မြန်မာလူကုန်ကူးဂိုဏ်းများ၏ ဖမ်းဆီးခံရချိန်အတွင်း ကျွန်သဖွယ်ခိုင်းစေခံရသလို ဝက်သား၊ ကြွက်သားများကို အတင်းကြပ်စားခိုင်းခဲ့ကြောင်း ပြန်လည်လွတ်မြောက်လာသော မလေးရှားနိုင်ငံသားပြော

 7923

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၃

မြန်မာနိုင်ငံရှိ လူကုန်ကူးဂိုဏ်းများ၏ဖမ်းဆီးခြင်းခံခဲ့ရသော မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်မှ အသက် ၂ဝ အရွယ်ရှိ လူငယ်တစ်ဦးက ၎င်းသည် လူကုန်ကူးဂိုဏ်းများ ဖမ်းဆီးခံရချိန်အတွင်း ကျွန်သဖွယ်ခိုင်းစေခံခဲ့ရပြီး ဝက်သား နှင့် ကြွက်သားစားရန် အတင်းအကြပ်ခိုင်းစေခံခဲ့ရကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

အသက် ၂ဝ အရွယ်ရှိ မိုဟာမက်ဖာရမ် အာဇန်ဆိုသူသည် အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရရှိမည်ဟု မြန်မာလူကုန်ကူးဂိုဏ်းများ၏ မက်လုံးပေး ခေါ်ဆောင်ခြင်းခံရပြီးနောက် ဖမ်းဆီးခံထားရခြင်းဖြစ်ကာ ၄ လနီးပါး ကြာ ဖမ်းဆီးခံထားရခြင်းကို တွေ့ကြုံခဲ့ကြောင်း၊ ဝက်သား၊ ကြွက် နှင့် ကြက်သားများကို နေ့တိုင်း အတင်းကြပ် ကျွေးခြင်းကိုရင်ဆိုင်ခဲ့ရသလို electric shock တိုက်မည်ဟု ခြိမ်းခြောက်ခံရကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

၎င်းက အစောင့်များကို ပြန်လည်တိုက်ခိုက်မည်ဆိုလျှင် မကြာခဏရိုက်နှက်ခံရကြောင်း၊ ၎င်းလိုမျိုး ဖမ်းဆီးခံထား ရသော မလေးရှားနိုင်ငံသား အခြား ၁၅ ဦးရှိနေပြီး ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်းဆိုသည်။ ဖမ်းဆီးခံထားရသော အမျိုးသမီးအချို့သည် လိင်ကျေးကျွန်သဖွယ်ခိုင်းစေခံရပြီး M-16s နှင့် ရိုင်ဖယ်သေနတ်ကိုင်ဆောင်ထားကာ ယူနီဖောင်းဝတ်ထားသော လက်နက်ကိုင်အုပ်စုက အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများရှိနေကြောင်း မိုဟာမက်ဖာရမ် အာဇန်ဆိုသူက ၎င်း၏ မျက်မြင်တွေ့ရှိသူများကို ပြန်လည်ပြောဆိုခဲ့သည်။

၎င်းနှင့် အခြား မလေးရှားနိုင်ငံသားများသည် မြန်မာလူကုန်ကူးဂိုဏ်းများထိန်းချုပ်ထားသော KK Garden Myanmar မှ ထွက်ပြေးလွှတ်မြောက်ရန်ကြိုးပမ်းခဲ့ခြင်းကြောင့် မိခင်မလေးရှားနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ ခြင်းဖြစ်ကြောင်း ဆိုသည်။

မိုဟာမက်ဖာရမ် အာဇန်ဆိုသူက "လူကုန်ကူးဂိုဏ်းရဲ့ဖမ်းဆီးထားခြင်းခံရတဲ့ အခြားမလေးရှားနိုင်ငံသားတွေရဲ့ ကံကြမ္မာကို လက်ရှိအချိန်မှာ ကျွန်တော်မသိပါဘူး။ လေးထပ်တိုက် အဆောက်အဦးမှာ အလုပ်လုပ်နေခဲ့ရပြီး အုတ်နံရံတွေမှာ သံဇူးကြိုးတွေ တပ်ထားတယ်။ အခြေအနေတွေက ထောင်ပုံစံမျိုးရှိနေခဲ့တယ်။ ဝင်ပေါက်/ ထွက်ပေါက်ကလည်း တစ်ခုတည်းသာရှိတယ်။ အဲဒီမှာ ဖမ်းဆီးခံထားရတဲ့ မလေးရှားနိုင်ငံသားအများစုဟာ အသက် ၁၈ နှစ်ကနေ ၂၆ နှစ်အရွယ်ကြား အများဆုံးဖြစ်တယ်။ ထွက်ပြေးလို့မရဘူး၊ ယူနီဖောင်းဝတ်ပြီး လက်နက် ကိုင်ထားတဲ့လုံခြုံရေးအဖွဲ့က တစ်ရက်ကို ၂၄ နာရီအပြည့် အနီးကပ်စောင့်ကြည့်ခဲ့တယ်" ဟု ဆိုသည်။

အဆိုပါ လူကုန်ကူးဂိုဏ်းသည် ၎င်းကို စင်ကာပူနိုင်ငံတွင် တစ်လ စင်ကာပူဒေါ်လာ ၂ဝဝဝ နှုန်းဖြင့် အလုပ်လုပ် ရမည်ဟု မက်လုံးပေးခဲ့ကြောင်း၊ လူကုန်ကူးဂိုဏ်း၏ကမ်းလှမ်းမှုကို လက်ခံခဲ့ပြီးနောက် ၎င်းနှင့် အခြားသူငယ်ချင်း လေးဦးသည် ပြီးခဲ့သောနှစ် စက်တင်ဘာ ၄ ရက်တွင် Senai နိုင်ငံတကာလေဆိပ်မှ ထိုင်းနိုင်ငံဘန်ကောက်မြို့ကို လေကြောင်းခရီးဖြင့်သွားရောက်ခဲ့ပြီး ဘန်ကောက်မြို့ကို ရောက်ရှိချိန်တွင် လူကုန်ကူးဂိုဏ်းများက ၎င်းတို့ကို အစားစာနှင့် သောက်စရာဝယ်ရန်အတွက် မလေးရှားရင်းဂစ် ၂ဝဝဝ ပေးခဲ့ကြောင်း၊ မိုဟာမက်ဖာရမ် အာဇန် ဆိုသူ က ပြောသည်။

အဆိုပါလူကုန်ကူးဂိုဏ်းဝင်များသည် ၎င်းတို့ ဘန်ကာက်မြို့မှ မဲဆောက်မြို့သို့ ကားဖြင့်ခေါ်ဆောင်ခဲ့ကြောင်း၊ ထိုမှ တဆင့် ထိုင်းနှင့် မြန်မာနယ်စပ်ဒေသကိုခေါ်ဆောင်ခဲ့ကြောင်း၊ နယ်စပ်ဒေသရှိ မြစ်နားကိုရောက်ရှိချိန်တွင် လက်နက်ကိုင်အဖွဲ့လာရောက်ခဲ့ပြီး ၎င်းတို့အိပ်များကို သိမ်းယူကာ လှေပေါ်တက်ရန်ပြောဆိုခဲ့ကြောင်း၊ မိနစ် ၂ဝ ခန့် လှေမောင်းခဲ့ပြီးချိန်တွင် နောက်ထပ်တစ်နေရာကို ကားဖြင့် ထပ်မံသွားရောက်ခဲ့ပြီး လက်နက်ကိုင်အဖွဲ့များ လည်း ပါဝင်ခဲ့ကြောင်း၊ ကားဖြင့် သုံးနာရီ ခန့်မောင်းနှင်ပြီးချိန်တွင် ထောင်သဖွယ်ရှိနေသည့် အဆောက်အဦးကို ရောက်ရှိခဲ့ပြီး ဖမ်းဆီးခံထားရကာ အလုပ်များလုပ်ခဲ့ရကြောင်း ၎င်းက ဆိုသည်။

Zawgyi Version;
ျမန္မာလူကုန္ကူးဂိုဏ္းမ်ား၏ ဖမ္းဆီးခံရခ်ိန္အတြင္း ကြၽန္သဖြယ္ခိုင္းေစခံရသလို ဝက္သား၊ ႂကြက္သားမ်ားကို အတင္းၾကပ္စားခိုင္းခဲ့ေၾကာင္း ျပန္လည္လြတ္ေျမာက္လာေသာ မေလးရွားႏိုင္ငံသားေျပာ
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂၃

ျမန္မာႏိုင္ငံရွိ လူကုန္ကူးဂိုဏ္းမ်ား၏ဖမ္းဆီးျခင္းခံခဲ့ရေသာ မေလးရွားႏိုင္ငံ ဂ်ိဳဟိုးျပည္နယ္မွ အသက္ ၂ဝ အ႐ြယ္ရွိ လူငယ္တစ္ဦးက ၎သည္ လူကုန္ကူးဂိုဏ္းမ်ား ဖမ္းဆီးခံရခ်ိန္အတြင္း ကြၽန္သဖြယ္ခိုင္းေစခံခဲ့ရၿပီး ဝက္သား ႏွင့္ ႂကြက္သားစားရန္ အတင္းအၾကပ္ခိုင္းေစခံခဲ့ရေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္သည္။

အသက္ ၂ဝ အ႐ြယ္ရွိ မိုဟာမက္ဖာရမ္ အာဇန္ဆိုသူသည္ အလုပ္အကိုင္အခြင့္အလမ္းေကာင္းမ်ား ရရွိမည္ဟု ျမန္မာလူကုန္ကူးဂိုဏ္းမ်ား၏ မက္လုံးေပး ေခၚေဆာင္ျခင္းခံရၿပီးေနာက္ ဖမ္းဆီးခံထားရျခင္းျဖစ္ကာ ၄ လနီးပါး ၾကာ ဖမ္းဆီးခံထားရျခင္းကို ေတြ႕ႀကဳံခဲ့ေၾကာင္း၊ ဝက္သား၊ ႂကြက္ ႏွင့္ ၾကက္သားမ်ားကို ေန႔တိုင္း အတင္းၾကပ္ ေကြၽးျခင္းကိုရင္ဆိုင္ခဲ့ရသလို electric shock တိုက္မည္ဟု ၿခိမ္းေျခာက္ခံရေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

၎က အေစာင့္မ်ားကို ျပန္လည္တိုက္ခိုက္မည္ဆိုလွ်င္ မၾကာခဏ႐ိုက္ႏွက္ခံရေၾကာင္း၊ ၎လိုမ်ိဳး ဖမ္းဆီးခံထား ရေသာ မေလးရွားႏိုင္ငံသား အျခား ၁၅ ဦးရွိေနၿပီး ဖမ္းဆီးခံထားရဆဲျဖစ္ေၾကာင္းဆိုသည္။ ဖမ္းဆီးခံထားရေသာ အမ်ိဳးသမီးအခ်ိဳ႕သည္ လိင္ေက်းကြၽန္သဖြယ္ခိုင္းေစခံရၿပီး M-16s ႏွင့္ ႐ိုင္ဖယ္ေသနတ္ကိုင္ေဆာင္ထားကာ ယူနီေဖာင္းဝတ္ထားေသာ လက္နက္ကိုင္အုပ္စုက အမ်ိဳးသမီးမ်ားကို လိင္ပိုင္းဆိုင္ရာက်ဴးလြန္မႈမ်ားရွိေနေၾကာင္း မိုဟာမက္ဖာရမ္ အာဇန္ဆိုသူက ၎၏ မ်က္ျမင္ေတြ႕ရွိသူမ်ားကို ျပန္လည္ေျပာဆိုခဲ့သည္။

၎ႏွင့္ အျခား မေလးရွားႏိုင္ငံသားမ်ားသည္ ျမန္မာလူကုန္ကူးဂိုဏ္းမ်ားထိန္းခ်ဳပ္ထားေသာ KK Garden Myanmar မွ ထြက္ေျပးလႊတ္ေျမာက္ရန္ႀကိဳးပမ္းခဲ့ျခင္းေၾကာင့္ မိခင္မေလးရွားႏိုင္ငံသို႔ ျပန္လည္ေရာက္ရွိလာခဲ့ ျခင္းျဖစ္ေၾကာင္း ဆိုသည္။

မိုဟာမက္ဖာရမ္ အာဇန္ဆိုသူက "လူကုန္ကူးဂိုဏ္းရဲ႕ဖမ္းဆီးထားျခင္းခံရတဲ့ အျခားမေလးရွားႏိုင္ငံသားေတြရဲ႕ ကံၾကမၼာကို လက္ရွိအခ်ိန္မွာ ကြၽန္ေတာ္မသိပါဘူး။ ေလးထပ္တိုက္ အေဆာက္အဦးမွာ အလုပ္လုပ္ေနခဲ့ရၿပီး အုတ္နံရံေတြမွာ သံဇူးႀကိဳးေတြ တပ္ထားတယ္။ အေျခအေနေတြက ေထာင္ပုံစံမ်ိဳးရွိေနခဲ့တယ္။ ဝင္ေပါက္/ ထြက္ေပါက္ကလည္း တစ္ခုတည္းသာရွိတယ္။ အဲဒီမွာ ဖမ္းဆီးခံထားရတဲ့ မေလးရွားႏိုင္ငံသားအမ်ားစုဟာ အသက္ ၁၈ ႏွစ္ကေန ၂၆ ႏွစ္အ႐ြယ္ၾကား အမ်ားဆုံးျဖစ္တယ္။ ထြက္ေျပးလို႔မရဘူး၊ ယူနီေဖာင္းဝတ္ၿပီး လက္နက္ ကိုင္ထားတဲ့လုံၿခဳံေရးအဖြဲ႕က တစ္ရက္ကို ၂၄ နာရီအျပည့္ အနီးကပ္ေစာင့္ၾကည့္ခဲ့တယ္" ဟု ဆိုသည္။

အဆိုပါ လူကုန္ကူးဂိုဏ္းသည္ ၎ကို စင္ကာပူႏိုင္ငံတြင္ တစ္လ စင္ကာပူေဒၚလာ ၂ဝဝဝ ႏႈန္းျဖင့္ အလုပ္လုပ္ ရမည္ဟု မက္လုံးေပးခဲ့ေၾကာင္း၊ လူကုန္ကူးဂိုဏ္း၏ကမ္းလွမ္းမႈကို လက္ခံခဲ့ၿပီးေနာက္ ၎ႏွင့္ အျခားသူငယ္ခ်င္း ေလးဦးသည္ ၿပီးခဲ့ေသာႏွစ္ စက္တင္ဘာ ၄ ရက္တြင္ Senai ႏိုင္ငံတကာေလဆိပ္မွ ထိုင္းႏိုင္ငံဘန္ေကာက္ၿမိဳ႕ကို ေလေၾကာင္းခရီးျဖင့္သြားေရာက္ခဲ့ၿပီး ဘန္ေကာက္ၿမိဳ႕ကို ေရာက္ရွိခ်ိန္တြင္ လူကုန္ကူးဂိုဏ္းမ်ားက ၎တို႔ကို အစားစာႏွင့္ ေသာက္စရာဝယ္ရန္အတြက္ မေလးရွားရင္းဂစ္ ၂ဝဝဝ ေပးခဲ့ေၾကာင္း၊ မိုဟာမက္ဖာရမ္ အာဇန္ ဆိုသူ က ေျပာသည္။

အဆိုပါလူကုန္ကူးဂိုဏ္းဝင္မ်ားသည္ ၎တို႔ ဘန္ကာက္ၿမိဳ႕မွ မဲေဆာက္ၿမိဳ႕သို႔ ကားျဖင့္ေခၚေဆာင္ခဲ့ေၾကာင္း၊ ထိုမွ တဆင့္ ထိုင္းႏွင့္ ျမန္မာနယ္စပ္ေဒသကိုေခၚေဆာင္ခဲ့ေၾကာင္း၊ နယ္စပ္ေဒသရွိ ျမစ္နားကိုေရာက္ရွိခ်ိန္တြင္ လက္နက္ကိုင္အဖြဲ႕လာေရာက္ခဲ့ၿပီး ၎တို႔အိပ္မ်ားကို သိမ္းယူကာ ေလွေပၚတက္ရန္ေျပာဆိုခဲ့ေၾကာင္း၊ မိနစ္ ၂ဝ ခန႔္ ေလွေမာင္းခဲ့ၿပီးခ်ိန္တြင္ ေနာက္ထပ္တစ္ေနရာကို ကားျဖင့္ ထပ္မံသြားေရာက္ခဲ့ၿပီး လက္နက္ကိုင္အဖြဲ႕မ်ား လည္း ပါဝင္ခဲ့ေၾကာင္း၊ ကားျဖင့္ သုံးနာရီ ခန႔္ေမာင္းႏွင္ၿပီးခ်ိန္တြင္ ေထာင္သဖြယ္ရွိေနသည့္ အေဆာက္အဦးကို ေရာက္ရွိခဲ့ၿပီး ဖမ္းဆီးခံထားရကာ အလုပ္မ်ားလုပ္ခဲ့ရေၾကာင္း ၎က ဆိုသည္။

Related news

© 2021. All rights reserved.