လူအင်အားများစွာဖြင့် မီးသတ်ရုံး၊ ထွေအုပ်၊ စည်ပင်၊ လဝက နှင့် စရဖရုံးများကို တစ်ပြိုင် နက်တည်း မီးရှို့ဖျက်ဆီးမှု ဘုရားသုံးဆူမြို့၌ဖြစ်ပွား

 1320

NP News - ဇန်နဝါရီ ၂၄

လူအင်အားများစွာဖြင့် မီးသတ်ရုံး၊ ထွေအုပ်၊ စည်ပင်၊ လဝကနှင့် စရဖရုံးများကို တစ်ပြိုင်နက်တည်း မီးရှို့ဖျက်ဆီးမှု ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့၌ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၃ ရက် ညပိုင်းတွင် ဘုရားသုံးဆူမြို့ပေါ်ရှိ အစိုးရဌာနဆိုင် ရာရုံးများတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဘုရာသုံးဆူမြို့မီးသတ်ရုံးမှ သတင်းအရင်းအမြစ်က NP News ကို ပြောသည်။

“ဖြစ်တာကတော့ ၈ နာရီခွဲလောက်ကနေပြီးတော့ ထိုင်း-မြန်မာနယ်စပ်ဂိတ်ပေါ့ ။အဲဒီကနေ သေနတ်သံတွေ ကြားတာပေါ့။ အဲဒီကနေ ၉ နာရီလောက်မှာ မီးသတ်စခန်းကို လာပြီးတော့ မီးသတ်ကားတွေကို လက်နက်ငယ်တွေနဲ့ ပစ်ပြီးတော့ ကား ထွက်လို့မရအောင် တာယာတွေ၊ အင်ဂျင်တွေ၊ ကားမှန်တွေကို ဖျက်ဆီးသွားတာပေါ့” ဟု အထက်ပါသတင်းအရင်းအမြစ်က ပြောသည်။

ဘုရားသုံးဆူမီးသတ်ရုံးအား လက်နက်ကိုင်ဆောင်ထားသည့် လူအင်အား(၃ဝ) ဝန်း ကျင်မှ လာရောက်ကာ မီးသတ်ကားများကို ပစ်ခတ်ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ည ၉ နာရီအချိန်ခန့်တွင် မီးသတ်ရုံးအား လာရောက်ပစ်ခတ်ဖျက်ဆီးစဉ်အချိန် အခြားသော အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံး၊ စည်ပင်ရုံးနှင့် စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ရုံး(စရဖ) တို့မှာလည်း တစ်ပြိုင်နက်တည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဘုရားသုံးဆူမြို့ခံများက ပြောသည်။

“အဲဒီမှာ ထွေအုပ်ရုံးရယ်၊ လဝကရုံးရယ်၊ စရဖရုံးရယ်၊ စည်ပင်ရုံးရယ်ကို မီးထပ်ရှို့သွားတယ်။ ညက ၂ နာရီ ၁၅ မိနစ် လောက်မှာ မီးငြိမ်းတယ်လို့ ပြောရမှာပေါ့။ မီးကြွင်းမီးကျန်ကတော့ ဒီမနက်အထိ လောင်နေတုန်းပေါ့။ ညကဖြစ်စဉ်မှာလေမီးသတ်ကတော့ သွားငြှိမ်းလို့ မရခဲ့ဘူးပေါ့။ မီးလောင်တာက ဌာနဆိုင်ရာရုံးအတွင်းမှာပဲ ဖြစ်သွားတယ်။ ကျန်တဲ့ လူတွေ နေအိမ်တွေကိုတော့ မီးလောင်သွားတာမျိုးမရှိဘူး”ဟု မီးသတ်ရုံးမှ သတင်းအရင်းအမြစ်က ဆက်လက်ပြောသည်။

ဘုရားသုံးဆူမြို့ပေါ်ရှိ အစိုးရဌာနဆိုင်ရာရုံးများ မီးလောင်မှုဖြစ်စဉ်သည် ဇန်နဝါရီလ ၂၃ ရက် ည ၉ နာရီအချိန်ခန့်တွင် စတင်ခဲ့ခြင်းဖြစ်ကာ ဇန်နဝါရီလ ၂၄ ရက် နံနက် ၂ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မီးငြိမ်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်အတွင်း သေနတ်သံများမှာ တစ်ညလုံးနီးပါး ကြားခဲ့ရပြီး မီးသတ်ကားများမှာလည်း ထွက်ခွာငြှိမ်းသတ်နိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။

“မီးသတ်ရုံးကို လာရှို့တာတော့ အယောက် ၃ဝ လောက်ရှိတယ်။ အကုန်လုံး တစ်ပြိုင်နက်တည်း ဖြန့်ပြီးတော့ မီးရှို့သွားတာပေါ့။ နေရာအနှံ့မှာက လက်နက်သံတွေ ကြားနေရတာပေါ့။ တစ်ညလုံးပဲ” ဟု အထက်ပါသတင်းအရင်းအမြစ်က ဆို သည်။

ပြီးခဲ့သော ရက်ပိုင်းအတွင်းက ဘုရားသုံးဆူမြို့၊ ကြိမ်ချောင်းကျေးရွာရှိ DKBA လက် နက်ကိုင်အဖွဲ့မှ ဗိုလ်မှူးကြီးစောအေဝမ်း၏ နေအိမ်ခြံဝန်းအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းခံခဲ့ရကာ အဆောက်အဦးများပျက်စီးမှုဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးသည်။

zawgyi version
လူအင္အားမ်ားစြာျဖင့္ မီးသတ္႐ုံး၊ ေထြအုပ္၊ စည္ပင္၊ လဝက ႏွင့္ စရဖ႐ုံးမ်ားကို တစ္ၿပိဳင္ နက္တည္း မီးရႈိ႕ဖ်က္ဆီးမႈ ဘုရားသုံးဆူၿမိဳ႕၌ျဖစ္ပြား
NP News - ဇန္နဝါရီ ၂၄

လူအင္အားမ်ားစြာျဖင့္ မီးသတ္႐ုံး၊ ေထြအုပ္၊ စည္ပင္၊ လဝကႏွင့္ စရဖ႐ုံးမ်ားကို တစ္ၿပိဳင္နက္တည္း မီးရႈိ႕ဖ်က္ဆီးမႈ ကရင္ျပည္နယ္၊ ဘုရားသုံးဆူၿမိဳ႕၌ ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ဇန္နဝါရီလ ၂၃ ရက္ ညပိုင္းတြင္ ဘုရားသုံးဆူၿမိဳ႕ေပၚရွိ အစိုးရဌာနဆိုင္ ရာ႐ုံးမ်ားတြင္ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ဘုရာသုံးဆူၿမိဳ႕မီးသတ္႐ုံးမွ သတင္းအရင္းအျမစ္က NP News ကို ေျပာသည္။

“ျဖစ္တာကေတာ့ ၈ နာရီခြဲေလာက္ကေနၿပီးေတာ့ ထိုင္း-ျမန္မာနယ္စပ္ဂိတ္ေပါ့ ။အဲဒီကေန ေသနတ္သံေတြ ၾကားတာေပါ့။ အဲဒီကေန ၉ နာရီေလာက္မွာ မီးသတ္စခန္းကို လာၿပီးေတာ့ မီးသတ္ကားေတြကို လက္နက္ငယ္ေတြနဲ႔ ပစ္ၿပီးေတာ့ ကား ထြက္လို႔မရေအာင္ တာယာေတြ၊ အင္ဂ်င္ေတြ၊ ကားမွန္ေတြကို ဖ်က္ဆီးသြားတာေပါ့” ဟု အထက္ပါသတင္းအရင္းအျမစ္က ေျပာသည္။

ဘုရားသုံးဆူမီးသတ္႐ုံးအား လက္နက္ကိုင္ေဆာင္ထားသည့္ လူအင္အား(၃ဝ) ဝန္း က်င္မွ လာေရာက္ကာ မီးသတ္ကားမ်ားကို ပစ္ခတ္ဖ်က္ဆီးသြားျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ ည ၉ နာရီအခ်ိန္ခန႔္တြင္ မီးသတ္႐ုံးအား လာေရာက္ပစ္ခတ္ဖ်က္ဆီးစဥ္အခ်ိန္ အျခားေသာ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာန႐ုံး၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဦးစီးဌာန႐ုံး၊ စည္ပင္႐ုံးႏွင့္ စစ္ဖက္ေရးရာလုံၿခဳံေရးအဖြဲ႕႐ုံး(စရဖ) တို႔မွာလည္း တစ္ၿပိဳင္နက္တည္း မီးရႈိ႕ဖ်က္ဆီးခံခဲ့ရေၾကာင္း ဘုရားသုံးဆူၿမိဳ႕ခံမ်ားက ေျပာသည္။

“အဲဒီမွာ ေထြအုပ္႐ုံးရယ္၊ လဝက႐ုံးရယ္၊ စရဖ႐ုံးရယ္၊ စည္ပင္႐ုံးရယ္ကို မီးထပ္ရႈိ႕သြားတယ္။ ညက ၂ နာရီ ၁၅ မိနစ္ ေလာက္မွာ မီးၿငိမ္းတယ္လို႔ ေျပာရမွာေပါ့။ မီးႂကြင္းမီးက်န္ကေတာ့ ဒီမနက္အထိ ေလာင္ေနတုန္းေပါ့။ ညကျဖစ္စဥ္မွာေလမီးသတ္ကေတာ့ သြားျငႇိမ္းလို႔ မရခဲ့ဘူးေပါ့။ မီးေလာင္တာက ဌာနဆိုင္ရာ႐ုံးအတြင္းမွာပဲ ျဖစ္သြားတယ္။ က်န္တဲ့ လူေတြ ေနအိမ္ေတြကိုေတာ့ မီးေလာင္သြားတာမ်ိဳးမရွိဘူး”ဟု မီးသတ္႐ုံးမွ သတင္းအရင္းအျမစ္က ဆက္လက္ေျပာသည္။

ဘုရားသုံးဆူၿမိဳ႕ေပၚရွိ အစိုးရဌာနဆိုင္ရာ႐ုံးမ်ား မီးေလာင္မႈျဖစ္စဥ္သည္ ဇန္နဝါရီလ ၂၃ ရက္ ည ၉ နာရီအခ်ိန္ခန႔္တြင္ စတင္ခဲ့ျခင္းျဖစ္ကာ ဇန္နဝါရီလ ၂၄ ရက္ နံနက္ ၂ နာရီ ၁၅ မိနစ္အခ်ိန္ခန႔္တြင္ မီးၿငိမ္သြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ မီးေလာင္မႈျဖစ္စဥ္အတြင္း ေသနတ္သံမ်ားမွာ တစ္ညလုံးနီးပါး ၾကားခဲ့ရၿပီး မီးသတ္ကားမ်ားမွာလည္း ထြက္ခြာျငႇိမ္းသတ္ႏိုင္ျခင္း မရွိခဲ့ေၾကာင္း သိရသည္။

“မီးသတ္႐ုံးကို လာရႈိ႕တာေတာ့ အေယာက္ ၃ဝ ေလာက္ရွိတယ္။ အကုန္လုံး တစ္ၿပိဳင္နက္တည္း ျဖန႔္ၿပီးေတာ့ မီးရႈိ႕သြားတာေပါ့။ ေနရာအႏွံ႔မွာက လက္နက္သံေတြ ၾကားေနရတာေပါ့။ တစ္ညလုံးပဲ” ဟု အထက္ပါသတင္းအရင္းအျမစ္က ဆို သည္။

ၿပီးခဲ့ေသာ ရက္ပိုင္းအတြင္းက ဘုရားသုံးဆူၿမိဳ႕၊ ႀကိမ္ေခ်ာင္းေက်း႐ြာရွိ DKBA လက္ နက္ကိုင္အဖြဲ႕မွ ဗိုလ္မႉးႀကီးေစာေအဝမ္း၏ ေနအိမ္ၿခံဝန္းအား ေလေၾကာင္းမွ ဗုံးႀကဲတိုက္ခိုက္ျခင္းခံခဲ့ရကာ အေဆာက္အဦးမ်ားပ်က္စီးမႈျဖစ္စဥ္ ျဖစ္ပြားခဲ့ဖူးသည္။

Related news

© 2021. All rights reserved.