သံမဏိစက်ရုံ(ပင်းပက်)မှ အလုပ်ရုံခွဲ(၃)ရုံကို ရုရှားနိုင်ငံမှပညာရှင်များနှင့် ပူးပေါင်း၍ ပြုပြင်မှုများဆောင်ရွက်ပြီး ကုန်ထုတ်လုပ်မှုများ လုပ်ဆောင်မည်ဟုဆို

 891

ယွန်း (NP News) - ဇန်နဝါရီ ၂၄

အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)မှ အလုပ်ရုံခွဲ(၃)ရုံကို ရုရှားနိုင်ငံမှ ပညာရှင်များနှင့်ပူးပေါင်း၍ စစ်ဆေးပြုပြင်စမ်းသပ်လည်ပတ်ခြင်းများ ဆက်လက်‌ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှဆိုသည်။

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြီးခဲ့သည့် ရက်ပိုင်း၌ အဆိုပါသံမဏိစက်ရုံသို့ သွားရောက်ကြည့်ရှုစဥ် အထက်ပါကဲ့သို့ ‌ပြောကြားခဲ့ခြင်းဖြစ်သည်။

ပင်းပက်သံမဏိစက်ရုံ၏ အဓိကထုတ်ကုန်ဖြစ်သည့် သံစိမ်းထုတ်လုပ်ရန်အတွက် သဘာဝကုန်ကြမ်းများဖြင့် သံရည်ကျိုမည့် သံရည်ကျိုအလုပ်ရုံ အပါအဝင် အလုပ်ရုံခွဲ(၁၉)ရုံအား ဝန်မပါစမ်းသပ်လည်ပတ်နိုင်ခဲ့ကြောင်း ၎င်းမှ ဆိုသည်။

အဆိုပါ အလုပ်ရုံများသည် ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာလတွင် ရုရှားပညာရှင်များ ၏ အကူအညီဖြင့် ကွန်ပျူတာထိန်းချုပ်စနစ် မပါဝင်ဘဲ (၇၂)နာရီကြာအောင် စမ်း သပ်လည်ပတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကျန်ရှိသည့် အလုပ်ရုံခွဲ(၃)ရုံအား ရုရှားနိုင်ငံမှပညာရှင်များ အပါအဝင် မြန်မာပညာရှင်များနှင့် စက်ရုံဝန်ထမ်းများက ပူးပေါင်း၍ စစ်ဆေးပြုပြင်စမ်းသပ် လည်ပတ်ခြင်းများဆောင်ရွက်ပြီး ကုန်ထုတ်လုပ်မှုများကို တစ်ပြိုင်နက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု၀န်ကြီးမှ အသိပေးပြောဆိုထားသည်။

အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်) စီမံကိန်းမှာ မြန်မာနိုင်ငံတွင် ပထမဦးဆုံးစတင် အကောင်အထည်ဖော်ခဲ့သော သံနှင့်သံမဏိစီမံကိန်းဖြစ်ပြီး ရုရှားနိုင်ငံနှင့် မြန်မာစီးပွား‌ရေးကော်ပိုရေးရှင်းတို့မှပူးပေါင်းပြီး ၂ဝဝ၆ ခုနှစ် စက်တင်ဘာလတွင် စတင်အကောင်အထည်ဖော်ခဲ့သော စီမံကိန်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါစီမံကိန်းမှာ ရာနှုန်းပြည့်နီးပါးပြီးစီးနေပြီဖြစ်ပြီး စက်ရုံစတင်လည်ပတ်နိုင်ချိန်တွင် တစ်နှစ်လျှင်သံစိမ်း တန်ချိန်(၂ဝဝဝဝဝ) ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သံနှင့် သံမဏိစက်ရုံအား (၂ဝ၂၃-၂ဝ၂၄) ဘဏ္ဍာရေးနှစ်တွင် စတင်လည် ပတ်ထုတ်လုပ်နိုင်ရန်ရည်မှန်းထားကြောင်း သိရသည်။

zawgyi version
သံမဏိစက္႐ုံ(ပင္းပက္)မွ အလုပ္႐ုံခြဲ(၃)႐ုံကို ႐ုရွားႏိုင္ငံမွပညာရွင္မ်ားႏွင့္ ပူးေပါင္း၍ ျပဳျပင္မႈမ်ားေဆာင္႐ြက္ၿပီး ကုန္ထုတ္လုပ္မႈမ်ား လုပ္ေဆာင္မည္ဟုဆို
ယြန္း (NP News) - ဇန္နဝါရီ ၂၄

အမွတ္(၂)သံမဏိစက္႐ုံ(ပင္းပက္)မွ အလုပ္႐ုံခြဲ(၃)႐ုံကို ႐ုရွားႏိုင္ငံမွ ပညာရွင္မ်ားႏွင့္ပူးေပါင္း၍ စစ္ေဆးျပဳျပင္စမ္းသပ္လည္ပတ္ျခင္းမ်ား ဆက္လက္‌ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း စက္မႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးမွဆိုသည္။

စက္မႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာခ်ာလီသန္းက ၿပီးခဲ့သည့္ ရက္ပိုင္း၌ အဆိုပါသံမဏိစက္႐ုံသို႔ သြားေရာက္ၾကည့္ရႈစဥ္ အထက္ပါကဲ့သို႔ ‌ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ပင္းပက္သံမဏိစက္႐ုံ၏ အဓိကထုတ္ကုန္ျဖစ္သည့္ သံစိမ္းထုတ္လုပ္ရန္အတြက္ သဘာဝကုန္ၾကမ္းမ်ားျဖင့္ သံရည္က်ိဳမည့္ သံရည္က်ိဳအလုပ္႐ုံ အပါအဝင္ အလုပ္႐ုံခြဲ(၁၉)႐ုံအား ဝန္မပါစမ္းသပ္လည္ပတ္ႏိုင္ခဲ့ေၾကာင္း ၎မွ ဆိုသည္။

အဆိုပါ အလုပ္႐ုံမ်ားသည္ ၂ဝ၁၆ ခုႏွစ္၊ ေအာက္တိုဘာလတြင္ ႐ုရွားပညာရွင္မ်ား ၏ အကူအညီျဖင့္ ကြန္ပ်ဴတာထိန္းခ်ဳပ္စနစ္ မပါဝင္ဘဲ (၇၂)နာရီၾကာေအာင္ စမ္း သပ္လည္ပတ္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ က်န္ရွိသည့္ အလုပ္႐ုံခြဲ(၃)႐ုံအား ႐ုရွားႏိုင္ငံမွပညာရွင္မ်ား အပါအဝင္ ျမန္မာပညာရွင္မ်ားႏွင့္ စက္႐ုံဝန္ထမ္းမ်ားက ပူးေပါင္း၍ စစ္ေဆးျပဳျပင္စမ္းသပ္ လည္ပတ္ျခင္းမ်ားေဆာင္႐ြက္ၿပီး ကုန္ထုတ္လုပ္မႈမ်ားကို တစ္ၿပိဳင္နက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ျပည္ေထာင္စု၀န္ႀကီးမွ အသိေပးေျပာဆိုထားသည္။

အမွတ္(၂) သံမဏိစက္႐ုံ(ပင္းပက္) စီမံကိန္းမွာ ျမန္မာႏိုင္ငံတြင္ ပထမဦးဆုံးစတင္ အေကာင္အထည္ေဖာ္ခဲ့ေသာ သံႏွင့္သံမဏိစီမံကိန္းျဖစ္ၿပီး ႐ုရွားႏိုင္ငံႏွင့္ ျမန္မာစီးပြား‌ေရးေကာ္ပိုေရးရွင္းတို႔မွပူးေပါင္းၿပီး ၂ဝဝ၆ ခုႏွစ္ စက္တင္ဘာလတြင္ စတင္အေကာင္အထည္ေဖာ္ခဲ့ေသာ စီမံကိန္းျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ အဆိုပါစီမံကိန္းမွာ ရာႏႈန္းျပည့္နီးပါးၿပီးစီးေနၿပီျဖစ္ၿပီး စက္႐ုံစတင္လည္ပတ္ႏိုင္ခ်ိန္တြင္ တစ္ႏွစ္လွ်င္သံစိမ္း တန္ခ်ိန္(၂ဝဝဝဝဝ) ထုတ္လုပ္ႏိုင္မည္ ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ သံႏွင့္ သံမဏိစက္႐ုံအား (၂ဝ၂၃-၂ဝ၂၄) ဘ႑ာေရးႏွစ္တြင္ စတင္လည္ ပတ္ထုတ္လုပ္ႏိုင္ရန္ရည္မွန္းထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.