လာမည့် ဖေဖော်ဝါရီလအတွင်း ရန်ကုန် အပါအဝင် ဒေသအချို့၌ အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ဟု မိုးဇလ သတိပေး

 571

ယွန်း (NP News) - ဇန်နဝါရီ ၂၈

လာမည့် ဖေဖော်ဝါရီလအတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်‌တို့တွင် လေဖိအားနည်းရပ်ဝန်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဆိုထားသည်။

မိုးလေဝသနှင့် ‌ဇလဗေဒညွှန်ကြားမှုဦးစီးဌာနပ ယနေ့ (ဇန်နဝါရီလ ၂၈ ရက်) နံနက်ပိုင်းတွင် အထက်ပါကဲ့သို့ အသိပေး ထုတ်ပြန်ထားခြင်းဖြစ်သည်။

ဖေဖော်ဝါရီလအတွင်း မိုးရွာသွန်းမှု အနေဖြင့်တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဖေ‌ဖော်ဝါရီလ(၄)ရက်မှ (၇)ရက်အတွင်း မိုးထစ်ချုန်းရွာ သွန်းနိုင်ကြောင်း သိရသည်။

အလားတူ ရန်ကုန် အပါအဝင် နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ဧရာဝတီ၊ ရှမ်း၊ ချင်း၊ ရခိုင်နှင့် ကယားတို့တွင်လည်း ဖေဖော်ဝါရီလ(၁) ရက်မှ (၃)ရက်အတွင်း မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း မိုးဇလမှ ခန့်မှန်းထားသည်။

ညအပူချိန်များအနေဖြင့် ဖေဖော်ဝါရီလအတွင်း ရှမ်းပြည် (မြောက်ပိုင်း)တွင် ပျမ်းမျှအပူချိန်၏ (၁ ဒသမ ၅)ဒီဂရီစင်တီဂရိတ်ထက် ပိုနိုင်ကြောင်း သိရသည်။

ထို့ပြင် ယနေ့(ဇန်နဝါရီလ ၂၈ ရက်)၊ နံနက်(၅)နာရီခွဲ အချိန်တိုင်းထွာချက်များအရ ဘဂ်လားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပြီး အဆိုပါလေဖိအားနည်းရပ်ဝန်းသည် မြန်မာ နိုင်ငံသို့ ဝင်ရောက်မည့်အခြေအနေမရှိကြောင်း မိုးဇလမှ ဆိုသည်။

zawgyi version
လာမည့္ ေဖေဖာ္ဝါရီလအတြင္း ရန္ကုန္ အပါအဝင္ ေဒသအခ်ိဳ႕၌ အခ်ိန္အခါမဟုတ္ မိုး႐ြာသြန္းႏိုင္ဟု မိုးဇလ သတိေပး
ယြန္း (NP News) - ဇန္နဝါရီ ၂၈

လာမည့္ ေဖေဖာ္ဝါရီလအတြင္း ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္‌တို႔တြင္ ေလဖိအားနည္းရပ္ဝန္း (၁)ႀကိမ္ ျဖစ္ေပၚႏိုင္ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ ဆိုထားသည္။

မိုးေလဝသႏွင့္ ‌ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနပ ယေန႔ (ဇန္နဝါရီလ ၂၈ ရက္) နံနက္ပိုင္းတြင္ အထက္ပါကဲ့သို႔ အသိေပး ထုတ္ျပန္ထားျခင္းျဖစ္သည္။

ေဖေဖာ္ဝါရီလအတြင္း မိုး႐ြာသြန္းမႈ အေနျဖင့္တနသၤာရီ တိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေဖ‌ေဖာ္ဝါရီလ(၄)ရက္မွ (၇)ရက္အတြင္း မိုးထစ္ခ်ဳန္း႐ြာ သြန္းႏိုင္ေၾကာင္း သိရသည္။

အလားတူ ရန္ကုန္ အပါအဝင္ ေနျပည္ေတာ္၊ စစ္ကိုင္း၊ မႏၲေလး၊ မေကြး၊ ပဲခူး၊ ဧရာဝတီ၊ ရွမ္း၊ ခ်င္း၊ ရခိုင္ႏွင့္ ကယားတို႔တြင္လည္း ေဖေဖာ္ဝါရီလ(၁) ရက္မွ (၃)ရက္အတြင္း မိုးထစ္ခ်ဳန္း႐ြာသြန္းႏိုင္ေၾကာင္း မိုးဇလမွ ခန႔္မွန္းထားသည္။

ညအပူခ်ိန္မ်ားအေနျဖင့္ ေဖေဖာ္ဝါရီလအတြင္း ရွမ္းျပည္ (ေျမာက္ပိုင္း)တြင္ ပ်မ္းမွ်အပူခ်ိန္၏ (၁ ဒသမ ၅)ဒီဂရီစင္တီဂရိတ္ထက္ ပိုႏိုင္ေၾကာင္း သိရသည္။

ထို႔ျပင္ ယေန႔(ဇန္နဝါရီလ ၂၈ ရက္)၊ နံနက္(၅)နာရီခြဲ အခ်ိန္တိုင္းထြာခ်က္မ်ားအရ ဘဂ္လားပင္လယ္ေအာ္ အေရွ႕ေတာင္ပိုင္းတြင္ ေလဖိအားနည္းရပ္ဝန္းတစ္ခု ျဖစ္ေပၚေနၿပီး အဆိုပါေလဖိအားနည္းရပ္ဝန္းသည္ ျမန္မာ ႏိုင္ငံသို႔ ဝင္ေရာက္မည့္အေျခအေနမရွိေၾကာင္း မိုးဇလမွ ဆိုသည္။

Related news

© 2021. All rights reserved.