ရွှေစက်တော်ဘုရားပွဲ လာရောက်မည့်သူများအတွက် တည်းခိုဆောင်အလုံး (၁ဝဝဝ) ဆောက်လုပ်ပေးထားပြီး ညအိမ်တည်းခိုခွင့်ပေးမည်

 1137

ရဲပြည့် (NP News) - ဇန်နဝါရီ ၂၆

မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ရာ ပါဒစေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်အား ဇန်နဝါရီလ ၂၅ ရက်နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးကို တပိုတွဲလဆန်း ၅ ရက် (ဇန်နဝါရီလ ၂၅ ရက်) မှ မြန်မာနှစ်ဆန်းတစ်ရက်(ဧပြီလ ၁၇ ရက်)အထိ (၃)လနီးပါးကြာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ဘုရားဖူးလာသူများအဆင်ပြေစေရန်အတွက် အရှည်ပေ ၁ဝဝ၊ အကျယ် ၁၄ ပေရှိ သံဘောင်ဘေလီအထူးတံတားကိုလည်း ပြင်ဆင်တည်ဆောက်ခဲ့ကြောင်းသိရသည်။

လက်ရှိအချိန်တွင် ရွှေစက်တော်မန်းချောင်းဆင်စခန်း၏ (၄)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကိုလည်း ကျင်းပလျက်ရှိကြောင်း သိရသည်။

မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော် လာရောက်သူများအဆင်ပြေစွာတည်းခိုနေထိုင်နိုင်ရန် ဘုရားပွဲတော်ကျင်းပရေးကော်မတီမှ တည်းခိုဆောင် အလုံး (၁ဝဝဝ) ဆောက်လုပ်ပေးထားပြီး ညအိပ်တည်းခိုခွင့်ပြုထားကြောင်းသိရသည်။

ဘုရားပွဲအတွက် Starex နှင့် Vongo ကားအမျိုးအစား မှန်လုံယာဉ် အစီးရေ (၃ဝ) ဖြင့် ပြေးဆွဲသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း ဇန်နဝါရီလ ၆ ရက်တွင် ထုတ်ပြန်ထားသည်။

အလားတူ ဆိုင်ခန်းပေါင်း(၅ဝဝ)ကိုလည်း ဆောက်လုပ်ပေးထားကြောင်း သိရသည်။

zawgyi version
ေ႐ႊစက္ေတာ္ဘုရားပြဲ လာေရာက္မည့္သူမ်ားအတြက္ တည္းခိုေဆာင္အလုံး (၁ဝဝဝ) ေဆာက္လုပ္ေပးထားၿပီး ညအိမ္တည္းခိုခြင့္ေပးမည္
ရဲျပည့္ (NP News) - ဇန္နဝါရီ ၂၆

မေကြးတိုင္း၊ မင္းဘူး(စကု)ၿမိဳ႕နယ္ရွိ မန္းေ႐ႊစက္ေတာ္ရာ ပါဒေစတီေတာ္၏ ဗုဒၶပူဇနိယပြဲေတာ္အား ဇန္နဝါရီလ ၂၅ ရက္နံနက္ပိုင္းက စတင္ဖြင့္လွစ္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ မန္းေ႐ႊစက္ေတာ္ဘုရားပြဲေတာ္ႀကီးကို တပိုတြဲလဆန္း ၅ ရက္ (ဇန္နဝါရီလ ၂၅ ရက္) မွ ျမန္မာႏွစ္ဆန္းတစ္ရက္(ဧၿပီလ ၁၇ ရက္)အထိ (၃)လနီးပါးၾကာ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

ဘုရားဖူးလာသူမ်ားအဆင္ေျပေစရန္အတြက္ အရွည္ေပ ၁ဝဝ၊ အက်ယ္ ၁၄ ေပရွိ သံေဘာင္ေဘလီအထူးတံတားကိုလည္း ျပင္ဆင္တည္ေဆာက္ခဲ့ေၾကာင္းသိရသည္။

လက္ရွိအခ်ိန္တြင္ ေ႐ႊစက္ေတာ္မန္းေခ်ာင္းဆင္စခန္း၏ (၄)ႏွစ္ျပည့္ အထိမ္းအမွတ္အခမ္းအနားကိုလည္း က်င္းပလ်က္ရွိေၾကာင္း သိရသည္။

မန္းေ႐ႊစက္ေတာ္ဘုရား၏ ဗုဒၶပူဇနိယပြဲေတာ္ လာေရာက္သူမ်ားအဆင္ေျပစြာတည္းခိုေနထိုင္ႏိုင္ရန္ ဘုရားပြဲေတာ္က်င္းပေရးေကာ္မတီမွ တည္းခိုေဆာင္ အလုံး (၁ဝဝဝ) ေဆာက္လုပ္ေပးထားၿပီး ညအိပ္တည္းခိုခြင့္ျပဳထားေၾကာင္းသိရသည္။

ဘုရားပြဲအတြက္ Starex ႏွင့္ Vongo ကားအမ်ိဳးအစား မွန္လုံယာဥ္ အစီးေရ (၃ဝ) ျဖင့္ ေျပးဆြဲသြားမည္ျဖစ္ေၾကာင္း မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ကလည္း ဇန္နဝါရီလ ၆ ရက္တြင္ ထုတ္ျပန္ထားသည္။

အလားတူ ဆိုင္ခန္းေပါင္း(၅ဝဝ)ကိုလည္း ေဆာက္လုပ္ေပးထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.