ကား(၂)စီးတိုက်မှုဖြစ်ပွားခဲ့ရာ (၂)နှစ်အရွယ်ကလေးတစ်ဦး အပါအဝင် (၅)ဦး ပွဲချင်းပြီး သေဆုံး

1044

NP News - ဇန်နဝါရီ ၂၈
မွန်ပြည်နယ်၊ သံဖြူဇရပ်- ရေး လမ်းမကြီးတွင် ကား(၂)စီး ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီလ(၂၇)ရက်၊ ည(၆)နာရီခွဲအချိန်တွင် သံဖြူဇရပ်- ရေးလမ်းမကြီးရှိ ကနင်ကမော့ရွာနှင့် အောင်သာယာရွာကြားတွင် ဖြစ်ပွားခဲ့ကြောင်း ရွှေဟင်္သာလူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။
အဆိုပါဖြစ်စဉ်မှာ သံဖြူဇရပ်- ရေးကားလမ်းမကြီးတွင် probox ကားနှင့် Express ကားတို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ဖြစ်တာကတော့ ဘယ်အချိန်ထဲက ဖြစ်နေတာလဲတော့မသိပါဘူး။ အဲဒီလမ်းက လူသွားလူလာလည်း နည်းတယ်လေ။ ကျွန်တော်တို့ကို ဖုန်းဆက်လို့သွားကူတော့ probox မှာပါလာတဲ့သူ အကုန်လုံးညပ်ပြီးတော့ ပွဲချင်းပြီးဆုံးနေကြပါပြီ။ ဟိုဘက်ကားကတော့ ဘာမှမဖြစ်ပါဘူး။ နည်းနည်း ဒဏ်ရာ ရတာလောက်ပဲရှိပါတယ်” ဟု ရွှေဟင်္သာလူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် probox ကားပေါ်တွင်လိုက်ပါလာသည့် (၂)နှစ်အရွယ် မိန်းကလေးတစ်ဦးအပါအဝင် အမျိုးသမီး(၃)ဦးနှင့် အမျိုးသား(၂)ဦး စုစုပေါင်း(၅)ဦးတို့မှာ အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့ပြီး ၎င်းတို့အား ရွှေဟင်္သာလူမှုကူညီရေးအဖွဲ့မှ လမိုင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အလားတူ Express ခရီးသည်တင်ကားပေါ်တွင်လည်း ခရီးသည်(၈)ဦးခန့်လိုက်ပါလာပြီး ယာဉ်တိုက်မှုကြောင့် ၎င်းတို့တွင် ထိခိုက်ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် သေဆုံးသူများ၏ မိသားစုများနှင့်အဆက်အသွယ် ရရှိပြီဖြစ်ပြီး ၎င်းတို့သည် တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် နေထိုင်သူများ ဖြစ်ကြောင်း သိရသည်။
အလားတူ ဇန်နဝါရီလ(၂၇)ရက်၊ ညပိုင်းကလည်း ရန်ကုန်မြို့၊ ဝေဇယန္တာလမ်းမကြီးတွင် ယာဉ်(၅)စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာ ရရှိသူအချို့ ရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် အဆိုပါညပိုင်း၌ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်ရှိ မင်းဓမ္မလမ်းတွင်လည်း ယာဉ်တိုက်မှုထပ်မံဖြစ်ပွားခဲ့ပြီး (၁)ဦးသေဆုံးခဲ့ကြောင်း သိရသည်။

zawgyi version
ကား(၂)စီးတိုက္မႈျဖစ္ပြားခဲ့ရာ (၂)ႏွစ္အ႐ြယ္ကေလးတစ္ဦး အပါအဝင္ (၅)ဦး ပြဲခ်င္းၿပီး ေသဆုံး
NP News - ဇန္နဝါရီ ၂၈
မြန္ျပည္နယ္၊ သံျဖဴဇရပ္- ေရး လမ္းမႀကီးတြင္ ကား(၂)စီး ယာဥ္တိုက္မႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ဇန္နဝါရီလ(၂၇)ရက္၊ ည(၆)နာရီခြဲအခ်ိန္တြင္ သံျဖဴဇရပ္- ေရးလမ္းမႀကီးရွိ ကနင္ကေမာ့႐ြာႏွင့္ ေအာင္သာယာ႐ြာၾကားတြင္ ျဖစ္ပြားခဲ့ေၾကာင္း ေ႐ႊဟသၤာလူမႈကူညီေရးအဖြဲ႕ထံမွ သိရသည္။
အဆိုပါျဖစ္စဥ္မွာ သံျဖဴဇရပ္- ေရးကားလမ္းမႀကီးတြင္ probox ကားႏွင့္ Express ကားတို႔ ယာဥ္တိုက္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
“ျဖစ္တာကေတာ့ ဘယ္အခ်ိန္ထဲက ျဖစ္ေနတာလဲေတာ့မသိပါဘူး။ အဲဒီလမ္းက လူသြားလူလာလည္း နည္းတယ္ေလ။ ကြၽန္ေတာ္တို႔ကို ဖုန္းဆက္လို႔သြားကူေတာ့ probox မွာပါလာတဲ့သူ အကုန္လုံးညပ္ၿပီးေတာ့ ပြဲခ်င္းၿပီးဆုံးေနၾကပါၿပီ။ ဟိုဘက္ကားကေတာ့ ဘာမွမျဖစ္ပါဘူး။ နည္းနည္း ဒဏ္ရာ ရတာေလာက္ပဲရွိပါတယ္” ဟု ေ႐ႊဟသၤာလူမႈကူညီေရးအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါယာဥ္တိုက္မႈေၾကာင့္ probox ကားေပၚတြင္လိုက္ပါလာသည့္ (၂)ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦးအပါအဝင္ အမ်ိဳးသမီး(၃)ဦးႏွင့္ အမ်ိဳးသား(၂)ဦး စုစုေပါင္း(၅)ဦးတို႔မွာ အခင္းျဖစ္ရာေနရာတြင္ ေသဆုံးခဲ့ၿပီး ၎တို႔အား ေ႐ႊဟသၤာလူမႈကူညီေရးအဖြဲ႕မွ လမိုင္းေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
အလားတူ Express ခရီးသည္တင္ကားေပၚတြင္လည္း ခရီးသည္(၈)ဦးခန႔္လိုက္ပါလာၿပီး ယာဥ္တိုက္မႈေၾကာင့္ ၎တို႔တြင္ ထိခိုက္ဒဏ္ရာအနည္းငယ္သာ ရရွိခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ေသဆုံးသူမ်ား၏ မိသားစုမ်ားႏွင့္အဆက္အသြယ္ ရရွိၿပီျဖစ္ၿပီး ၎တို႔သည္ တနသၤာရီတိုင္း၊ ေရျဖဴၿမိဳ႕နယ္တြင္ ေနထိုင္သူမ်ား ျဖစ္ေၾကာင္း သိရသည္။
အလားတူ ဇန္နဝါရီလ(၂၇)ရက္၊ ညပိုင္းကလည္း ရန္ကုန္ၿမိဳ႕၊ ေဝဇယႏၲာလမ္းမႀကီးတြင္ ယာဥ္(၅)စီးဆင့္တိုက္မႈျဖစ္ပြားခဲ့ရာ ထိခိုက္ဒဏ္ရာ ရရွိသူအခ်ိဳ႕ ရွိခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ အဆိုပါညပိုင္း၌ ရန္ကုန္တိုင္း၊ လႈိင္ၿမိဳ႕နယ္ရွိ မင္းဓမၼလမ္းတြင္လည္း ယာဥ္တိုက္မႈထပ္မံျဖစ္ပြားခဲ့ၿပီး (၁)ဦးေသဆုံးခဲ့ေၾကာင္း သိရသည္။