ကမ္ဘာ့အသက်အကြီးဆုံး လူသားအဖြစ် စပိန်နိုင်ငံသူအဘွားအို သတ်မှတ်ခံရ

1266

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၈
အမေရိကန်နိုင်ငံမှာမွေးဖွားတဲ့ စပိန်အမျိုးသမီး ဘရမ်ရက် မိုရီယာဟာ လက်ရှိအချိန်မှာ ကမ္ဘာ့လူသားတွေထဲ အသက်အကြီးဆုံးလူသားအဖြစ် သတ်မှတ်ခံလိုက်ရကြောင်း သိရပါတယ်။
မိုရီယာဟာ လက်ရှိအချိန်မှာ အသက် ၁၁၅ နှစ်အရွယ်ရှိပြီး ကမ္ဘာ့အသက်အကြီးဆုံးလူသားအဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း ကမ္ဘာဂင်းနစ်မှတ်တမ်းအဖွဲ့ Guinness World Records (GWR) က ပြောပါတယ်။
ပြင်သစ် သီလရှင်တစ်ဦးဖြစ်တဲ့ အန်ဒရီဟာ ပြီးခဲ့တဲ့သီတင်းပတ်မှာ အသက် ၁၁၈ နှစ်အရွယ်နဲ့ ကွယ်လွန်သွားခဲ့ပြီး နောက် မိုရီယာဟာ ကမ္ဘာ့အသက်အကြီးဆုံး လူပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံလိုက်ရတာဖြစ်ပါတယ်။ ၎င်းဟာ ကမ္ဘာစစ်နှစ်ခုကို ဖြတ်သန်းခဲ့သူဖြစ်သလို ပြည်တွင်းစစ်ဒဏ်နဲ့ ကမ္ဘာ့ကပ်ရောဂါနှစ်ခုကို ရင်ဆိုင်ခဲ့ရပေမယ့် အသက်ရှင်သန်ခဲ့သူဖြစ်ပါတယ်။
မိုရီယာ ဟာ စပိန်နိုင်ငံ ကာတာလိုနီးယားပြည်နယ်ရှိ ဘိုးဘွားရိပ်သာမှာ နှစ်ပေါင်း ၂ဝ ကျော်ကြာ နေထိုင်ခဲ့သူ လည်းဖြစ်ပါတယ်။ မာရိယာဟာ ၁၉ဝ၇ ခုနှစ်မှာ မွေးဖွားခဲ့ပြီး လာမယ့်မတ်လမှာ အသက် ၁၁၆ နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။
အဘွားအို မာရီယာဟာ သမီးဖြစ်သူအကူအညီနဲ့ ကမ္ဘာကျော်လူမှုကွန်ရက်တွစ်တာကို အသုံးပြုနေသူဖြစ်ကာ followers ထောင်ချီရှိနေပါတယ်။
၎င်းက "ကျွန်မဟာ အသက်အရမ်းကြီးနေပေမယ့် အရူးတစ်ယောက်တော့ မဟုတ်ဘူး။ သူငယ်ပြန်တာမျိုးမရှိပါဘူး" လို့ ပြောပါတယ်။

Zawgyi Version;
ကမာၻ႔အသက္အႀကီးဆုံး လူသားအျဖစ္ စပိန္ႏိုင္ငံသူအဘြားအို သတ္မွတ္ခံရ
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂၈
အေမရိကန္ႏိုင္ငံမွာေမြးဖြားတဲ့ စပိန္အမ်ိဳးသမီး ဘရမ္ရက္ မိုရီယာဟာ လက္ရွိအခ်ိန္မွာ ကမာၻ႔လူသားေတြထဲ အသက္အႀကီးဆုံးလူသားအျဖစ္ သတ္မွတ္ခံလိုက္ရေၾကာင္း သိရပါတယ္။
မိုရီယာဟာ လက္ရွိအခ်ိန္မွာ အသက္ ၁၁၅ ႏွစ္အ႐ြယ္ရွိၿပီး ကမာၻ႔အသက္အႀကီးဆုံးလူသားအျဖစ္ သတ္မွတ္ခဲ့ျခင္း ျဖစ္ေၾကာင္း ကမာၻဂင္းနစ္မွတ္တမ္းအဖြဲ႕ Guinness World Records (GWR) က ေျပာပါတယ္။
ျပင္သစ္ သီလရွင္တစ္ဦးျဖစ္တဲ့ အန္ဒရီဟာ ၿပီးခဲ့တဲ့သီတင္းပတ္မွာ အသက္ ၁၁၈ ႏွစ္အ႐ြယ္နဲ႔ ကြယ္လြန္သြားခဲ့ၿပီး ေနာက္ မိုရီယာဟာ ကမာၻ႔အသက္အႀကီးဆုံး လူပုဂၢိဳလ္အျဖစ္ သတ္မွတ္ခံလိုက္ရတာျဖစ္ပါတယ္။ ၎ဟာ ကမာၻစစ္ႏွစ္ခုကို ျဖတ္သန္းခဲ့သူျဖစ္သလို ျပည္တြင္းစစ္ဒဏ္နဲ႔ ကမာၻ႔ကပ္ေရာဂါႏွစ္ခုကို ရင္ဆိုင္ခဲ့ရေပမယ့္ အသက္ရွင္သန္ခဲ့သူျဖစ္ပါတယ္။
မိုရီယာ ဟာ စပိန္ႏိုင္ငံ ကာတာလိုနီးယားျပည္နယ္ရွိ ဘိုးဘြားရိပ္သာမွာ ႏွစ္ေပါင္း ၂ဝ ေက်ာ္ၾကာ ေနထိုင္ခဲ့သူ လည္းျဖစ္ပါတယ္။ မာရိယာဟာ ၁၉ဝ၇ ခုႏွစ္မွာ ေမြးဖြားခဲ့ၿပီး လာမယ့္မတ္လမွာ အသက္ ၁၁၆ ႏွစ္ျပည့္ေတာ့မွာ ျဖစ္ပါတယ္။
အဘြားအို မာရီယာဟာ သမီးျဖစ္သူအကူအညီနဲ႔ ကမာၻေက်ာ္လူမႈကြန္ရက္တြစ္တာကို အသုံးျပဳေနသူျဖစ္ကာ followers ေထာင္ခ်ီရွိေနပါတယ္။
၎က "ကြၽန္မဟာ အသက္အရမ္းႀကီးေနေပမယ့္ အ႐ူးတစ္ေယာက္ေတာ့ မဟုတ္ဘူး။ သူငယ္ျပန္တာမ်ိဳးမ ရွိပါ ဘူး" လို႔ ေျပာပါတယ္။