သဘာဝအတိုင်းမဟုတ်ဘဲ လူလုပ်ကပ်ရောဂါ ထပ်မံဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း ဘီလျံနာ ဘီလ်ဂိတ် သတိပေး

 780

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၅

အမေရိကန်ဘီလျံနာ သူဋ္ဌေးကြီးဘီလ်ဂိတ်က သြစတြေးလျနိုင်ငံအနေနဲ့ လူအများအပြားထိခိုက်ရဖွယ်ရှိနေတဲ့ လူလုပ်ကပ်ရောဂါတစ်ခုထပ်မံဖြစ်လာမှာကိုကြိုတင်ပြင်ဆင်ထားရမှာဖြစ်ကြောင်း သတိပေးပြောဆိုလိုက်ပါတယ်။

ဘီလျံနာ ဘီလ်ဂိတ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ
Lowy Institute think-tank အဖွဲ့မှာ မိန့်ခွန်းပြောဆိုချိန်အတွင်း အခုလိုမျိုး သတိ ပေးပြောဆိုခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ ၎င်းက နိုင်ငံရေးခေါင်းဆောင်များအနေနဲ့ မတူညီတဲ့ အရာတွေကို ဖြေရှင်းနိုင်ဖို့လိုအပ်ကြောင်း ၊ နောက်ထပ်ဖြစ်လာဖွယ်ရှိနေတဲ့ လူလုပ်ဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ ကပ်ရောဂါအသစ်အတွက် ပြင်ဆင်မှုများကို ပူးပေါင်းလုပ်ဆောင်ဖို့ လိုအပ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဘီလ်ဂိတ်က သြစတြးလျဟာ နောက်ထပ်ကပ်ရောဂါအတွက်ပြင်ဆင်ရမှာဖြစ်ပြီးအဲဒီကပ်ရောဂါဟာ လူလုပ်ဗိုင်းရပ်စ်ကြောင့်ဖြစ်လာဖွယ်ရှိနေခြင်းဖြစ်ကြောင်းဆိုပါတယ်။ ဘီလ်ဂိတ်က ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားချိန်မှာ ကမ္ဘာ့နိုင်ငံများပူးပေါင်းဆောင်ရွက်မှု ကောင်းမွန်ခဲ့ကြောင်း၊ နိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ကပ်ရောဂါနဲ့ပတ်သက်တဲ့ တုံ့ပြန်မှုတွေ ပိုမိုကောင်းမွန်လာဖွယ်ရှိနေကြောင်း ဆိုပါတယ်။

ဘီလ်ဂိတ်က "စီးပွားရေးအရ အမေရိကန်ဒေါ်လာ ၁ဝ ထရီလျံခန့်အထိ ထိခိုက်ဆုံးရှုံးဖွယ်ရှိနေတဲ့ ကပ်ရောဂါအသစ်အတွက် ပြင်ဆင်ရမှာဖြစ်တယ်။ အနာဂတ်မှာဖြစ်လာဖွယ်ရှိတဲ့ ကပ်ရောဂါနဲ့ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းရာမှာ နိုင်ငံတကာအဖွဲ့အစည်းများကြား ပူးပေါင်းဆောင်ရွက်မှု လုပ်ဖို့လိုအပ်တယ်။ ကူးစက်မှုရောဂါတွေခြိမ်းခြောက်မှုရှိလာမယ်ဆိုရင် ကမ္ဘာ့နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်ရမှာဖြစ်တယ်။ ကျွန်တော်တို့ဟာ ဒေသအတွင်း နဲ့ ကိုယ်ရဲ့နိုင်ငံ နှစ်ခုစလုံးမှာ ငါးနှစ်တစ်ကြိမ် ကပ်ရောဂါနဲ့ပတ်သက်ပြီး ပြင်ဆင်မှုတွေလုပ်ဖို့ လိုအပ်တယ်"လို့ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဟာ တရုတ်နိုင်ငံမှာ ၂ဝ၂ဝ ခုနှစ်က စတင်ဖြစ်ပွားခဲ့ပြီးနောက် လက်ရှိအချိန်အထိကမ္ဘာ့ကပ်ရောဂါအဖြစ်ရှိနေဆဲဖြစ်ကြောင်းသိရပါတယ်။

zawgyi version
သဘာဝအတိုင္းမဟုတ္ဘဲ လူလုပ္ကပ္ေရာဂါ ထပ္မံျဖစ္လာႏိုင္ဖြယ္ရွိေနေၾကာင္း ဘီလ်ံနာ ဘီလ္ဂိတ္ သတိေပး
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂၅

အေမရိကန္ဘီလ်ံနာ သူေ႒းႀကီးဘီလ္ဂိတ္က ၾသစေၾတးလ်ႏိုင္ငံအေနနဲ႔ လူအမ်ားအျပားထိခိုက္ရဖြယ္ရွိေနတဲ့ လူလုပ္ကပ္ေရာဂါတစ္ခုထပ္မံျဖစ္လာမွာကိုႀကိဳတင္ျပင္ဆင္ထားရမွာျဖစ္ေၾကာင္း သတိေပးေျပာဆိုလိုက္ပါတယ္။

ဘီလ်ံနာ ဘီလ္ဂိတ္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက ၾသစေၾတးလ်ႏိုင္ငံ ဆစ္ဒနီၿမိဳ႕ရွိ
Lowy Institute think-tank အဖြဲ႕မွာ မိန႔္ခြန္းေျပာဆိုခ်ိန္အတြင္း အခုလိုမ်ိဳး သတိ ေပးေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္းသိရပါတယ္။ ၎က ႏိုင္ငံေရးေခါင္းေဆာင္မ်ားအေနနဲ႔ မတူညီတဲ့ အရာေတြကို ေျဖရွင္းႏိုင္ဖို႔လိုအပ္ေၾကာင္း ၊ ေနာက္ထပ္ျဖစ္လာဖြယ္ရွိေနတဲ့ လူလုပ္ဗိုင္းရပ္စ္နဲ႔ပတ္သက္တဲ့ ကပ္ေရာဂါအသစ္အတြက္ ျပင္ဆင္မႈမ်ားကို ပူးေပါင္းလုပ္ေဆာင္ဖို႔ လိုအပ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ဘီလ္ဂိတ္က ၾသစၾတးလ်ဟာ ေနာက္ထပ္ကပ္ေရာဂါအတြက္ျပင္ဆင္ရမွာျဖစ္ၿပီးအဲဒီကပ္ေရာဂါဟာ လူလုပ္ဗိုင္းရပ္စ္ေၾကာင့္ျဖစ္လာဖြယ္ရွိေနျခင္းျဖစ္ေၾကာင္းဆိုပါတယ္။ ဘီလ္ဂိတ္က ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါျဖစ္ပြားခ်ိန္မွာ ကမာၻ႔ႏိုင္ငံမ်ားပူးေပါင္းေဆာင္႐ြက္မႈ ေကာင္းမြန္ခဲ့ေၾကာင္း၊ ႏိုင္ငံေတြၾကား ပူးေပါင္းေဆာင္႐ြက္မယ္ဆိုရင္ ကပ္ေရာဂါနဲ႔ပတ္သက္တဲ့ တုံ႔ျပန္မႈေတြ ပိုမိုေကာင္းမြန္လာဖြယ္ရွိေနေၾကာင္း ဆိုပါတယ္။

ဘီလ္ဂိတ္က "စီးပြားေရးအရ အေမရိကန္ေဒၚလာ ၁ဝ ထရီလ်ံခန႔္အထိ ထိခိုက္ဆုံးရႈံးဖြယ္ရွိေနတဲ့ ကပ္ေရာဂါအသစ္အတြက္ ျပင္ဆင္ရမွာျဖစ္တယ္။ အနာဂတ္မွာျဖစ္လာဖြယ္ရွိတဲ့ ကပ္ေရာဂါနဲ႔ပတ္သက္ၿပီး ကိုင္တြယ္ေျဖရွင္းရာမွာ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားၾကား ပူးေပါင္းေဆာင္႐ြက္မႈ လုပ္ဖို႔လိုအပ္တယ္။ ကူးစက္မႈေရာဂါေတြၿခိမ္းေျခာက္မႈရွိလာမယ္ဆိုရင္ ကမာၻ႔ႏိုင္ငံမ်ားၾကား ပူးေပါင္းေဆာင္႐ြက္ရမွာျဖစ္တယ္။ ကြၽန္ေတာ္တို႔ဟာ ေဒသအတြင္း နဲ႔ ကိုယ္ရဲ႕ႏိုင္ငံ ႏွစ္ခုစလုံးမွာ ငါးႏွစ္တစ္ႀကိမ္ ကပ္ေရာဂါနဲ႔ပတ္သက္ၿပီး ျပင္ဆင္မႈေတြလုပ္ဖို႔ လိုအပ္တယ္"လို႔ေျပာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါဟာ တ႐ုတ္ႏိုင္ငံမွာ ၂ဝ၂ဝ ခုႏွစ္က စတင္ျဖစ္ပြားခဲ့ၿပီးေနာက္ လက္ရွိအခ်ိန္အထိကမာၻ႔ကပ္ေရာဂါအျဖစ္ရွိေနဆဲျဖစ္ေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.