အစ္စရေးက ဂျေရုစလင်မြို့ အရှေ့ဘက်ခြမ်းမှာ တည်ရှိတဲ့ ပါလက်စတိုင်းရွာကို ဖယ်ရှားဖို့အတွက် ခြိမ်းခြောက်မှုများ ပြုလုပ်နေ

777

ရောင်နီ (NP News) - ဇန်နဝါရီ ၂၄
အစ္စရေးနိုင်ငံ၊ ဂျေရုဆလင်မြို့ အရှေ့ဘက်ခြမ်းမှာတည်ရှိတဲ့ အနည်းဆုံး လူဦးရေ ၁၈ဝ ကျော်နေထိုင်တဲ့ ခမ်းအယ်လ်အက်မာ ပါလက်စတိုင်းကျေးရွာကို အတင်းအကျပ် ရွှေ့ပြောင်းခိုင်းစေဖို့ အစ္စရေးထိပ်တန်း နိုင်ငံရေး သမားများက ခြိမ်းခြောက်မှုများပြုလုပ်ခဲ့ရာ ပါလက်စတိုင်း ဒါဇင်ပေါင်းများစွာက ကန့်ကွက်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၂၃ ရက်၊ တနင်္လာနေ့က လက်ယာစွန်းနိုင်ငံရေးသမားနဲ့ အမျိုးသားလုံခြုံရေးဝန်ကြီး အိုင်တာမာဘန်ဂါ က ၎င်းဟာ ရွာကို အတင်းအကျပ်ဖယ်ရှားဖို့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ ၄င်းအပါအဝင် လက်ယာစွန်းဝန်ကြီးများ ကျေးရွာသို့ လာရောက်လည်ပတ်မယ့်အစီအစဉ်များ ထွက်ပေါ်လာခဲ့ရာ ဇန်နဝါရီ ၂၃ ရက်၊ တနင်္လာနေ့မှာ ဆန္ဒပြမှုဖြစ်ပွားခဲ့ပါတယ်။
အစ္စရေးပါလီမန်ရဲ့အကြီးဆုံးပါတီဖြစ်တဲ့ Likud မှ နိုင်ငံရေးသမားအများအပြားဟာ ရွာအနီးမှာ စုဝေးခဲ့ကြပြီး နောက်ပိုင်း ထွက်ခွာသွားခဲ့ကြတယ်လို့ သိရပါတယ်။ ခမ်းအယ်လ်အက်မာရဲ့ကံကြမ္မာဟာ ၎င်းရဲ့ အသက်ရှင်သန်မှု အတွက် အစ္စရေးအာဏာပိုင်များနဲ့ နှစ်ရှည်လများ တရားရေးတိုက်ပွဲအတွက် နိုင်ငံတကာရဲ့အာရုံစိုက်မှုကို ဖမ်းစားခဲ့ပါတယ်။
၂ဝ၁၈ ခုနှစ် စက်တင်ဘာလက အစ္စရေးတရားရုံးချုပ်ဟာ ရွာကိုဖယ်ရှားဖို့ မီးစိမ်းပြခဲ့ပြီး မည်သည့်အချိန်မှာမဆို ဖြိုဖျက်ဖို့ လမ်းဖွင့်ထားခဲ့ပေမယ့် ဖြိုဖျက်ခြင်း အစီအစဉ်များကို ယင်းအချိန်မှစ အကြိမ်ပေါင်းများစွာ ဆိုင်းငံ့ထားခဲ့ ပါတယ်။ ခမ်းအယ်လ်အက်မာ ကျေးရွာဟာ ဂျေရုဆလင်မှ ကီလိုမီတာအနည်းငယ်အကွာ အနောက်ဘက်ကမ်းမှာ တည်ရှိပြီး အဓိကတရားမဝင် အစ္စရေး အခြေချနေထိုင်မှုများဖြစ်တဲ့ မာလီအက်ဒူမင် နဲ့ ကတ်ဖ်အဒူမင်တို့ကြားမှာ တည်ရှိပါတယ်။
အစ္စရေးဟာ ၁၉၆၇ ခုနှစ်၊ အနောက်ဘက်ကမ်းကို သိမ်းပိုက်ပြီးကတည်းက ရပ်ရွာတစ်ခုလုံးကို အတင်းအကျပ် နှင်ထုတ်ကာ ပါလက်စတိုင်းအိမ်များနဲ့ အဆောက်အဦပေါင်း ၅ဝဝဝဝ ကျော်ကို ဖြိုချခဲ့ကြောင်း Amnesty International ရဲ့အဆိုအရ သိရပါတယ်။ အနောက်ဘက်ကမ်း ဟဲဘုန်း အနီးရှိ ပါလက်စတိုင်းလူမျိုး ၁ဝဝဝ ကျော် နေထိုင်တဲ့ မက်ဆာဖာရက်တာလို့ လူသိများတဲ့ အခြားပါလက်စတိုင်း အသိုက်အဝန်းဟာလည်း အစ္စရေးအစိုးရရဲ့ အတင်းအကျပ်ရွှေ့ပြောင်းဖို့ ခိုင်းစေခြင်းများနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

Zawgyi Version;
အစၥေရးက ေဂ်႐ုစလင္ၿမိဳ႕ အေရွ႕ဘက္ျခမ္းမွာ တည္ရွိတဲ့ ပါလက္စတိုင္း႐ြာကို ဖယ္ရွားဖို႔အတြက္ ၿခိမ္းေျခာက္မႈမ်ား ျပဳလုပ္ေန
ေရာင္နီ (NP News) - ဇန္နဝါရီ ၂၄
အစၥေရးႏိုင္ငံ၊ ေဂ်႐ုဆလင္ၿမိဳ႕ အေရွ႕ဘက္ျခမ္းမွာတည္ရွိတဲ့ အနည္းဆုံး လူဦးေရ ၁၈ဝ ေက်ာ္ေနထိုင္တဲ့ ခမ္းအယ္လ္အက္မာ ပါလက္စတိုင္းေက်း႐ြာကို အတင္းအက်ပ္ ေ႐ႊ႕ေျပာင္းခိုင္းေစဖို႔ အစၥေရးထိပ္တန္း ႏိုင္ငံေရး သမားမ်ားက ၿခိမ္းေျခာက္မႈမ်ားျပဳလုပ္ခဲ့ရာ ပါလက္စတိုင္း ဒါဇင္ေပါင္းမ်ားစြာက ကန႔္ကြက္ဆႏၵျပခဲ့ၾကတယ္လို႔ သိရပါတယ္။
ဇန္နဝါရီ ၂၃ ရက္၊ တနလၤာေန႔က လက္ယာစြန္းႏိုင္ငံေရးသမားနဲ႔ အမ်ိဳးသားလုံၿခဳံေရးဝန္ႀကီး အိုင္တာမာဘန္ဂါ က ၎ဟာ ႐ြာကို အတင္းအက်ပ္ဖယ္ရွားဖို႔ ဆက္လက္လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း ေျပာၾကားခဲ့ၿပီး၊ ၄င္းအပါအဝင္ လက္ယာစြန္းဝန္ႀကီးမ်ား ေက်း႐ြာသို႔ လာေရာက္လည္ပတ္မယ့္အစီအစဥ္မ်ား ထြက္ေပၚလာခဲ့ရာ ဇန္နဝါရီ ၂၃ ရက္၊ တနလၤာေန႔မွာ ဆႏၵျပမႈျဖစ္ပြားခဲ့ပါတယ္။
အစၥေရးပါလီမန္ရဲ႕အႀကီးဆုံးပါတီျဖစ္တဲ့ Likud မွ ႏိုင္ငံေရးသမားအမ်ားအျပားဟာ ႐ြာအနီးမွာ စုေဝးခဲ့ၾကၿပီး ေနာက္ပိုင္း ထြက္ခြာသြားခဲ့ၾကတယ္လို႔ သိရပါတယ္။ ခမ္းအယ္လ္အက္မာရဲ႕ကံၾကမၼာဟာ ၎ရဲ႕ အသက္ရွင္သန္မႈ အတြက္ အစၥေရးအာဏာပိုင္မ်ားနဲ႔ ႏွစ္ရွည္လမ်ား တရားေရးတိုက္ပြဲအတြက္ ႏိုင္ငံတကာရဲ႕အာ႐ုံစိုက္မႈကို ဖမ္းစားခဲ့ပါတယ္။
၂ဝ၁၈ ခုႏွစ္ စက္တင္ဘာလက အစၥေရးတရား႐ုံးခ်ဳပ္ဟာ ႐ြာကိုဖယ္ရွားဖို႔ မီးစိမ္းျပခဲ့ၿပီး မည္သည့္အခ်ိန္မွာမဆို ၿဖိဳဖ်က္ဖို႔ လမ္းဖြင့္ထားခဲ့ေပမယ့္ ၿဖိဳဖ်က္ျခင္း အစီအစဥ္မ်ားကို ယင္းအခ်ိန္မွစ အႀကိမ္ေပါင္းမ်ားစြာ ဆိုင္းငံ့ထားခဲ့ ပါတယ္။ ခမ္းအယ္လ္အက္မာ ေက်း႐ြာဟာ ေဂ်႐ုဆလင္မွ ကီလိုမီတာအနည္းငယ္အကြာ အေနာက္ဘက္ကမ္းမွာ တည္ရွိၿပီး အဓိကတရားမဝင္ အစၥေရး အေျခခ်ေနထိုင္မႈမ်ားျဖစ္တဲ့ မာလီအက္ဒူမင္ နဲ႔ ကတ္ဖ္အဒူမင္တို႔ၾကားမွာ တည္ရွိပါတယ္။
အစၥေရးဟာ ၁၉၆၇ ခုႏွစ္၊ အေနာက္ဘက္ကမ္းကို သိမ္းပိုက္ၿပီးကတည္းက ရပ္႐ြာတစ္ခုလုံးကို အတင္းအက်ပ္ ႏွင္ထုတ္ကာ ပါလက္စတိုင္းအိမ္မ်ားနဲ႔ အေဆာက္အဦေပါင္း ၅ဝဝဝဝ ေက်ာ္ကို ၿဖိဳခ်ခဲ့ေၾကာင္း Amnesty International ရဲ႕အဆိုအရ သိရပါတယ္။ အေနာက္ဘက္ကမ္း ဟဲဘုန္း အနီးရွိ ပါလက္စတိုင္းလူမ်ိဳး ၁ဝဝဝ ေက်ာ္ ေနထိုင္တဲ့ မက္ဆာဖာရက္တာလို႔ လူသိမ်ားတဲ့ အျခားပါလက္စတိုင္း အသိုက္အဝန္းဟာလည္း အစၥေရးအစိုးရရဲ႕ အတင္းအက်ပ္ေ႐ႊ႕ေျပာင္းဖို႔ ခိုင္းေစျခင္းမ်ားနဲ႔ ရင္ဆိုင္ေနရတယ္လို႔ သိရပါတယ္။