ရေစကြိုမြို့တွင် ကျောင်းအုပ်ဆရာကြီး အပါအဝင် ဆရာမ(၁ဝ)ဦးအား PDF များက ဖမ်းဆီးခေါ်ဆောင်မှု ဖြစ်ပွား

 1982

NP News - ဇန်နဝါရီ ၂၆

ကျောင်းအုပ်ဆရာကြီး နှင့် ဆရာမ(၉)ဦးအား PDF များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်း ရရှိသည်။

ဖြစ်စဥ်မှာ ယနေ့(ဇန်နဝါရီလ ၂၆ ရက်) ၊ နံနက်(၉)နာရီအချိန်တွင် မကွေးတိုင်း၊ ပခုက္ကခရိုင်၊ ရေစကြိုမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း အဆိုပါဒေသရှိ သတင်းအရင်းအမြစ်တစ်ဦးထံမှသိရသည်။

ရေစကြိုမြို့နယ်၊ မြေခဲတောင်ကျေးရွာရှိ ကျောင်းအုပ်ဆရာကြီး အပါအဝင် ဆရာမ(၉)ဦး စုစုပေါင်း (၁ဝ)ဦးကို PDF အဖွဲ့က ဖမ်းဆီးပြီး မြေခဲတောင် ဆည်တမံသို့ ခေါ်ဆောင်သွားကြောင်း ၎င်းမှဆိုသည်။

အလားတူ ပခုက္ကူခရိုင်၊ ကျောက်တံခါးကျေးရွာမှ ဆရာမများကိုလည်း ထပ်မံဖမ်းဆီးသွားကြောင်း အဆိုပါ သတင်းရင်းမြစ်မှ ဆက်လက်ပြောဆိုထားသည်။

လက်ရှိတွင် ဖမ်းဆီးခံခဲ့ရသူများ၏ အသေးစိတ်အချက်အလက်များကို စုံစမ်းစစ်‌ဆေးမှုများ ဆက် လက်ဆောင်ရွက်နေကြောင်း သိရသည်။

zawgyi version
ေရစႀကိဳၿမိဳ႕တြင္ ေက်ာင္းအုပ္ဆရာႀကီး အပါအဝင္ ဆရာမ(၁ဝ)ဦးအား PDF မ်ားက ဖမ္းဆီးေခၚေဆာင္မႈ ျဖစ္ပြား
NP News - ဇန္နဝါရီ ၂၆

ေက်ာင္းအုပ္ဆရာႀကီး ႏွင့္ ဆရာမ(၉)ဦးအား PDF မ်ားက ဖမ္းဆီးေခၚေဆာင္သြားေၾကာင္း သတင္း ရရွိသည္။

ျဖစ္စဥ္မွာ ယေန႔(ဇန္နဝါရီလ ၂၆ ရက္) ၊ နံနက္(၉)နာရီအခ်ိန္တြင္ မေကြးတိုင္း၊ ပခုကၠခ႐ိုင္၊ ေရစႀကိဳၿမိဳ႕နယ္တြင္ ျဖစ္ပြားခဲ့ေၾကာင္း အဆိုပါေဒသရွိ သတင္းအရင္းအျမစ္တစ္ဦးထံမွသိရသည္။

ေရစႀကိဳၿမိဳ႕နယ္၊ ေျမခဲေတာင္ေက်း႐ြာရွိ ေက်ာင္းအုပ္ဆရာႀကီး အပါအဝင္ ဆရာမ(၉)ဦး စုစုေပါင္း (၁ဝ)ဦးကို PDF အဖြဲ႕က ဖမ္းဆီးၿပီး ေျမခဲေတာင္ ဆည္တမံသို႔ ေခၚေဆာင္သြားေၾကာင္း ၎မွဆိုသည္။

အလားတူ ပခုကၠဴခ႐ိုင္၊ ေက်ာက္တံခါးေက်း႐ြာမွ ဆရာမမ်ားကိုလည္း ထပ္မံဖမ္းဆီးသြားေၾကာင္း အဆိုပါ သတင္းရင္းျမစ္မွ ဆက္လက္ေျပာဆိုထားသည္။

လက္ရွိတြင္ ဖမ္းဆီးခံခဲ့ရသူမ်ား၏ အေသးစိတ္အခ်က္အလက္မ်ားကို စုံစမ္းစစ္‌ေဆးမႈမ်ား ဆက္ လက္ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.