နိုင်ငံရေးပါတီများ မှတ်ပုံတင်ရာတွင် အခြေခံဥပဒေချိုးဖောက်သည့် ပါတီများ မဖြစ်ရန်လိုအပ်ဟု နစကအကြီးအကဲပြော

 844

မျိုးကြီး (NP News) - ဇန်နဝါရီ ၂၄

နိုင်ငံရေးပါတီများအနေဖြင့် မှတ်ပုံတင်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်သည့် ပါတီများ မဖြစ်ရန်လိုအပ်ကြောင်း နစကအကြီးအကဲဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၎င်းက ဇန်နဝါရီလ ၂၃ ရက်တွင် နေပြည်တော်၌ပြုလုပ်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ပွဲ ပြုလုပ်ရန်အတွက် နိုင်ငံရေးပါတီများ ရှိနေရမည်ဖြစ်ပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပြဋ္ဌာန်းနိုင်ရေးမှာလည်း အရေးကြီးကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။

ယခင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲအတွေ့အကြုံများအရ ပါတီများပြားသော်လည်း လွှတ်တော်၌ ပါဝင်ခွင့်ရသည့်ပါတီမှာ နည်းပါးသည်ကို တွေ့ရကြောင်းနှင့် နိုင်ငံရေးပါတီများပြားပြီး ပါတီဝင်များအစုအဖွဲ့တစ်ခုအနေဖြင့်သာ လုပ်ဆောင်နိုင်သည်ကို တွေ့ရှိရကြောင်း နစကအကြီးအကဲက မှတ်ချက်ပြုထားသည်။

ထို့ကြောင့် ပါတီများအားလုံးအနေဖြင့် ယခုထက် ပိုမိုကျစ်လစ်ခိုင်မာစွာနှင့် စည်းစနစ်ကျစွာဖွဲ့စည်းနိုင်ရန်လိုအပ်ပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြန်လည်သုံးသပ်ဆောင်ရွက်ခဲ့ရာ ပြင်ဆင်သင့်သည့်အချက်များကို ပြင်ဆင်ပြဋ္ဌာန်း နိုင်ရေးဆောင်ရွက်နေကြောင်း ၎င်းက ဖွင့်ဟပြောဆိုထားသည်။

အဆိုပါဥပဒေအား ထပ်မံသုံးသပ်ပြင်ဆင်ပြီးပါက အတည်ပြုထုတ်ပြန်သွားမည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုထားသည်။

ထို့ပြင် ရွေးကောက်ပွဲကော်မရှင်အနေဖြင့်လည်း ပါတီများကို မှတ်ပုံတင်ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်သည့် နိုင်ငံရေးပါတီများ မဖြစ်ရန်လည်း လိုအပ်ကြောင်း နစကအကြီးအကဲက ထည့်သွင်းပြောဆိုထားသည်။

ပြီးခဲ့သော ၂ဝ၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပါတီပေါင်း (၉ဝ)ကျော်ရှိသော်လည်း (၈၈)ပါတီသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၎င်းတို့အထဲမှ (၁၉)ပါတီသာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရကြောင်း သိရ သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးပါတီများပြားနေပြီး ပါတီအလိုက် ပြည်သူကို ကိုယ်စားပြုနိုင်မှုသည် အားနည်းနေသည်ကို တွေ့ရှိရပြီး နိုင်ငံရေးပါတီများအနေဖြင့် မိမိအပေါ်ထောက်ခံသည့် ပြည်သူများကို စုစုစည်းစည်းအင်အားရှိစွာဖြင့် ကိုယ်စားပြုနိုင်ရန် လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အကြံပြုထားသည်။

zawgyi version
ႏိုင္ငံေရးပါတီမ်ား မွတ္ပုံတင္ရာတြင္ အေျခခံဥပေဒခ်ိဳးေဖာက္သည့္ ပါတီမ်ား မျဖစ္ရန္လိုအပ္ဟု နစကအႀကီးအကဲေျပာ
မ်ိဳးႀကီး (NP News) - ဇန္နဝါရီ ၂၄

ႏိုင္ငံေရးပါတီမ်ားအေနျဖင့္ မွတ္ပုံတင္ရာတြင္ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ခ်ိဳးေဖာက္သည့္ ပါတီမ်ား မျဖစ္ရန္လိုအပ္ေၾကာင္း နစကအႀကီးအကဲဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာသည္။

၎က ဇန္နဝါရီလ ၂၃ ရက္တြင္ ေနျပည္ေတာ္၌ျပဳလုပ္ေသာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

ေ႐ြးေကာက္ပြဲ ျပဳလုပ္ရန္အတြက္ ႏိုင္ငံေရးပါတီမ်ား ရွိေနရမည္ျဖစ္ၿပီး ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒျပ႒ာန္းႏိုင္ေရးမွာလည္း အေရးႀကီးေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။

ယခင္က်င္းပခဲ့သည့္ ေ႐ြးေကာက္ပြဲအေတြ႕အႀကဳံမ်ားအရ ပါတီမ်ားျပားေသာ္လည္း လႊတ္ေတာ္၌ ပါဝင္ခြင့္ရသည့္ပါတီမွာ နည္းပါးသည္ကို ေတြ႕ရေၾကာင္းႏွင့္ ႏိုင္ငံေရးပါတီမ်ားျပားၿပီး ပါတီဝင္မ်ားအစုအဖြဲ႕တစ္ခုအေနျဖင့္သာ လုပ္ေဆာင္ႏိုင္သည္ကို ေတြ႕ရွိရေၾကာင္း နစကအႀကီးအကဲက မွတ္ခ်က္ျပဳထားသည္။

ထို႔ေၾကာင့္ ပါတီမ်ားအားလုံးအေနျဖင့္ ယခုထက္ ပိုမိုက်စ္လစ္ခိုင္မာစြာႏွင့္ စည္းစနစ္က်စြာဖြဲ႕စည္းႏိုင္ရန္လိုအပ္ၿပီး ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒကို ျပန္လည္သုံးသပ္ေဆာင္႐ြက္ခဲ့ရာ ျပင္ဆင္သင့္သည့္အခ်က္မ်ားကို ျပင္ဆင္ျပ႒ာန္း ႏိုင္ေရးေဆာင္႐ြက္ေနေၾကာင္း ၎က ဖြင့္ဟေျပာဆိုထားသည္။

အဆိုပါဥပေဒအား ထပ္မံသုံးသပ္ျပင္ဆင္ၿပီးပါက အတည္ျပဳထုတ္ျပန္သြားမည္ဟုလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာဆိုထားသည္။

ထို႔ျပင္ ေ႐ြးေကာက္ပြဲေကာ္မရွင္အေနျဖင့္လည္း ပါတီမ်ားကို မွတ္ပုံတင္ေဆာင္႐ြက္ရာတြင္ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ခ်ိဳးေဖာက္သည့္ ႏိုင္ငံေရးပါတီမ်ား မျဖစ္ရန္လည္း လိုအပ္ေၾကာင္း နစကအႀကီးအကဲက ထည့္သြင္းေျပာဆိုထားသည္။

ၿပီးခဲ့ေသာ ၂ဝ၂ဝ ျပည့္ႏွစ္ အေထြေထြေ႐ြးေကာက္ပြဲတြင္ ပါတီေပါင္း (၉ဝ)ေက်ာ္ရွိေသာ္လည္း (၈၈)ပါတီသာ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး ၎တို႔အထဲမွ (၁၉)ပါတီသာ လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ေ႐ြးေကာက္တင္ေျမႇာက္ျခင္းခံခဲ့ရေၾကာင္း သိရ သည္။

ျမန္မာႏိုင္ငံတြင္ ႏိုင္ငံေရးပါတီမ်ားျပားေနၿပီး ပါတီအလိုက္ ျပည္သူကို ကိုယ္စားျပဳႏိုင္မႈသည္ အားနည္းေနသည္ကို ေတြ႕ရွိရၿပီး ႏိုင္ငံေရးပါတီမ်ားအေနျဖင့္ မိမိအေပၚေထာက္ခံသည့္ ျပည္သူမ်ားကို စုစုစည္းစည္းအင္အားရွိစြာျဖင့္ ကိုယ္စားျပဳႏိုင္ရန္ လိုအပ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က အႀကံျပဳထားသည္။

Picture

san yuko

25/01/2023 08:50

Right

Related news

© 2021. All rights reserved.