ရှမ်းနီသွေးစည်းညီညွတ်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ခဲ့ဖူးသူတစ်ဦး အနီးကပ် ပစ်ခတ်သတ်ဖြတ်ခံရ

 2773

NP News - ဇန်နဝါရီ ၂၄

ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ(SSP)မှ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ခဲ့ဖူးသူတစ်ဦး အနီးကပ် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ (ဇန်နဝါရီလ ၂၄ ရက်)၊ နံနက် ၈ နာရီအချိန်ခန့်တွင် ကချင် ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နမ္မားမြို့၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အနီးကပ် ပစ်ခတ်သတ်ဖြတ်ခြင်းခံခဲ့ရသူမှာ အသက်(၆၃)နှစ်အရွယ်ရှိ ဦးတင်ညွန့် ဆိုသူဖြစ်ပြီး ပြီးခဲ့သော ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင် SSP ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူတစ်ဦးဖြစ်ကြောင်း သိရသည်။

“သူက နမ္မားမြို့မှာနေတယ်။ ဒီနေ့မနက် ၈ နာရီမှာ သူက လက်ဖက်ရည်ဆိုင်လေးမှာ ဝင်ထိုင်ဖို့ လုပ်နေတုန်း အနောက်ကနေ အသင့်စောင့်နေတဲ့လူက ပစ်သွားတာ။ ခေါင်းကို ပစ်သွားတာ။ အဲဒါနဲ့ပဲ ဆုံးသွားတယ်” ဟု မိုးညှင်းမြို့နယ်၌ နေထိုင်သည့် ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီမှ ဗဟိုကော်မတီဝင်တစ်ဦးက NP News ကိုပြောသည်။

ဦးတင်ညွန့်အား ဆိုင်ကယ်တစ်စီးဖြင့် အမျိုးသားနှစ်ဦးက လာရောက်လုပ်ကြံခဲ့ခြင်းဖြစ်ကြောင်း ပါတီဗဟိုကော်မတီဝင်က ဆက်လက်ပြောသည်။

“လာပြီးတော့ လုပ်သွားတာက နှစ်ယောက်ပေါ့။ တစ်ယောက်က ဆိုင်ကယ်နဲ့ စက်နှိုးထားတယ်။ 125 ဆိုင်ကယ်နဲ့။ နောက်တစ်ယောက်က အရန်အသင့် စောင့်နေတယ်။ အဲဒီလူက တစ်ခါတည်း ပစ်ပြီးတော့ ဆိုင်ကယ်နဲ့ထွက်သွားတာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။

ဦးတင်ညွန့်သည် ပြီးခဲ့သော ၂ဝ၂ဝ ပြည့်နှစ်တွင် ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီ ညွတ်ရေးပါတီသို့ ဝင်ရောက်ခဲ့ကြောင်း သိရပြီး လက်ရှိတွင် မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူမှုလုပ်ငန်းများတွင်လည်း ကူညီဆောင်ရွက်ပေးနေသူတစ်ဦး ကြောင်း အထက်ပါဗဟိုကော်မတီဝင်က ဆိုသည်။

“အခုလို လုပ်ကြံခံရတော့ မိသားစုနဲ့အတူ စိတ်တော့ မကောင်းဘူးပေါ့ဗျာ။ ပါတီအ နေနဲ့လည်း ဝမ်းနည်းတာပေါ့။ လုပ်ဖော်ကိုင်ဖက် ရဲဘော်ရဲဖက်တစ်ယောက် အခုလိုဖြစ်တာ စိတ်မကောင်းဘူး။ အဲဒီလိုပဲ မှတ်ချက်ပေးချင်ပါတယ်” ဟု ၎င်းက ဆို သည်။

zawgyi version
ရွမ္းနီေသြးစည္းညီၫြတ္ေရးပါတီမွ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းအျဖစ္ ဝင္ၿပိဳင္ခဲ့ဖူးသူတစ္ဦး အနီးကပ္ ပစ္ခတ္သတ္ျဖတ္ခံရ
NP News - ဇန္နဝါရီ ၂၄

ရွမ္းနီ(တိုင္းလ်န္)ေသြးစည္းညီၫြတ္ေရးပါတီ(SSP)မွ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းအျဖစ္ ဝင္ၿပိဳင္ခဲ့ဖူးသူတစ္ဦး အနီးကပ္ ပစ္ခတ္သတ္ျဖတ္ခံခဲ့ရေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔ (ဇန္နဝါရီလ ၂၄ ရက္)၊ နံနက္ ၈ နာရီအခ်ိန္ခန႔္တြင္ ကခ်င္ ျပည္နယ္၊ မိုးညႇင္းၿမိဳ႕နယ္၊ နမၼားၿမိဳ႕၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

အနီးကပ္ ပစ္ခတ္သတ္ျဖတ္ျခင္းခံခဲ့ရသူမွာ အသက္(၆၃)ႏွစ္အ႐ြယ္ရွိ ဦးတင္ၫြန႔္ ဆိုသူျဖစ္ၿပီး ၿပီးခဲ့ေသာ ၂ဝ၂ဝ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲတြင္ SSP ပါတီမွ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သူတစ္ဦးျဖစ္ေၾကာင္း သိရသည္။

“သူက နမၼားၿမိဳ႕မွာေနတယ္။ ဒီေန႔မနက္ ၈ နာရီမွာ သူက လက္ဖက္ရည္ဆိုင္ေလးမွာ ဝင္ထိုင္ဖို႔ လုပ္ေနတုန္း အေနာက္ကေန အသင့္ေစာင့္ေနတဲ့လူက ပစ္သြားတာ။ ေခါင္းကို ပစ္သြားတာ။ အဲဒါနဲ႔ပဲ ဆုံးသြားတယ္” ဟု မိုးညႇင္းၿမိဳ႕နယ္၌ ေနထိုင္သည့္ ရွမ္းနီ(တိုင္းလ်န္)ေသြးစည္းညီၫြတ္ေရးပါတီမွ ဗဟိုေကာ္မတီဝင္တစ္ဦးက NP News ကိုေျပာသည္။

ဦးတင္ၫြန႔္အား ဆိုင္ကယ္တစ္စီးျဖင့္ အမ်ိဳးသားႏွစ္ဦးက လာေရာက္လုပ္ႀကံခဲ့ျခင္းျဖစ္ေၾကာင္း ပါတီဗဟိုေကာ္မတီဝင္က ဆက္လက္ေျပာသည္။

“လာၿပီးေတာ့ လုပ္သြားတာက ႏွစ္ေယာက္ေပါ့။ တစ္ေယာက္က ဆိုင္ကယ္နဲ႔ စက္ႏႈိးထားတယ္။ 125 ဆိုင္ကယ္နဲ႔။ ေနာက္တစ္ေယာက္က အရန္အသင့္ ေစာင့္ေနတယ္။ အဲဒီလူက တစ္ခါတည္း ပစ္ၿပီးေတာ့ ဆိုင္ကယ္နဲ႔ထြက္သြားတာေပါ့” ဟု ၎က ဆက္လက္ေျပာသည္။

ဦးတင္ၫြန႔္သည္ ၿပီးခဲ့ေသာ ၂ဝ၂ဝ ျပည့္ႏွစ္တြင္ ရွမ္းနီ(တိုင္းလ်န္)ေသြးစည္းညီ ၫြတ္ေရးပါတီသို႔ ဝင္ေရာက္ခဲ့ေၾကာင္း သိရၿပီး လက္ရွိတြင္ ေျမျပင္လူဦးေရစာရင္း ကြင္းဆင္းေကာက္ယူမႈလုပ္ငန္းမ်ားတြင္လည္း ကူညီေဆာင္႐ြက္ေပးေနသူတစ္ဦး ေၾကာင္း အထက္ပါဗဟိုေကာ္မတီဝင္က ဆိုသည္။

“အခုလို လုပ္ႀကံခံရေတာ့ မိသားစုနဲ႔အတူ စိတ္ေတာ့ မေကာင္းဘူးေပါ့ဗ်ာ။ ပါတီအ ေနနဲ႔လည္း ဝမ္းနည္းတာေပါ့။ လုပ္ေဖာ္ကိုင္ဖက္ ရဲေဘာ္ရဲဖက္တစ္ေယာက္ အခုလိုျဖစ္တာ စိတ္မေကာင္းဘူး။ အဲဒီလိုပဲ မွတ္ခ်က္ေပးခ်င္ပါတယ္” ဟု ၎က ဆို သည္။

Related news

© 2021. All rights reserved.