ထိုင်းနိုင်ငံရှိ ကြက်သားစက်ရုံတွင် မြန်မာလုပ်သား(၃ဝဝ)ကျော်က လုပ်သားအခွင့်အရေးများနှင့်ပတ်သက်ပြီး ဆန္ဒပြတောင်းဆိုမှုဖြစ်ပွား

 872

ယွန်း (NP News) - ဇန်နဝါရီ ၂၂

ထိုင်းနိုင်ငံ၊ နခွန်စဝမ်မြို့ရှိ KVS Co.,Ltd ကြက်သားစက်ရုံတွင် မြန်မာအလုပ်သမား (၃ဝဝ)ကျော် ဆန္ဒပြမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အလုပ်သမားသံအရာရှိရုံးမှ ပြီးခဲ့သည့် ဇန်နဝါရီလ (၂၁)ရက်၊ ညနေပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။

အဆိုပါကြက်သားစက်ရုံ၌ Moonbeam Co., Ltd မှ စေလွှတ်ခဲ့သည့် မြန်မာ အလုပ်သမား (၂ဝဝ)ဦး နှင့် New convenant Co., Ltd မှ စေလွှတ်ခဲ့သည့် အလုပ်သမား(၁ဝဝ)ဦးတို့က ဆန္ဒပြခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့က ပတ်စပို့စာအုပ်များကို မိမိတို့၏ လက်ထဲတွင်သာ သိမ်းဆည်းနိုင်ရေး အပါအဝင် အချက်(၁၃)ချက်ကို တောင်းဆိုခဲ့ပြီး (၃)ရက် အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် အဆိုပါကိစ္စအတွက် အလုပ်သမားသံအရာရှိရုံး၊ MOEAF နှင့် မြန်မာအေဂျင်စီတို့မှ ဇန်နဝါရီလ(၁၈)ရက်နှင့် (၁၉)ရက်တို့တွင် နခွန်စဝမ်ရှိ နယ်မြေအလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံးတွင် အလုပ်ရှင်၊ အလုပ်သမားများနှင့် တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဇန်နဝါရီလ(၂၁)ရက်တွင်လည်း ထပ်မံသွားရောက်၍ အလုပ်ရှင်များ အပါအဝင် ထိုင်းနိုင်ငံရှိ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းခဲ့ရာ အလုပ်သမားများ၏ တောင်းဆိုချက်များအား အလုပ်ရှင်နှင့် သဘောတူညီမှု ရရှိခဲ့ကြောင်း အလုပ်သမားသံအရာရှိရုံးမှ ထုတ်ပြန်ထားသည်။

ထို့ပြင် မြန်မာအေဂျင်စီမှ ဆေးရုံဆင်း အလုပ်သမားလူနာ(၂)ဦးအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

zawgyi version
ထိုင္းႏိုင္ငံရွိ ၾကက္သားစက္႐ုံတြင္ ျမန္မာလုပ္သား(၃ဝဝ)ေက်ာ္က လုပ္သားအခြင့္အေရးမ်ားႏွင့္ပတ္သက္ၿပီး ဆႏၵျပေတာင္းဆိုမႈျဖစ္ပြား
ယြန္း (NP News) - ဇန္နဝါရီ ၂၂

ထိုင္းႏိုင္ငံ၊ နခြန္စဝမ္ၿမိဳ႕ရွိ KVS Co.,Ltd ၾကက္သားစက္႐ုံတြင္ ျမန္မာအလုပ္သမား (၃ဝဝ)ေက်ာ္ ဆႏၵျပမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ရွိ အလုပ္သမားသံအရာရွိ႐ုံးမွ ၿပီးခဲ့သည့္ ဇန္နဝါရီလ (၂၁)ရက္၊ ညေနပိုင္းတြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။

အဆိုပါၾကက္သားစက္႐ုံ၌ Moonbeam Co., Ltd မွ ေစလႊတ္ခဲ့သည့္ ျမန္မာ အလုပ္သမား (၂ဝဝ)ဦး ႏွင့္ New convenant Co., Ltd မွ ေစလႊတ္ခဲ့သည့္ အလုပ္သမား(၁ဝဝ)ဦးတို႔က ဆႏၵျပခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

၎တို႔က ပတ္စပို႔စာအုပ္မ်ားကို မိမိတို႔၏ လက္ထဲတြင္သာ သိမ္းဆည္းႏိုင္ေရး အပါအဝင္ အခ်က္(၁၃)ခ်က္ကို ေတာင္းဆိုခဲ့ၿပီး (၃)ရက္ အလုပ္မဆင္းဘဲ ဆႏၵျပခဲ့ၾကျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထို႔ေၾကာင့္ အဆိုပါကိစၥအတြက္ အလုပ္သမားသံအရာရွိ႐ုံး၊ MOEAF ႏွင့္ ျမန္မာေအဂ်င္စီတို႔မွ ဇန္နဝါရီလ(၁၈)ရက္ႏွင့္ (၁၉)ရက္တို႔တြင္ နခြန္စဝမ္ရွိ နယ္ေျမအလုပ္သမား ကာကြယ္ေစာင့္ေရွာက္ေရး႐ုံးတြင္ အလုပ္ရွင္၊ အလုပ္သမားမ်ားႏွင့္ ေတြ႕ဆုံညႇိႏႈိင္းမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ဇန္နဝါရီလ(၂၁)ရက္တြင္လည္း ထပ္မံသြားေရာက္၍ အလုပ္ရွင္မ်ား အပါအဝင္ ထိုင္းႏိုင္ငံရွိ ဌာနဆိုင္ရာမ်ားႏွင့္ ညႇိႏႈိင္းခဲ့ရာ အလုပ္သမားမ်ား၏ ေတာင္းဆိုခ်က္မ်ားအား အလုပ္ရွင္ႏွင့္ သေဘာတူညီမႈ ရရွိခဲ့ေၾကာင္း အလုပ္သမားသံအရာရွိ႐ုံးမွ ထုတ္ျပန္ထားသည္။

ထို႔ျပင္ ျမန္မာေအဂ်င္စီမွ ေဆး႐ုံဆင္း အလုပ္သမားလူနာ(၂)ဦးအတြက္ ေထာက္ပံ့ေငြမ်ားေပးအပ္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ထည့္သြင္းေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.