အောင်မြင့်မိုရ် နှင့် သီလဝါအိမ်ရာစီမံကိန်းတို့မှ အိမ်ခန်းပေါင်း (၂ဝဝ)ကျော်ကို ယခုလအတွင်း ရောင်းချပေးမည်

 982

ယွန်း (NP News) - ဇန်နဝါရီ ၂၂

CHID BANK (ဆောက်လုပ်ရေးအိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်) တွင် အိမ်ရာစုဆောင်းငွေကျပ်သိန်း(၃ဝ)နှင့်အထက် စုဆောင်းထားသူများကို အခန်းများ အတိုးနှုန်းသက်သာစွာဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြီးခဲ့သည့် ရက်ပိုင်းက အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အတိုးနှုန်းသက်သာသော ချေးငွေစနစ်ဖြင့် အိမ်ခန်းများကို ယခုလ(ဇန်နဝါရီလ)မှစ၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုသို့ရောင်းချရာ၌ CHID ဘဏ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ(၃၁)ရက်အထိ အိမ်ရာစုဆောင်းငွေ ကျပ်သိန်း(၃ဝ)နှင့်အထက် ပြည့်မီအောင် စုဆောင်းထားသူ (၂၇၈၈)ဦး စာရင်းတွင် ပါဝင်သူများကိုသာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တည်ဆောက်ထားသည့် ဒဂုံမြို့သစ် (တောင်ပိုင်း)ရှိ အောင်မြင့်မိုရ် အိမ်ရာစီမံကိန်း နှင့် သန်လျင်- ကျောက်တန်းမြို့နယ်ရှိ သီလဝါအိမ်ရာစီမံကိန်းတို့၏ တန်ဖိုးနည်း၊ တန်ဖိုးသင့် အခန်း(၂ဝ၄)ခန်းကို ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် အမည်စာရင်းလက်ခံခြင်းကို ဇန်နဝါရီလ(၂၃)ရက်မှ (၂၇)ရက်အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ စာရင်းပေးထားသူများအနက်မှရောင်းချပေးမည့် အခန်းအရေအတွက်ကို တန်းစီဇယားအမှတ်စဉ်အလိုက် အခန်းမဲနှိုက်ပေးခြင်းကို လာမည့် ဇန်နဝါရီလ(၃၁) ရက်တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
ေအာင္ျမင့္မိုရ္ ႏွင့္ သီလဝါအိမ္ရာစီမံကိန္းတို႔မွ အိမ္ခန္းေပါင္း (၂ဝဝ)ေက်ာ္ကို ယခုလအတြင္း ေရာင္းခ်ေပးမည္
ယြန္း (NP News) - ဇန္နဝါရီ ၂၂

CHID BANK (ေဆာက္လုပ္ေရးအိမ္ရာႏွင့္ အေျခခံအေဆာက္အအုံ ဖြံ႕ၿဖိဳးေရးဘဏ္) တြင္ အိမ္ရာစုေဆာင္းေငြက်ပ္သိန္း(၃ဝ)ႏွင့္အထက္ စုေဆာင္းထားသူမ်ားကို အခန္းမ်ား အတိုးႏႈန္းသက္သာစြာျဖင့္ ေရာင္းခ်ေပးမည္ျဖစ္ေၾကာင္း သိရသည္။

ၿမိဳ႕ျပႏွင့္ အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာနမွ ၿပီးခဲ့သည့္ ရက္ပိုင္းက အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ၿမိဳ႕ျပႏွင့္ အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာနက အတိုးႏႈန္းသက္သာေသာ ေခ်းေငြစနစ္ျဖင့္ အိမ္ခန္းမ်ားကို ယခုလ(ဇန္နဝါရီလ)မွစ၍ ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

ထိုသို႔ေရာင္းခ်ရာ၌ CHID ဘဏ္တြင္ ၿပီးခဲ့သည့္ ဒီဇင္ဘာလ(၃၁)ရက္အထိ အိမ္ရာစုေဆာင္းေငြ က်ပ္သိန္း(၃ဝ)ႏွင့္အထက္ ျပည့္မီေအာင္ စုေဆာင္းထားသူ (၂၇၈၈)ဦး စာရင္းတြင္ ပါဝင္သူမ်ားကိုသာ ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ၿမိဳ႕ျပႏွင့္ အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာနမွ တည္ေဆာက္ထားသည့္ ဒဂုံၿမိဳ႕သစ္ (ေတာင္ပိုင္း)ရွိ ေအာင္ျမင့္မိုရ္ အိမ္ရာစီမံကိန္း ႏွင့္ သန္လ်င္- ေက်ာက္တန္းၿမိဳ႕နယ္ရွိ သီလဝါအိမ္ရာစီမံကိန္းတို႔၏ တန္ဖိုးနည္း၊ တန္ဖိုးသင့္ အခန္း(၂ဝ၄)ခန္းကို ေရာင္းခ်ေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ အမည္စာရင္းလက္ခံျခင္းကို ဇန္နဝါရီလ(၂၃)ရက္မွ (၂၇)ရက္အထိ ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

အဆိုပါ စာရင္းေပးထားသူမ်ားအနက္မွေရာင္းခ်ေပးမည့္ အခန္းအေရအတြက္ကို တန္းစီဇယားအမွတ္စဥ္အလိုက္ အခန္းမဲႏႈိက္ေပးျခင္းကို လာမည့္ ဇန္နဝါရီလ(၃၁) ရက္တြင္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.