ထိုင်းနိုင်ငံတွင် ပိတ်မိနေသော မြန်မာဒုက္ခသည်၏ အနာဂတ် မရေမရာဖြစ်လျက်ရှိနေ

 484

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၅

ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည်များ၏ အနာဂတ် မရေမရာဖြစ်လျက်ရှိနေကြောင်း အမေရိကန်အစိုးရသည် ထိုင်းနိုင်ငံ တွင် ပိတ်မိနေသည့် မြန်မာဒုက္ခသည်များကို အမေရိကန်နိုင်ငံထံ သွားရောက်ခွင့်ပေးရေးအတွက် ထိုင်းအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးနေကြောင်းသိရသည်။

မြန်မာဒုက္ခသည်များအနေဖြင့် ထိုင်းအစိုးရက ၎င်းတို့ကို မိခင်နိုင်ငံထံ ပြန်ပို့မည်ဆိုသည့်အချက် (သို့မဟုတ်) အခြားတစ်နိုင်ငံသို့ သွားရောက်ခွင့်ပေးမည်ဆိုသောအချက်နှင့်ပတ်သက်ပြီး ထိုင်းအစိုးရ၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေရကြောင်း သိရသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ အထူးအကြံပေးဖြစ်သူ ဒဲရက်ချိုလက် က "ထိုင်းနိုင်ငံဟာ ကျွန်တော်တို့ရဲ့ မဟာမိတ်နိုင်ငံအဖြစ် နှစ်ပေါင်းများစွာ ရှိနေခဲ့တာပါ။ ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့နှစ်က ထိုင်းနိုင်ငံကို သွားရောက် ချိန်အတွင်း မြန်မာဒုက္ခသည်အရေးနဲ့ပတ်သက်ပြီး အဓိကထား ဆွေးနွေးခဲ့တယ်။ ထိုင်းနဲ့ မြန်မာနိုင်ငံတို့ဟာ မြန်မာဒုက္ခသည်အရေးနဲ့ပတ်သက်ပြီး အနီးကပ်ပူးပေါင်းဆောင်ရွက်နေတယ်။ ဒုက္ခသည်အရေးအတွက် အဓိက မိတ်ဖက်အဖြစ် ဆောင်ရွက်နေတယ်" ဟု ဆိုသည်။

၎င်းသည် ပြီးခဲ့သောနှစ်က ထိုင်းနှင့် မြန်မာနိုင်ငံနယ်စပ်ဒေသကို လာရောက်ခဲ့ပြီး မြန်မာဒုက္ခသည်များကို လေ့လာခဲ့ကြောင်းသိရသည်။

ထိုင်းနိုင်ငံရောက် မြန်မာဒုက္ခသည်များနှင့်ပတ်သက်ပြီး အလုပ်လုပ်နေသော NGOs များ၏အဆိုအရ မြန်မာ ဒုက္ခသည် ၅ဝဝ ခန့်သည် အမေရိကန်အစိုးရ၏ခွင့်ပြုချက်ကို ရရှိထားပြီး၊ အမေရိကန်နိုင်ငံတွင် ပြန်လည်အခြေချ နေထိုင်ရေးအတွက် စောင့်ဆိုင်းနေကြောင်း၊ သို့သော်လည်း ထိုင်းအစိုရသည် အဆိုပါမြန်မာဒုက္ခသည်များကို ထိုင်းနိုင်ငံ ပြင်ပခရီးသွားရောက်ရန် ခွင့်ပြုချက်ပေးသည့်အတွက် တက်ခရိုင် မဲဆောက်တွင် မြန်မာဒုက္ခသည်များ ပိတ်မိနေဆဲဖြစ်ကြောင်း ပြောဆိုထားသည်။

မြန်မာဒုက္ခသည်များသည် တစ်နှစ်ကျော်ကြာ စောင့်ဆိုင်းခဲ့ပြီးနောက် တတိယနိုင်ငံသို့ သွားရောက်ရန် ခွင့်ပြုချက်ရရှိထားပြီး ဒုက္ခသည်စခန်းများတွင် ပိတ်မိနေသော မြန်မာဒုက္ခသည် ၆ဝဝ ခန့် ရှိနေဆဲဖြစ်ပြီး ထိုင်းအစိုးရက ခွင့်ပြုချက်ပေးခြင်း မရှိသေးကြောင်းသိရသည်။

လူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့၏ အာရှရေးရာဒါရိုက်တာဖြစ်သူ ဖီးလ်ရောဘတ်ဆန် က "ထိုင်းအစိုးရဟာ မြန်မာဒုက္ခသည်များ ထိုင်းနိုင်ငံ ပြင်ပထွက်ခွာခြင်းကိုတားဆီးဖို့ လိုအပ်တဲ့အဆင့်တွေ ရေးဆွဲခဲ့တယ်" ဟု ဆိုသည်။
အမေရိကန်အစိုးရအနေဖြင့် ထိုင်းနိုင်ငံတွင် ပိတ်မိနေသည့် မြန်မာဒုက္ခသည်များ ထိုင်းနိုင်ငံ ပြင်ပထွက်ခွာခွင့် အတွက် ခွင့်ပြုချက်ထုတ်ပေးရန် ထိုင်းအစိုးရကို ဖိအားပေးရမည်ဖြစ်ကြောင်း လူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ ၏ အာရှရေးရာဒါရိုက်တာဖြစ်သူ ဖီးလ်ရောဘတ်ဆန် က ဆိုသည်။

Zawgyi Version;
ထိုင္းႏိုင္ငံတြင္ ပိတ္မိေနေသာ ျမန္မာဒုကၡသည္၏ အနာဂတ္ မေရမရာျဖစ္လ်က္ရွိေန
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂၅

ထိုင္းႏိုင္ငံရွိ ျမန္မာဒုကၡသည္မ်ား၏ အနာဂတ္ မေရမရာျဖစ္လ်က္ရွိေနေၾကာင္း အေမရိကန္အစိုးရသည္ ထိုင္းႏိုင္ငံ တြင္ ပိတ္မိေနသည့္ ျမန္မာဒုကၡသည္မ်ားကို အေမရိကန္ႏိုင္ငံထံ သြားေရာက္ခြင့္ေပးေရးအတြက္ ထိုင္းအစိုးရ တာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးေနေၾကာင္းသိရသည္။

ျမန္မာဒုကၡသည္မ်ားအေနျဖင့္ ထိုင္းအစိုးရက ၎တို႔ကို မိခင္ႏိုင္ငံထံ ျပန္ပို႔မည္ဆိုသည့္အခ်က္ (သို႔မဟုတ္) အျခားတစ္ႏိုင္ငံသို႔ သြားေရာက္ခြင့္ေပးမည္ဆိုေသာအခ်က္ႏွင့္ပတ္သက္ၿပီး ထိုင္းအစိုးရ၏ ခြင့္ျပဳခ်က္ကို ေစာင့္ဆိုင္းေနရေၾကာင္း သိရသည္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး၏ အထူးအႀကံေပးျဖစ္သူ ဒဲရက္ခ်ိဳလက္ က "ထိုင္းႏိုင္ငံဟာ ကြၽန္ေတာ္တို႔ရဲ႕ မဟာမိတ္ႏိုင္ငံအျဖစ္ ႏွစ္ေပါင္းမ်ားစြာ ရွိေနခဲ့တာပါ။ ကြၽန္ေတာ္တို႔ဟာ ၿပီးခဲ့တဲ့ႏွစ္က ထိုင္းႏိုင္ငံကို သြားေရာက္ ခ်ိန္အတြင္း ျမန္မာဒုကၡသည္အေရးနဲ႔ပတ္သက္ၿပီး အဓိကထား ေဆြးေႏြးခဲ့တယ္။ ထိုင္းနဲ႔ ျမန္မာႏိုင္ငံတို႔ဟာ ျမန္မာဒုကၡသည္အေရးနဲ႔ပတ္သက္ၿပီး အနီးကပ္ပူးေပါင္းေဆာင္႐ြက္ေနတယ္။ ဒုကၡသည္အေရးအတြက္ အဓိက မိတ္ဖက္အျဖစ္ ေဆာင္႐ြက္ေနတယ္" ဟု ဆိုသည္။

၎သည္ ၿပီးခဲ့ေသာႏွစ္က ထိုင္းႏွင့္ ျမန္မာႏိုင္ငံနယ္စပ္ေဒသကို လာေရာက္ခဲ့ၿပီး ျမန္မာဒုကၡသည္မ်ားကို ေလ့လာခဲ့ေၾကာင္းသိရသည္။

ထိုင္းႏိုင္ငံေရာက္ ျမန္မာဒုကၡသည္မ်ားႏွင့္ပတ္သက္ၿပီး အလုပ္လုပ္ေနေသာ NGOs မ်ား၏အဆိုအရ ျမန္မာ ဒုကၡသည္ ၅ဝဝ ခန႔္သည္ အေမရိကန္အစိုးရ၏ခြင့္ျပဳခ်က္ကို ရရွိထားၿပီး၊ အေမရိကန္ႏိုင္ငံတြင္ ျပန္လည္အေျခခ် ေနထိုင္ေရးအတြက္ ေစာင့္ဆိုင္းေနေၾကာင္း၊ သို႔ေသာ္လည္း ထိုင္းအစိုရသည္ အဆိုပါျမန္မာဒုကၡသည္မ်ားကို ထိုင္းႏိုင္ငံ ျပင္ပခရီးသြားေရာက္ရန္ ခြင့္ျပဳခ်က္ေပးသည့္အတြက္ တက္ခ႐ိုင္ မဲေဆာက္တြင္ ျမန္မာဒုကၡသည္မ်ား ပိတ္မိေနဆဲျဖစ္ေၾကာင္း ေျပာဆိုထားသည္။

ျမန္မာဒုကၡသည္မ်ားသည္ တစ္ႏွစ္ေက်ာ္ၾကာ ေစာင့္ဆိုင္းခဲ့ၿပီးေနာက္ တတိယႏိုင္ငံသို႔ သြားေရာက္ရန္ ခြင့္ျပဳခ်က္ရရွိထားၿပီး ဒုကၡသည္စခန္းမ်ားတြင္ ပိတ္မိေနေသာ ျမန္မာဒုကၡသည္ ၆ဝဝ ခန႔္ ရွိေနဆဲျဖစ္ၿပီး ထိုင္းအစိုးရက ခြင့္ျပဳခ်က္ေပးျခင္း မရွိေသးေၾကာင္းသိရသည္။

လူအခြင့္အေရးေစာင့္ၾကည့္ေရးအဖြဲ႕၏ အာရွေရးရာဒါ႐ိုက္တာျဖစ္သူ ဖီးလ္ေရာဘတ္ဆန္ က "ထိုင္းအစိုးရဟာ ျမန္မာဒုကၡသည္မ်ား ထိုင္းႏိုင္ငံ ျပင္ပထြက္ခြာျခင္းကိုတားဆီးဖို႔ လိုအပ္တဲ့အဆင့္ေတြ ေရးဆြဲခဲ့တယ္" ဟု ဆိုသည္။
အေမရိကန္အစိုးရအေနျဖင့္ ထိုင္းႏိုင္ငံတြင္ ပိတ္မိေနသည့္ ျမန္မာဒုကၡသည္မ်ား ထိုင္းႏိုင္ငံ ျပင္ပထြက္ခြာခြင့္ အတြက္ ခြင့္ျပဳခ်က္ထုတ္ေပးရန္ ထိုင္းအစိုးရကို ဖိအားေပးရမည္ျဖစ္ေၾကာင္း လူအခြင့္အေရးေစာင့္ၾကည့္ေရးအဖြဲ႕ ၏ အာရွေရးရာဒါ႐ိုက္တာျဖစ္သူ ဖီးလ္ေရာဘတ္ဆန္ က ဆိုသည္။

Related news

© 2021. All rights reserved.