးရှင်းကို အမေရိကန်ဒေါ်လာ ၃၂ ဘီလျံပံ့ပိုးထားတယ်" ဟုဆိုသည်။

Related news

© 2021. All rights reserved.