NCA စာချုပ် လက်မှတ်ရေးထိုးခဲ့သည်မှာ(၇)နှစ်ကျော်ကြာခဲ့သော်လည်း နိုင်ငံရေးအရ တိုးတက်ဖြစ်ထွန်းမှုမရှိဟု ဗိုလ်ချုပ် ကြီးယွက်စစ် ဝေဖန်

 1274

မျိုးကြီး (NP News) - ဇန်နဝါရီ ၂၄

NCA စာချုပ်လက်မှတ်ရေးထိုးခဲ့သည်မှာ (၇)နှစ်ကျော်ကြာခဲ့ပြီဖြစ်သော်လည်း နိုင်ငံရေးအရ တိုးတက်ဖြစ်ထွန်းမှုမရှိကြောင်း RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ဝေဖန်ပြောဆိုထားသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ဥက္ကဋ္ဌက ယနေ့ (ဇန်နဝါရီလ ၂၄ ရက်)တွင် နေပြည်တော်၌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော နိုင်ငံတော် ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့်တွေ့ဆုံရာတွင် အထက်ပါကဲ့သို့ ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတွေ့ဆုံပွဲအတွင်း ဗိုလ်ချုပ်ကြီးယွက်စစ် ပြောဆိုခဲ့သော အဖွင့်မိန့်ခွန်းကို RCSS ဘက်က အသိပေးထုတ်ပြန်ထားသည်။

အနာဂတ်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်မည်ဆိုပါက အတိတ်ကာလက အမှားများကို သင်ခန်းစာယူကာ ပြင်ဆင်သင့်သည်များကို ပြင်ဆင်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“မိမိတို့ဟာ NCA စာချုပ်ကို လက်မှတ်ရေးထိုးခဲ့တာ (၇)နှစ်ကျော်ကြာခဲ့ပေမယ့် နိုင်ငံရေးအရ တိုးတက် ဖြစ်ထွန်းမှုမရှိရုံသာမက NCA စာချုပ်မှာပါတဲ့အတိုင်း လက် တွေ့အကောင်အထည်မဖော်နိုင်ခဲ့ခြင်းက ပြီးခဲ့တဲ့(၇)နှစ်ကျော် အချိန်ကာလကို နှမြောခြင်းများစွာ ဖြစ်မိပါတယ်” ဟု ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောသည်။

ထို့ပြင် အစိုးရအဆက်ဆက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့သော်လည်း မခိုင်မြဲ၊ မအောင်မြင်ခြင်းဖြစ်နေသည်မှာ ဘာကြောင့်လဲဆိုကာ RCSS ဥက္ကဋ္ဌက မေးခွန်းထုတ်ခဲ့ကြောင်း သိရသည်။

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်ရာမှာ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် လေးစားမှုရှိရေး၊ တစ်ဖက်နဲ့တစ်ဖက် အသာစီး၊ အပေါ်စီး ရယူမှုမရှိရေး၊ အားလုံးအတွက် Win Win Solution ဖြစ်ရေး၊ အားလုံးနဲ့ တွေ့ဆုံဆွေးနွေးညှိနှိုင်းရေး လို အပ်သလို တစ်ဖက်နဲ့တစ်ဖက် အလျှော့အတင်း ပြုလုပ်ဆောင်ရွက်ပေးနိုင်ရေးတို့ကို ပြုလုပ်နိုင်မှသာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိပြီး အားလုံးလိုလားတောင့်တတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီးယွက်စစ်က ဆိုသည်။

တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်ဟုလည်း နစကအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုထားဖူးသည်။

နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် RCSS အဖွဲ့တို့သည် နေပြည် တော်၌ ယနေ့မှစ၍ (၃)ရက်ကြာ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
NCA စာခ်ဳပ္ လက္မွတ္ေရးထိုးခဲ့သည္မွာ(၇)ႏွစ္ေက်ာ္ၾကာခဲ့ေသာ္လည္း ႏိုင္ငံေရးအရ တိုးတက္ျဖစ္ထြန္းမႈမရွိဟု ဗိုလ္ခ်ဳပ္ ႀကီးယြက္စစ္ ေဝဖန္
မ်ိဳးႀကီး (NP News) - ဇန္နဝါရီ ၂၄

NCA စာခ်ဳပ္လက္မွတ္ေရးထိုးခဲ့သည္မွာ (၇)ႏွစ္ေက်ာ္ၾကာခဲ့ၿပီျဖစ္ေသာ္လည္း ႏိုင္ငံေရးအရ တိုးတက္ျဖစ္ထြန္းမႈမရွိေၾကာင္း RCSS ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္က ေဝဖန္ေျပာဆိုထားသည္။

သွ်မ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ(RCSS)ဥကၠ႒က ယေန႔ (ဇန္နဝါရီလ ၂၄ ရက္)တြင္ ေနျပည္ေတာ္၌ ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာျပည့္ ဦးေဆာင္ေသာ ႏိုင္ငံေတာ္ ၏ၿငိမ္းခ်မ္းေရးေဆြးေႏြးေရးအဖြဲ႕ႏွင့္ေတြ႕ဆုံရာတြင္ အထက္ပါကဲ့သို႔ ထည့္သြင္း ေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

၎ေတြ႕ဆုံပြဲအတြင္း ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္ ေျပာဆိုခဲ့ေသာ အဖြင့္မိန႔္ခြန္းကို RCSS ဘက္က အသိေပးထုတ္ျပန္ထားသည္။

အနာဂတ္တြင္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို ဆက္လက္ေဆာင္႐ြက္မည္ဆိုပါက အတိတ္ကာလက အမွားမ်ားကို သင္ခန္းစာယူကာ ျပင္ဆင္သင့္သည္မ်ားကို ျပင္ဆင္ရမည္ျဖစ္ေၾကာင္း ၎က ဆိုသည္။

“မိမိတို႔ဟာ NCA စာခ်ဳပ္ကို လက္မွတ္ေရးထိုးခဲ့တာ (၇)ႏွစ္ေက်ာ္ၾကာခဲ့ေပမယ့္ ႏိုင္ငံေရးအရ တိုးတက္ ျဖစ္ထြန္းမႈမရွိ႐ုံသာမက NCA စာခ်ဳပ္မွာပါတဲ့အတိုင္း လက္ ေတြ႕အေကာင္အထည္မေဖာ္ႏိုင္ခဲ့ျခင္းက ၿပီးခဲ့တဲ့(၇)ႏွစ္ေက်ာ္ အခ်ိန္ကာလကို ႏွေျမာျခင္းမ်ားစြာ ျဖစ္မိပါတယ္” ဟု ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္က ေျပာသည္။

ထို႔ျပင္ အစိုးရအဆက္ဆက္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား ေဆာင္႐ြက္ခဲ့ေသာ္လည္း မခိုင္ၿမဲ၊ မေအာင္ျမင္ျခင္းျဖစ္ေနသည္မွာ ဘာေၾကာင့္လဲဆိုကာ RCSS ဥကၠ႒က ေမးခြန္းထုတ္ခဲ့ေၾကာင္း သိရသည္။

“ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ေဆာင္႐ြက္ရာမွာ တစ္ဖက္နဲ႔တစ္ဖက္ အျပန္အလွန္ ေလးစားမႈရွိေရး၊ တစ္ဖက္နဲ႔တစ္ဖက္ အသာစီး၊ အေပၚစီး ရယူမႈမရွိေရး၊ အားလုံးအတြက္ Win Win Solution ျဖစ္ေရး၊ အားလုံးနဲ႔ ေတြ႕ဆုံေဆြးေႏြးညႇိႏႈိင္းေရး လို အပ္သလို တစ္ဖက္နဲ႔တစ္ဖက္ အေလွ်ာ့အတင္း ျပဳလုပ္ေဆာင္႐ြက္ေပးႏိုင္ေရးတို႔ကို ျပဳလုပ္ႏိုင္မွသာ ေရရွည္တည္တံ့ခိုင္ၿမဲတဲ့ ၿငိမ္းခ်မ္းေရးရရွိၿပီး အားလုံးလိုလားေတာင့္တတဲ့ ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စုကို တည္ေဆာက္ႏိုင္မွာ ျဖစ္ပါတယ္” ဟု ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္က ဆိုသည္။

တစ္ႏိုင္ငံလုံး ထာဝရၿငိမ္းခ်မ္းေရးရရွိေရးအတြက္ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္(NCA)ပါ သေဘာတူညီခ်က္မ်ားအတိုင္း ျဖစ္ႏိုင္သမွ် အေလးထားလုပ္ေဆာင္သြားမည္ဟုလည္း နစကအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာဆိုထားဖူးသည္။

ႏိုင္ငံေတာ္၏ ၿငိမ္းခ်မ္းေရးေဆြးေႏြးေရးအဖြဲ႕ႏွင့္ RCSS အဖြဲ႕တို႔သည္ ေနျပည္ ေတာ္၌ ယေန႔မွစ၍ (၃)ရက္ၾကာ ေတြ႕ဆုံေဆြးေႏြးသြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.